အကျဆုံး များလာတဲ့ ဆရာဝန်များ နှင့် တလွဲနေရာ များမှာ ဉာဏ်ကောင်း လွန်းတဲ့ ကူးစက်လူနာများ




source- kyaw kyaw Sai

unicode

မဟုတ်တဲ့ နေရာမှာ ဉာဏ်ကောင်း လွန်းတဲ့ ကူးစက်လူနာ တွေနဲ့ အကျဆုံး များလာတဲ့ ဆရာဝန်များ.. ဆေးခန်း ထိုင်တဲ့ ဆရာဝန်တွေ အတော် တိုက်ပွဲကျ နေတယ် ကြားတယ်။ ဘာလဲ တိုက်ပွဲ ကျ ဆို တာ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့မှု ရှိလို့ Q ဝင် ပြီး ဆေးခန်း လော့ဒေါင်း ချခံရတာကို ပြောတာ။ ပိုးတွေ့ လူနာတွေကလဲ အချို့လူတွေကဆို ဘယ် လောက် အထိ ဂျင်းထည့်လဲဆို ဖျားရင် ဆေးခန်းထဲ အဝင်မခံမှာ စိုးလို့ ဆေးခန်း လာခါနီးကို ပါရာစီတမော သောက်လာ သတဲ့။

အဲ့ဒီလိုဆို တော့ ကြိုက်သလောက် အဖျားတိုင်း အဖျားမရှိ ဘူးပဲ။ မဟုတ်တဲ့ နေရာမှာ သောက်တလွဲ ဉာဏ်ကောင်းချက်။ တစ်ချို့ဆို တစ်မြို့လုံးက ဆေးခန်းတွေ ပတ်ပြလား မှတ်ရတယ် တစ်နေရာမှာ တစ်ရက် မပျောက် နောက်ဆေးခန်း ပြောင်း ဒါမျိုး။ အဲ့မှာ အများကြီး တန်းစီထိရော။ မြန်မာ့ဆေ ကောင်စီက ထုတ်ပြန် ထားတာ PPE အဆင့် ၂ ဝတ်ထားပြီးကုရင် Q ဝင်စရာမလို ဘူးဆိုလား။ ဆရာဝန် တွေ အဲ့အတိုင်း လိုက်နာပြီး ကုကြတာပဲ။ အဲ့ဒါကို တိုင်းကျန်းမာရေးက မရဘူးဆိုပြီး ထိတွေ့မှု ရှိသမျှ အကုန် Q ထည့်သတဲ့။

ဆေးခန်း ထိုင်တဲ့ ဆရာဝန် တွေခင်ဗျာ ဘယ်လိုမှကို ရှင်းပြလို့မရ ဘူးဆိုပဲ။ သွားလေရော Q ထဲ ပိတ်လေရော့ ဟဲ့ဆေးခန်း။ ဆေးကုပေး ရမယ့်သူတွေပါ အကုန် Q ထဲဆွဲထည့် နေတော့ အပြင်မှာ တခြားရောဂါနဲ့ လူနာတွေ ဘယ်နှယ့် လုပ်ကြမတုန်း။

source- kyaw kyaw Sai

Add a Comment

Your email address will not be published. Required fields are marked *

two + eighteen =