အကျဉ်းသား (၃) ဦး ၏ စအိုအတွင်း မှ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ

အကျဉ်းသား (၃) ဦး ၏ စအိုအတွင်း မှ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ

ကသာ အကျဉ်းထောင်တွင် လယ်ဘုတ်မှ ပြန်လာသော အကျဉ်းသားများအား စစ်ဆေးရှာဖွေရာ မှ စအိုအတွင်းဝှက်၍ ယူလာတဲ့ မူးယစ်ဆေးဝါးတွေကို ၂၆.၅.၂၀၂၀ ရက်နေ့ ညနေ ၅း၃၀ နာရီ ခန့် က ဖမ်းဆီးရမိခဲ့ပါတယ် ။

ပုဒ်မ ၃၈၀ ဖောက်ထွင်းမှုဖြင့် ကသာအကျဉ်းထောင် တွင် ထောင်ဒဏ် ၁ နှစ် ကျခံနေရတဲ့ ဝန်းသိုမြို့နယ် သရက်ကုန်းကျေးရွာနေ ဝင်းမောင် ဆိုသူရဲ့ စအိုအတွင်းမှ အုန်းဆီဘူးနဲ့ ထည့်၍ယူလာတဲ့ WY စိတ်ကြွ ဆေးပြား ၃၅၀ ပြား ဖမ်းမိခဲ့ပါတယ် ။

ပုဒ်မ ၃၇၉ ခိုးမှု ဖြင့် ကသာအကျဉ်းထောင် တွင် ထောင်ဒဏ် ၁ နှစ်ကျခံနေရတဲ့ ထီးချ ိုင့်မြို့နယ် ဥယျာဉ်စု ကျေးရွာနေ နေမင်းအောင် (ခ) နေစန်း (ခ) နေစန်းအောင်ရဲ့ စအိုအတွင်းမှ အုန်းဆီဘူးနဲ့ ထည့်ယူလာတဲ့ MY စာတန်းပါ စိတ်ကြွဆေးပြား ၁၂၀ ပြား ဖမ်းမိခဲ့ပါတယ် ။

ဒါ့အပြင် မှုးစိတ်ပုဒ်မ ၁၉ (က) ဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျ ခံနေရတဲ့ ကသာမြို့နယ် လမ်းဂွ ကျေးရွာနေ အောင်ဝင်း (ခ) အာလူး ထံမှ အုန်းဆီဘူးအတွင်းထည့်ယူလာတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင် ၂ ဂရမ်ခန့် ဖမ်ူမိခဲ့ပါတယ် ။

အဆိုပါ မူးယစ်ဆေးဝါးများအား မူးယစ် ၁၆ (ဂ) ဖြင့် ထောင်ဒဏ်ကိခံခဲ့ပြီး ဧပြီ လ ၂၀ ရက်နေ့ က သမ္မတ၏ လွတ်ငြိမ်း ချမ်းသာဖြင့် ထောင်မှ လွတ်မြောက်လာသူ ကသာမြို့ ပတ္တမြား ရပ်ကွက် အပိုင်း (၄) မှာနေထိုင်တဲ့ သီဟ (ခ) သီဟစိုး မှ ငွေ (၅) သောင်းကျပ်ဖြင့် အောင်ဝင်း (ခ) အာလူးထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

ငွေ (၅) သောင်းကျပ်နဲ့ ပို့ဆောင်ခိုင်းစေခဲ့သူဟာ မည်သူ မည်ဝါ ဖြစ်တယ် ဆိုတာကိုတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ မူးယသ်ဆေးဝါး ပေးပို့သူ ကွင်းဆက် တရားခံ သီဟ (ခ) သီဟစိုး ကို မမ်းမိမယ် ဆိုရင်တော့ နောက်ကွယ်က လက်မဲကြီးကို ဖော်ထုတ်နိုင်လိမ့်မယ် ထင်ပါတယ် ။

နောက်တစ်ချက် က လယ်ဘုတ်မှာ အလုပ်လုပ်နေတဲ့ အကျဉ်းသားတွေကို ကွပ်ကဲ စောင့်ကြပ်ဖို့ ၂၆ ရက်နေ့ က တာဝန်ကျ သူဆတွ က ဘယ်သူပါလဲ ။ လယ်ဘုတ်မှာ မူးယစ် ဆေးဝါး အပေးအယူ လုပ်နေတဲ့ ကိစ္စ လုံးဝကို မသိဘူးတဲ့လား ။ ဒါမှမဟုတ် အစောင့် အကြပ် မပါပဲ အကျဉ်းသား တွေကို လွတ်ထားခဲ့တာလား မေးခွန်းထုတ်စရာတွေ ရှိနေပါတယ် ။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝန်းသိုမြို့နယ် သရက် ကုန်းကျေးရွာနေ ဝင်းမောင်၊ ထီးချ ိုင့် မြို့နယ် ဥယျာဉ်စုကျေးရွာနေ နေမင်းအောင် (ခ) နေစန်း၊ ကသာမြို့နယ် လမ်းဂွကျေးရွာနေ အောင်ဝင်း (ခ) အာလူး၊ ကသာမြို့ ပတ္တမြား ရပ်ကွက် အပိုင်း (၄) နေ ကွင်းဆက်တရားခံ သီဟ (ခ) သီဟစိုးတို့ (၄) ဦးကို ကသာမြို့ မ ရဲ စခန်း မှ မူးယစ်ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မများအရ အမှုဖွင့် အရေးယူထားတယ် လို့ သိရပါတယ် ။

မြင့်လွင်

Add a Comment

Your email address will not be published. Required fields are marked *

fourteen + seven =