




unicode

မြင်နေကျပုံစံတွေ နဲ့ မတူဘဲ မိန်းကလေးဆန်ဆန်ဖက်ရှင်လေးနဲ့ အခါခါ ကြည့်ချင်မိအောင် ချစ်စရာကောင်းနေတဲ့ ပိုပို

ပိုပို ရဲ့ တေးသီချင်းလေးတွေဟာဆိုရင် အေးအေးလေးတွေပဲဖြစ်ပြီး လူငယ်တွေကြား မှာ ယနေ့အချိန်ထိ ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းတွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တစ်နေ့ထက်တစ်နေ့ အလှတွေ ပိုတိုးလာတဲ့ ပိုပိုက ပုရိသတွေကြားမှာ အရမ်းကို ရေပန်းစားလူကြိုက်များနေသူလေးလည်း ဖြစ်ပါတယ်။

ပိုပိုကတော့ အလုပ်တွေကြိုးစားသလို အလှူတန်းတွေမှာလည်း တက်နိုင်သမျှ ပါဝင်လှူဒါန်းပေးကာ ဘာသာရေးမှာ အထူးကိုင်းရှိုင်းတတ်သူပဲဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုသာမက ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။မ ကြာခင်ကမှ ပိုပိုကခရီးတွေထွက်နေတာဖြစ်ပြီး ခရီးသွားအမှတ်တရ ပုံလေးတွေကို ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

ပိုပိုက သူမရဲ့ပရိသတ်တွေအတွက် သီချင်းလေးတွေ အပြင် အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကိုပါ မျှဝေပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။လတ်တလောမှာလည်း မြင်နေကျပုံစံလေးတွေနဲ့ မတူဘဲ မိန်းကလေးဆန်ဆန်လေး ဝတ်ကာ ချစ်စရာကောင်းလွန်းနေတဲ့ ပုံလေးတွေကို သူရဲ့ အကောင့်မှာ ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ် ။ပုံလေးထဲမှာ ပိုပိုတစ်ယောက် ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source : ဝတ်ရည်မိုး Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

12 − ten =