နှလုံးသား ဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေ ဖူးပွင့်လာမှာပါ ဆိုတဲ့ နန်းစုရတီစိုး

နှလုံးသား ဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေ ဖူးပွင့်လာမှာပါ ဆိုတဲ့ နန်းစုရတီစိုး

နန်းစုရတီစိုး ကတော့ အသက်နဲ့ မလိုက်အောင်လှရက်လွန်းတဲ့ မင်းသမီး တစ်လက်လို့ ဆိုရမှာပါ။ ဖက်ရှင်ကျကျဝတ်စားတတ်သလို နုပျိုနေတဲ့အလှတရားတွေကြောင့်လည်း ပြောစမှတ်တွင်ရတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဆယ်ကျော်သက်လေး တစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့အလှတရားတွေနဲ့ အမိုက်စားဓာတ်ပုံတွေကို ပရိသတ်ကိုမျှဝေလိုက်ပါတယ်။ ဒါ့အပြင် “အေးစက်တဲ့လေပြေတွေတိုက်ခတ်ပြီးရင် နွေဦးရောက်လာမှာပါ…လှပတဲ့ပန်းလေးတွေ ထပ်ပွင့်လာမှာပါ…ငါ့နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေ ဖူးပွင့်လာမှာပါ”ဆိုတဲ့ စာသားလေး ကိုလည်း ရေးသားထားပါသေးတယ်။

နန်းစုကတော့ အဆိုတော်G Fatt နဲ့ စုံတွဲတွေအဖြစ် လူသိ ရှင်ကြားဆက်ဆံရေးကနေ တစ်ခန်းရပ် သွားတာလည်း မကြာသေးပါဘူး။နန်းစုရဲ့ကဗျာဆန်ဆန်စာသားတွေကတော့ ပရိသတ်တွေကို သို့လောသို့လောထင်စေတာလည်း ဖြစ်ပါတယ်။ အရမ်းလှနေတဲ့အပျိုကြီး မမနန်းစုတစ်ယောက် နှလုံးသားတွေနွေးထွေးပြီး ပန်းတွေပွင့်စေဖို့ အကြောင်းတွေများ ရှိနေပြီလားနော်….

Credit Celegabar
Source : NansuYatiSoe

Add a Comment

Your email address will not be published.

seventeen − 10 =