ကိုရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားနေပြီလား ဆို တာ သတိထား မိအောင် ရေး တဲ့ စာ(မျှဝေပေး ကြဦးနော်)

ကျွန်တော် ပထမဆုံးစ သတိထားမိတာ က ၃၀ ရက်နေ့ ခံတွင်းနာတာ ၃၁ ရက်နေ့ညကကိုယ်နည်းနည်းနွေးနေတယ်ညနေကချစ်တီးဆိုင်သွားစားခဲ့ပြီး လေတိုက်ထဲလမ်းလျှောက်ပြန်လို့များလားပေါ့အိမ်ပြန်ရောက်တော့ ဆေးသောက်ပြီးအိပ်လိုက်တာ ပြန်သက်သာသွားတယ် ဒါပေမယ့် ၁ ရက်နေ့ကစပြီး နေမကောင်းပြန်ဖြစ်လာလို့ ဆိုင်ပိတ် လိုက်တယ် ၂ ရက်နေ့ နဲ့ ၃ ရက်နေ့က ပုံမှန်ပဲဒါပေမယ့် ကျွန်တော်ဆိုင်မဖွင့်တော့ဘူး ဆက်ပိတ်ထားတယ် ဘာဖြစ်မယ်မှန်းမသိတော့ ထိတွေ့မှုတွေထပ်ဖြစ်မှာစိုးရိမ်တယ်၎ ရက်နေ့



Credit-

unicode

ကျွန်တော် ပထမဆုံးစ သတိထားမိတာ က ၃၀ ရက်နေ့ ခံတွင်းနာတာ ၃၁ ရက်နေ့ညကကိုယ်နည်းနည်းနွေးနေတယ်ညနေကချစ်တီးဆိုင်သွားစားခဲ့ပြီး လေတိုက်ထဲလမ်းလျှောက်ပြန်လို့များလားပေါ့အိမ်ပြန်ရောက်တော့ ဆေးသောက်ပြီးအိပ်လိုက်တာ ပြန်သက်သာသွားတယ် ဒါပေမယ့် ၁ ရက်နေ့ကစပြီး နေမကောင်းပြန်ဖြစ်လာလို့ ဆိုင်ပိတ် လိုက်တယ် ၂ ရက်နေ့ နဲ့ ၃ ရက်နေ့က ပုံမှန်ပဲဒါပေမယ့် ကျွန်တော်ဆိုင်မဖွင့်တော့ဘူး ဆက်ပိတ်ထားတယ် ဘာဖြစ်မယ်မှန်းမသိတော့ ထိတွေ့မှုတွေထပ်ဖြစ်မှာစိုးရိမ်တယ်၄ ရက်နေ့

ညရောက်တော့ ကျွန်တော်အနံ့မရတော့ဘူး အဲ့တော့မှ ဒေသန္တရကိုဆက်တယ် အချိန် လွန်နေလို့ ဖုန်းမကိုင်ဘူးဒါနဲ့ တစ်ညအိပ်ပြီး ၅ ရက်နေ့မှာ ကြယ်စင်လင်းလက် ပရဟိတအသင်းကို အကူအညီတောင်းပြီး ကိုယ့်သဘောနဲ့ကိုယ် ရန်ကုန်ဆေးရုံကိုလာခဲ့တယ်ဆေးရုံမှာ လူတွေပြည့်ကြပ်နေတယ် ကျွန်တော် အပါအဝင် ကုတင်မရကြဘူး၊ ခုံတန်းမှာ လှဲနေရတယ်။ သူတို့ရေးပေးတဲ့ဆေး ဝယ်ပေးရတယ်နေ့ခင်း Swab ယူတယ် ထမင်းကြွေးတယ် ည ၁၂ နာရီကျော်တော့ ကုတင်ရတယ်

တနေကုန်ပင်ပန်းထားလို့ တစ်ညလုံး အိပ်ပျော် ပါတယ် ။နောက်တစ်ရက်မှာ သိသိသာသာ ချောင်းဆိုးပါတယ်။ လုံးဝကြပ်ပြီးဆိုးလို့ ဆေးရှူခိုင်းပါတယ် ၊ အောက်ဆီဂျင်ပေးထားပါတယ် အဲ့နေ့ညပဲ တောင်ဥက္ကလာဆေးရုံ အထူးကြပ်မက်ကုသဆောင်ကို ပို့ဆောင်ကုသပေးနေပါတယ်ဆေးရုံမှာလည်း မထင်ထားရလောက်အောင်အဆင်ပြေပါတယ်ကျွန်တော်လည်း ကြိုးစားရုန်းကန်ပါမယ်မိတ်ဆွေတို့လည်း အိမ်မှာနေပါ mask တပ်ပါ လက်ဆေးပါတာဝန်ရှိလူကြီးမင်းများနဲ့ ဆရာဆရာမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်စိုးရိမ်စိတ်နဲ့ သတင်းမေးကြသူရော စိတ်ထဲရင်းပြီး ဆုတောင်းပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်.

Credit-

Add a Comment

Your email address will not be published. Required fields are marked *

ten + seven =