အမှတ်မထင် တင်လိုက်တဲ့ ပုံလေးတွေကြောင့် အပြင်းအထန်ဝေဖန် ခံနေရတဲ့ ခင်သဇင်

အနုပညာရှင်တွေဟာ ပရိသတ်တွေနဲ့ အမြဲထိတွေ့နေတောင် Social Platform တွေ အသုံးပြုကြပြီး သူတို့ရဲ့အနုပညာလှုပ်ရှားမှုတွေ၊ ပျော်စရာ၊ဝမ်းနည်းစရာခံစားချက်တွေကို မျှဝေတတ်ပါတယ်။ ခင်သဇင်ဟာလည်း သူမရဲ့ပုံလေးတွေတင်လိုက်တဲ့အချိန်မှာ မထင်မှတ်ဘဲ ဝေဖန်မှုတွေခံခဲ့ရတာကြောင့် စိတ်အခန့်မသင့် ဖြစ်သွားခဲ့ပါတယ်။ ဒီအကြောင်းလေးကို ” Friend only လိုက်ပြီ post ကို (အခု ဖျက်ပါ ဖျက်လိုက်ပါပြီ) အားလုံးနဲ့ friend မဟုတ်တော့ public တင်ပေးတာပါ ခုတော့ အာရုံတွေအရမ်းနောက်ကုန်ပြီ ဒေါသတွေလည်း အရမ်းထွက်နေပြီ ကိုယ့်ကို ချစ်နေပေးတဲ့ တစ်ယောက်ချင်းဆီတိုင်းကိုတော့ ကျေးဇူးတင်ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

ဝေဖန်သူတွေကိုလည်း ” ကိုယ့်စိတ်ထဲတော့ ပုံလေးတွေက မရိုင်းပါဘူး Sticker လည်း အုပ်ထား ပါတယ် ကိုယ့်ဟာ ကိုယ်ကျ နေ့တိုင်း မြင်နေရတော့ ရိုးနေလို့လားတော့ မပြောတတ်ပါ Sticker လည်း အုပ်ထားပါတယ် အဲဒါကို ဘာညာလာပြီး အာချောင်တဲ့ ဆရာကြီးလိုလို ဘာလိုလိုနဲ့ လျှာရှည်တဲ့ အကောင်တွေ ကိုဒဲ့ရွံပါတယ် ဘူးတယ်ဆိုလည်း ယဉ်ယဉ်ကျေးကျေးလေးတွေ ဘူးလို့ရပါတယ် နှာဘူးရယ် ဂန်ဒူးရယ် ၂ မျိုးပဲရှိတာပါ ဘူးတာက အပြစ်မဟုတ်ဘူး အာချောင်ပြီး လျှာရှည်တာကို ကြည့်လို့မရတာ ” ဆိုပြီး ခပ်ပြတ်ပြတ် ပြောခဲ့ပါတယ်။

အားလုံးက ပြန်တင်ပေးပါဆိုတာနဲ့ ဖျက်ထားတဲ့ ပုံလေးတွေကို အသစ်ပြန်တင်ပေးခဲ့ပါသေး တယ်။ ဒီပုံလေးတွေကိုတော့ ” ခင်လေးက ညဆို ဒါလေးတွေ နဲ့ လိပ်ပြီး အိပ်ဖြစ်တယ် နိုလာတာနဲ့ ဒီလို အလိပ်တွေရတယ် ဆံပင်အနားတွေတော့ permanent ကောက်ထားဖို့ လိုတယ် setting cream တစ်ခုခုလည်း မလိပ်ခင် အရင်လိမ်းပေးဖို့လိုပါတယ် ” ဆိုပြီး ဆံပင်ကောက်ထား တဲ့ မိန်းကလေးတွေအတွက် အလှအပ တစ်ခုဝေမျှပေးတဲ့သဘောနဲ့ တင်ခဲ့တာပါ။

Happy – Cele Zone
Photo – Khin Thazin

Add a Comment

Your email address will not be published. Required fields are marked *

nineteen + one =