လိုအပ်သူတွေ သိရအောင် …ကျေးဇူးပြုပြီး Share ပေးကြပါနော်

အသက် ၆၅ နှစ် နဲ့အထက် အဖိုးအဖွားများနှင့် Single Mother လေးတွေ အတွက် ၅ ပြည်ဝင် ဆန်အိတ် လှူဒါန်းပေးမည့် Lady Grace Diamond Land ရတနာဆိုင် မိသားစု

လိုအပ်သူတွေ သိရအောင် …ကျေးဇူးပြုပြီး Share ပေးကြပါနော် 🙏🙏🙏 အခု လို စီးပွားရေးတွေ ကြပ်တည်းနေတဲ့ COVID-19 ကာလမှာ …

အစားအသောက် အတွက်တောင် ကြပ်တည်းနေကြရှာတဲ့ …

👉 စောင့်ရှောက်သူမရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက် အဖိုးအဖွားသက်ကြီးရွယ်အိုတွေနဲ့ …

👉 အသက်တစ်နှစ်အောက်ကလေးငယ်မွေးထားတဲ့ … စောင့်ရှောက်သူအမျိုးသားမရှိတော့တဲ့ Single Mother လေးတွေအတွက် …

ကျွန်မတို့ Lady Grace Diamond Land ရတနာဆိုင်မိသားစုကနေ …

၅ ပြည်ဝင် ဆန်အိတ် အသေးတစ်အိတ်စီလှူဒါန်းပါမယ်ရှင် 🙏🙏🙏

👍 အသက် ၆၅ နှစ်နဲ့ အထက် အဖိုးအဖွားရှိတဲ့ အိမ်ထောင်စုဆိုရင် သန်းခေါင်စာရင်းမူရင်း (သို့မဟုတ်) အသက်(၆၅) နှစ်နဲ့ အထက် အဖိုးအဖွား ရှိကြောင်း ရပ်ကွက်ထောက်ခံ စာယူလာပြီး ဆန်အိတ် ထုတ်ယူလို့ရပါတယ်

👍 အသက် တစ်နှစ်အောက် ကလေးငယ်ရှိတဲ့ Single Mother လေးတွေအနေ နဲ့ ကလေးမွေးစာရင်း မူရင်းယူလာပြီး လာထုတ်နိုင်ပါတယ်ရှင့် …

ကိုယ်တိုင် လာယူဖို့အခက်အခဲရှိရင် … အပေါ်မှာရေးပြထားတဲ့ သန်းခေါင်စာရင်း / မွေးစာရင်း ယူလာပြီး အဆင်ပြေတဲ့သူတစ်ယောက်ယောက် လာထုတ်ပေးလို့လည်း ရပါတယ်ရှင့် …

ပို့ပေးဖို့တော့ အဆင်မပြေလို့ပါနော်

မနကဖြှနကြစပှီး မနကြ ၁၀း၀၀ ကနေ ညနေ ၅း၀၀ ကှား လာယူလို့ရပါတယြ …

အလှူခံတဲ့သူများ.မများမသိတာကြောင့် မလာ ခင် ဆန်ကျန်သေးလားဆိုတာ မေးကြည့်ချင်ရင်

09788995000… 09788996000 ဖုန်းတွေကို ဆက်မေးလို့ ရပါတယ်ရှင့်

(အလှူခံသူများလို့ ဆန်အိတ်တွေကုန်သွားရင် . လာပြီးမှ မရလိုက်ဘဲ မောတာပဲ အဖတ်တင်မှာစိုးလို့ပါ) လူစု လူဝေးမဖြစ်ရအောင် . မလာခင် ဖုန်းလေးတွေ ကြိုဆက်ပေးဖို့လည်း မေတ္တာရပ်ခံပါရစေ 🙏🙏🙏 လာတဲ့အချိန် လူများနေရင်လည်း ၆ ပေ ခွာပြီးနေပေးကြပါနော်🙏🙏🙏 ကျန်းမာရေးအရ Messenger က အမြဲမကြည့်ဖြစ်တာကြောင့် messenger ကနေ စာပို့ရင်တော့ မဖတ်ဖြစ်လို့ပါ 🙏🙏🙏

အခုလိုလှူပေးတာက Covid-19 ကာလမှာ လိုအပ်ရင် …

သက်ကြီးရွယ်အိုတွေ နဲ့ စောင့်ရှောက်သူ ခင်ပွန်းသည်မရှိတဲ့ နို့တိုက်မိခင်တွေ တခဏတာ အခက်အခဲလေး ပြေလည်စေချင်ရုံပါ… ဆန် ၅ ပြည် ဆိုတာ သိပ်မများပေမယ့် … လူတစ်ယောက်တည်းအတွက်ဆိုရင် … (၂၀) ရက်ကနေ (၂၅) ရက်လောက် ကောင်းကောင်း စားလို့ရပါတယ် … ဒီအလှူက …ကျွန်မတို့ မိသားစုလေးဖြစ်တဲ့…

ကိုဇော်မျိုးဦး + မနန်းတင်မိုးသ သား မောင်သီသထွဋ် မိသားစုရဲ့အလှူပါ🙏🙏🙏

လောလောဆယ်မှာ ဆန်အိတ်ပေါင်း ၃၀၀ တိတိလှူသွားပါမယ်ရှင့် … ကျွန်မတို့မိသားစု ရဲ့ တတ်နိုင်သလောက်အလှူလေးပါ …🙏🙏🙏 ကုန်သွားလို့ ထပ်လှူနိုင်ရင်လည်း လှူပါ့မယ် …

ဆန်အိတ် (၃၀၀) ဆိုတာ တကယ်တမ်းဆို ဘာမှ မများတဲ့ပမာဏမို့ … လောလောဆယ်က အိုမင်းမစွမ်းတဲ့ အဖိုးအဖွားတွေနဲ့ ချို့တဲ့ဆင်းရဲတဲ့ နို့တိုက်မိခင်တွေကို ဦးစားပေးပြီးလှူတာပါ တတ်နိုင်တဲ့သူတွေနဲ့ စောင့်ရှောက်နိုင်တဲ့သားသမီးရှိတဲ့အဖိုးအဖွားတွေနဲ့ . ချို့တဲ့နွမ်းပါးတဲ့ နို့တိုက်မိခင် Single Mother မဟုတ်တဲ့သူတွေ လာမယူဖို့တော့ ကြိုမေတ္တာ ရပ်ခံပါရစေရှင် 🙏🙏🙏 အရမ်းမလိုအပ်ရင် မယူပါနဲ့နော် … တကယ် လိုအပ်တဲ့သူတွေကို ဦးစားပေးစေချင်ပါတယ် 🙏🙏🙏

ဆန်လာယူရမယ့်လိပ်စာကတော့ …

အမှတ် -၈၄ စီ . Golden Royal Sayarsan Condo . ဆရာစံလမ်းသွယ် (ပြည်ထဲရေးရုံး ဂိတ်ရှေ့တည့်တည့်လမ်း) . ဆရာစံလမ်း Max ဆီဆိုင်အနီး . ဗဟန်းမြို့နယ် (ရန်ကင်းစင်တာအနီး) . ဂွတ္တလစ်ဈေးကွေ့မှတ်တိုင်တွင်ဆင်းရပါမယ်ရှင့် တကယ်လို့များ … ကျွန်မတို့နဲ့အတူ အားဖြည့် ပါဝင်လှူဒါန်းချင်တယ်ဆိုရင်လည်း … ၃၀၀၀ ကျပ် ကနေ စပြီး ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင့် …🙏🙏🙏

ပါဝင်လှူဒါန်း လိုသူများအနေနဲ့ …

Daw Nang Tin Moe Thu အမည်ဖြင့် Account များ

KBZ – 021 5010 4200 822 701

AYA – 0080 2010 1010 1273

CB. – 0086 6001 0013 4066

******
Wave Money – 09788992000

KPay – Izali Myo 09775050917

တို့ကို ပေးပို့ လှူဒါန်းပေးပါနော် 🙏🏻🙏🏻🙏🏻

Wave Money က password မလိုပါဘူး …

လှူထားတာလေးကို Comment မှာ SS လေးပို့ပေးကြပါနော် 🙏🏻🙏🏻🙏🏻

တခြား ကုသိုလ်ပါဝင် တဲ့သူတွေရှိရင် အစားအသောက်ကအစ အခက်အခဲဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ နဲ့ နို့တိုက်မိခင်တွေ ကို ပိုလှူနိုင်မှာမို့ပါ 🙏🙏

Add a Comment

Your email address will not be published. Required fields are marked *

four × one =