ကမ္ဘာ မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် (၅) ရက်ဆက် သေဆုံးမှု အများဆုံးဖြစ် လာတဲ့ ဘရာဇီးနိုင်ငံ

ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် (၅) ရက်ဆက် သေဆုံးမှု အများဆုံးဖြစ်လာတဲ့ ဘရာဇီးနိုင်ငံ အခြေအနေ…

ဘရာဇီးနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် မေလ ၂၆ ရက်နေ့က ၂၄ နာရီ အတွင်း သေဆုံးသူ ၁,၀၃၉ ဦးရှိကြောင်း ထုတ်ပြန်ရာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် (၅) ရက်ဆက် သေဆုံးသူ အမြင့်ဆုံးဖြစ်လာခဲ့သည်ဟု ဘရာဇီးနိုင်ငံက ကြေညာခဲ့သည်။

ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားရာ ဗဟိုချက်ဖြစ်လာတာကိုတွေ့ရပြီး သေဆုံးမှု မှာလည်း အမေရိကန်နိုင်ငံထက် များနေကြောင်း၊ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇၀၀ အောက် ရောက်ရှိတာ (၃) ရက်ရှိနေကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်တဲ့ စာရင်းအရ သိရ ပါတယ်။

အမေရိကန်နိုင်ငံ တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၆၅၇ ဦး သေဆုံးခဲ့ရာ သေဆုံးသူစုစုပေါင်းမှာ ၁၀၀၅၇၂ ဦးအထိ ရောက်ရှိလာခဲ့ပြီဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပြောကြားချက်အရသိရသည်။

epaselect epa08356511 View of the funeral service for Natalina Cardoso Bandeira, 68, victim of the COVID-19 pandemic, at the Parque Taruma graveyard, in Manaus, Amazonas, Brazil, 10 April 2020. EPA-EFE/RAPHAEL ALVES

ဘရာဇီးနိုင်ငံမှာ လက်ရှိ အချိန်ထိ သေဆုံးသူ စုစုပေါင်း ၂၄,၅၉၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူဦးရေ သန်း၂၁၀ ရှိတဲ့ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄ သိန်းရှိနေပြီး ၂၄,၅၉၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ပညာရှင်တွေ ကတော့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထက် လက်တွေ့မှာ ပိုများနိုင်ကြောင်း ပြောဆို ထားပါတယ်။

ဘရာဇီးကျန်းမာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုး ရောဂါလက္ခဏာ ရှိသူတွေကို ဟိုက်ဒရောက်ဆီကလိုရိုကွင်း ဆေး သို့မဟုတ် ကလို ရိုကွင်း ဆေးနဲ့ ကုသနိုင်တယ်လို့ အကြံပြုထားပေမယ့် တနင်္လာနေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေးက ဆိုးကျိုးသက်နိုင်တဲ့အ တွက် အသုံးမပြုရန် အကြံပြုထားပါတယ်။

လက်ယာယိမ်း သမ္မတ ဂျာဘိုလ်ဆိုနာရိုက ကိုရိုနာ ဗိုင်းရပ်စ်ကို အထင်သေးခဲ့ပြီး အိမ်တွင်းနေ အစီအမံများကို ရှုတ်ချခဲ့ကာ စီးပွားရေးထိခိုက်မှုက ဗိုင်းရပ်စ်ဖြစ်ပွားမှုထက် ပိုဆိုးရွားကြောင်း ပြောကြားခဲ့သည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

14 + thirteen =