




unicode

ဖြူဖွေး၀င်းဥနေတဲ့ အသားအရည်လေးပေါ်လွင်နေပြီး ခပ်မိုက်မိုက် ဖက်ရှင်ဒီဇိုင်းလေးနဲ့ အပီအပြင်လန်းနေတဲ့ ရွှေအိမ်စည်

ပရိသတ်ကြီးရေ အမိုက်စားဘော်ဒီကောက်ကြောင်းလေးနဲ့ တမူထူးခြားတဲ့ ရုပ်ရည်လေးကိုပိုင်ဆိုင်ထားပြီး Missတစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သတိထားမိလာကြတဲ့ ရွှေအိမ်စည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာMissတစ်ယောက်အနေနဲ့လည်း အောင်မြင်မှုရရှိခဲ့ပြီး ယခုဆိုရင် မော်ဒယ်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေပြီဖြစ်ပါတယ်။ ပွင့်လင်းရိုးသားစွာ နေထိုင်တတ်တဲ့ အိမ်စည်လေး ကို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတာပါ။

ရွှေအိမ်စည်ဟာ ဖက်ရှင်ပိုင်းမှာဆိုရင်လည်း သူမနဲ့လိုက်ဖက်တဲ့ ထိမိနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့အမြဲ မိုက်နေလေ့ရှိသူတစ်ယောက်ပါနော်။ အိမ်စည်ဟာ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်‌ကိုင်လာတာဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေအထိပါ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ဟာလည်း မိန်းကလေးချင်းပါ အားကျရတဲ့ အမိုက်စားဘော်ဒီလေးဖြစ်ပါတယ်နော်။

မကြာသေးမီကလည်း ရွှေအိမ်စည်ဟာသူမရဲ့ Facebookစာမျက်နှာမှာ “ခုရက်ပိုင်း အမဲရောင် အရမ်းဝတ်ဖြစ်နေတယ် Feed ကို ကြည့်လိုက်မိတာ တင်တာ posts တောက်လျောက်က အမဲတွေပဲ Shwe Eain Si” ဆိုတဲ့captionလေးနဲ့ သူမရဲ့ခပ်မိုက်မိုက်ပုံလေးတွေကို တင်ပေးလာပါတယ်။ အိမ်စည်လေး ရဲ့ အသားအရည်နဲ့ ဘော်ဒီအချိုးအစားကတော့ အပြစ်ဆိုဖွယ်ရာကိုမရှိပါဘူးနော်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Ria Bo Vich

Add a Comment

Your email address will not be published. Required fields are marked *

eight + twelve =