ပရိသတ်ကြီးရေ ဇေရဲထက်ကတော့ နိုင်ငံကျော်ပြည်သူ့ အချစ်တော်မင်းသား တစ်လက်ဖြစ်ပြီး ကိုရီးယားမင်းသားတွေ လို ချောမောလှတဲ့ သူတစ်ယောက်ပါ။ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်မှာ ရှမ်းရှမ်းတောက် အောင်မြင်ခဲ့ပြီး မိန်းကလေး ပရိသတ် တော်တော်များများ ရဲ့ နှစ်ခြိုက်အားပေးရတဲ့ မင်းသား တစ်လက်ပါ။သူ့ရဲ့ စိတ်ထဲရှိတဲ့ အမြင်တွေကိုလည်းပွင့်ပွင့်လင်းလင်းဝေမျှတတ်သူပါ။လက်ရှိမှာတော့ သရုပ်ဆောင် ဇေရဲထက်က ာမိသားစုနဲ့အတူဘန်ကောက်မှာနေထိုင်နေပြီးအနုပညာ အလုပ်တွေကိုလည်း ခေတ္တ ရပ်နားထားတာဖြစ်ပါတယ်။ နာမည်ကြီးမင်းသားပီပီ လူတကာရဲ့ မျက်လုံး ဒေါက်ထောက်စောင့်ကြည့်ခြင်းခံရတဲ့ ဇေရဲထက်ဟာ ဒီတစ်ခါမှာလည်း ပိုက်ဆံမရှိဘူးညည်းတွားနေပြီး ဘန်ကောက်မှာ သောက်စားပျော်ပါးကာ ပရိသတ်တွေကိုညာနေတယ်ဆိုပြီး ပြောလာတဲ့ ပရိသတ်တစ်ယောက်ရဲ့ အပြောကို အခုလိုပဲ တုံ့ပြန်လာခဲ့ပါတယ်။
“ဘုရားတရားလုပ်ပြီး ညာနေရအောင်လည်း အလှူခံပီးလိမ်စားညာစားနေတဲ့လူလည်းမဟုတ်။ ညာစားလိမ်စားရအောင် ဘယ်သူ့ဆီက အလှူခံဘူးလည်း ဆိုတာ လာမန့်ပါ။ အလှူလုပ်ရင်တောင် တခြားလူဆီကမခံဘူး ကိုယ်လှူနိုင်တဲ့ပမာဏနဲ့ ကိုယ်တတ်နိုင်တာလှူတယ်။ ထိုင်းမှာနေနေတာ ကျနော့်မှာ အပြစ်ရှိလို့လား ကျနော့်ဘာသာ နေနေတာ ခိုးစား လုစား လိမ်စား ညာစားနေလို့လား လူဆိုတာ စိတ်ထွက် ပေါက်ရှာကြတယ် စိတ်ညစ်ရင် ကျနော်လည်း လူပါပဲ ပျော်မယ်ထင်လို့ တခါတရံ ဘီယာလေးသောက်ပြီး သွားကြည့်တာလေ။ ကျနော်ဘယ်သူ့ကိုစော်ကားမော်ကားနဲ့ မဟုတ်တာ လုပ်နေလို့လည်း ခင်မျာ။ အခုချိန် ပျော်နေတယ်လို့ ထင်တဲ့လူကသာ ပျော်နေတာနေမှာပါ။
ကျနော်တို့လို အနုပညာရှင်သမားတွေက အနုပညာအလုပ်ထဲမှာ ပျော်ကြတာဓမတာပါ။ အခုချိန်မှာ ရှိတာလေးရောင်းစားရင်း ဘယ်သူ့မှ မထိခိုက်ပဲ ကျနော့်ဘာသာလေး ပျော်မယ်ထင်တာလေးကို စိတ်ထွက်ပေါက်နေနဲ့ နေထိုင်နေတာ မှားလို့လားခင်မျာ။ ကျနော်လည်း လူပဲလေ ဘယ်သူ့မှမထိခိုက်ပဲ အေးချမ်းပျော်ရွှင်ခွင့်မရဘူးလားခင်မျ။ ကလပ်မကြိုက် ဘားမကြိုက် အရက်မသောက်တတ်တဲ့လူက အခုလို တခါတရံထွက်ပီး ပျော်ရွှင်မူ့ရှာ မိတာမှားလို့လား။ ကျနော်ပျော်ရွှင်မူ့ရဖို့ဘယ်သူ့ကိုမှ တိုက်ခိုက် မထိခိုက်ဖူးတဲ့အတွက် ကျနော်လိပ်ပြာလုံပါတယ်။ ကျတော်က လူငယ်တစ်ယောက်ပါ။ လူငယ်တစ်ယောက်ရဲ့ပျော်ရွှင်မူ့လေးတွေတခါတရံတော့ကျနော်လိုချင်လိုလိုက်ရှာမိတာမှားလား” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
Source: Zay Ye Htet’s fb
zawgyi
ပရိသတ္ႀကီးေရ ေဇရဲထက္ကေတာ့ ႏိုင္ငံေက်ာ္ျပည္သူ႔ အခ်စ္ေတာ္မင္းသား တစ္လက္ျဖစ္ၿပီး ကိုရီးယားမင္းသားေတြ လို ေခ်ာေမာလွတဲ့ သူတစ္ေယာက္ပါ။ ဗီဒီယိုဇာတ္ကားေတြ ေခတ္စားခဲ့တဲ့အခ်ိန္မွာ ရွမ္းရွမ္းေတာက္ ေအာင္ျမင္ခဲ့ၿပီး မိန္းကေလး ပရိသတ္ ေတာ္ေတာ္မ်ားမ်ား ရဲ႕ ႏွစ္ၿခိဳက္အားေပးရတဲ့ မင္းသား တစ္လက္ပါ။သူ႔ရဲ႕ စိတ္ထဲရွိတဲ့ အျမင္ေတြကိုလည္းပြင့္ပြင့္လင္းလင္းေဝမွ်တတ္သူပါ။လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္ ေဇရဲထက္က ာမိသားစုနဲ႔အတူဘန္ေကာက္မွာေနထိုင္ေနၿပီးအႏုပညာ အလုပ္ေတြကိုလည္း ေခတၱ ရပ္နားထားတာျဖစ္ပါတယ္။ နာမည္ႀကီးမင္းသားပီပီ လူတကာရဲ႕ မ်က္လုံး ေဒါက္ေထာက္ေစာင့္ၾကည့္ျခင္းခံရတဲ့ ေဇရဲထက္ဟာ ဒီတစ္ခါမွာလည္း ပိုက္ဆံမရွိဘူးညည္းတြားေနၿပီး ဘန္ေကာက္မွာ ေသာက္စားေပ်ာ္ပါးကာ ပရိသတ္ေတြကိုညာေနတယ္ဆိုၿပီး ေျပာလာတဲ့ ပရိသတ္တစ္ေယာက္ရဲ႕ အေျပာကို အခုလိုပဲ တုံ႔ျပန္လာခဲ့ပါတယ္။
“ဘုရားတရားလုပ္ၿပီး ညာေနရေအာင္လည္း အလႉခံပီးလိမ္စားညာစားေနတဲ့လူလည္းမဟုတ္။ ညာစားလိမ္စားရေအာင္ ဘယ္သူ႔ဆီက အလႉခံဘူးလည္း ဆိုတာ လာမန႔္ပါ။ အလႉလုပ္ရင္ေတာင္ တျခားလူဆီကမခံဘူး ကိုယ္လႉႏိုင္တဲ့ပမာဏနဲ႔ ကိုယ္တတ္ႏိုင္တာလႉတယ္။ ထိုင္းမွာေနေနတာ က်ေနာ့္မွာ အျပစ္ရွိလို႔လား က်ေနာ့္ဘာသာ ေနေနတာ ခိုးစား လုစား လိမ္စား ညာစားေနလို႔လား လူဆိုတာ စိတ္ထြက္ ေပါက္ရွာၾကတယ္ စိတ္ညစ္ရင္ က်ေနာ္လည္း လူပါပဲ ေပ်ာ္မယ္ထင္လို႔ တခါတရံ ဘီယာေလးေသာက္ၿပီး သြားၾကည့္တာေလ။ က်ေနာ္ဘယ္သူ႔ကိုေစာ္ကားေမာ္ကားနဲ႔ မဟုတ္တာ လုပ္ေနလို႔လည္း ခင္မ်ာ။ အခုခ်ိန္ ေပ်ာ္ေနတယ္လို႔ ထင္တဲ့လူကသာ ေပ်ာ္ေနတာေနမွာပါ။
က်ေနာ္တို႔လို အႏုပညာရွင္သမားေတြက အႏုပညာအလုပ္ထဲမွာ ေပ်ာ္ၾကတာဓမတာပါ။ အခုခ်ိန္မွာ ရွိတာေလးေရာင္းစားရင္း ဘယ္သူ႔မွ မထိခိုက္ပဲ က်ေနာ့္ဘာသာေလး ေပ်ာ္မယ္ထင္တာေလးကို စိတ္ထြက္ေပါက္ေနနဲ႔ ေနထိုင္ေနတာ မွားလို႔လားခင္မ်ာ။ က်ေနာ္လည္း လူပဲေလ ဘယ္သူ႔မွမထိခိုက္ပဲ ေအးခ်မ္းေပ်ာ္႐ႊင္ခြင့္မရဘူးလားခင္မ်။ ကလပ္မႀကိဳက္ ဘားမႀကိဳက္ အရက္မေသာက္တတ္တဲ့လူက အခုလို တခါတရံထြက္ပီး ေပ်ာ္႐ႊင္မူ႔ရွာ မိတာမွားလို႔လား။ က်ေနာ္ေပ်ာ္႐ႊင္မူ႔ရဖို႔ဘယ္သူ႔ကိုမွ တိုက္ခိုက္ မထိခိုက္ဖူးတဲ့အတြက္ က်ေနာ္လိပ္ျပာလုံပါတယ္။ က်ေတာ္က လူငယ္တစ္ေယာက္ပါ။ လူငယ္တစ္ေယာက္ရဲ႕ေပ်ာ္႐ႊင္မူ႔ေလးေတြတခါတရံေတာ့က်ေနာ္လိုခ်င္လိုလိုက္ရွာမိတာမွားလား” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။
Source: Zay Ye Htet’s fb