အိမ္ေထာင္ရွိ အမ်ိဳးသမီးတစ္ေယာက္ ရဲ႕ စပြန္ဆာယူတယ္ ဆိုၿပီး ေကာလဟာလေျပာဆိုမႈေတြအေပၚ တုံ႔ျပန္ေျပာဆိုလာတဲ့ တိုင္႐ြန္

မင္းသားေခ်ာ တိုင္႐ြန္ ကေတာ့ ဆြဲေဆာင္မႈရွိတဲ့ ႐ုပ္ရည္၊ စတိုင္လ္က်က် ဝတ္ပုံစားပုံတို႔ေၾကာင့္ မိန္းကေလးပရိသတ္ေတြၾကားမွာ ေရပန္းစားေအာင္ျမင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ေနတဲ့ မင္းသားတစ္လက္ပီပီ ေဝဖန္တိုက္ခိုက္မႈေတြ မ်ားစြာကို ခံရေလ့ရွိတဲ့ တိုင္႐ြန္က ဒီေန႔မွာလည္း အိမ္ေထာင္ရွိ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ စပြန္ဆာယူတယ္ဆိုၿပီး သြားပုပ္ေလလြင့္ေျပာဆိုခံေနရတာပဲ ျဖစ္ပါတယ္။ ထိုကိစၥနဲ႔ ပက္သတ္ၿပီး တိုင္႐ြန္ကေတာ့ မဟုတ္တာေတြ မေျပာၾကဖို႔ အႏူးအၫြတ္ေတာင္းပန္လာတာကို ေတြ႕ရပါတယ္။

မဟုတ္ပဲမတင္ပါနဲ႔ဗ်ာ။ မိသားစုေတြပ်က္စီးမယ္ဗ်။ ကြၽန္ေတာ့္ ကိုပဲေျပာပါ။ မေသခ်ာပဲေျပာတာမေကာင္းပါဘူး။ ကြၽန္ေတာ္ ဘယ္ေတာ့မွ သူမ်ား မိသားစုၿပိဳကြဲေအာင္၊သူမ်ား သားမယားစိတ္နဲ႔ေတာင္မျပစ္မွားဖူးပါဘူး။အားလုံး ေအးခ်မ္းႏိုင္ၾကပါေစ။ဝဋ္ေႂကြးေတြရွိလဲ ေက်ပါေစေတာ့ဗ်ာ ေတာင္းပန္ပါတယ္။ မဟုတ္တာေတြ မေျပာၾက ပါနဲ႔ေတာ့။ ကြၽန္ေတာ္အရမ္းပင္ပန္းေနပါၿပီ. ဒီေလာက္ဆိုလုံေလာက္ပါၿပီ။ ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ ကြၽန္ေနာ္ ဘယ္လိုလုပ္ေပးရင္ ေက်နပ္ႏိုင္မလဲဗ်ာ ” ဆိုၿပီး တိုင္႐ြန္က သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာထားတာပဲ ျဖစ္ပါတယ္။

တိုင္႐ြန္ကေတာ့ ၿပီးခဲ့တဲ့လကလည္း ယုန္ေလးရဲ႕ ကိစၥ နဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြရဲ႕ ေဝဖန္ေျပာဆိုမႈကို ျပင္းျပင္းထန္ထန္ခံခဲ့ရသလို လက္ရွိမွာလည္း အိမ္ေထာင္ရွိအမ်ိဳးသမီးနဲ႔ ဇာတ္လမ္းေတြရွိတယ္ဆိုၿပီး လူမႈကြန္ယက္ကေန တိုက္ခိုက္ခံေနရတာပဲ ျဖစ္ပါတယ္။ တိုင္႐ြန္ကေတာ့ သူ႔ဘက္က အမွန္တရား ကို အ႐ိုးသားဆုံး ေျပာခဲ့ၿပီးၿပီမို႔ ပရိသတ္ႀကီးလည္း စိတ္ရွင္းသြားေလာက္ၿပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Tyron Bejay’s fb
Photo: Han Nyein Oo’s fb
Credit – Cele Connections

unicode

အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက် ရဲ့ စပွန်ဆာယူတယ် ဆိုပြီး ကောလဟာလပြောဆိုမှုတွေအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ တိုင်ရွန်

မင်းသားချော တိုင်ရွန် ကတော့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်၊ စတိုင်လ်ကျကျ ဝတ်ပုံစားပုံတို့ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေတဲ့ မင်းသားတစ်လက်ပီပီ ဝေဖန်တိုက်ခိုက်မှုတွေ များစွာကို ခံရလေ့ရှိတဲ့ တိုင်ရွန်က ဒီနေ့မှာလည်း အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ရဲ့ စပွန်ဆာယူတယ်ဆိုပြီး သွားပုပ်လေလွင့်ပြောဆိုခံနေရတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး တိုင်ရွန်ကတော့ မဟုတ်တာတွေ မပြောကြဖို့ အနူးအညွတ်တောင်းပန်လာတာကို တွေ့ရပါတယ်။

မဟုတ်ပဲမတင်ပါနဲ့ဗျာ။ မိသားစုတွေပျက်စီးမယ်ဗျ။ ကျွန်တော့် ကိုပဲပြောပါ။ မသေချာပဲပြောတာမကောင်းပါဘူး။ ကျွန်တော် ဘယ်တော့မှ သူများ မိသားစုပြိုကွဲအောင်၊သူများ သားမယားစိတ်နဲ့တောင်မပြစ်မှားဖူးပါဘူး။အားလုံး အေးချမ်းနိုင်ကြပါစေ။ဝဋ်ကြွေးတွေရှိလဲ ကျေပါစေတော့ဗျာ တောင်းပန်ပါတယ်။ မဟုတ်တာတွေ မပြောကြ ပါနဲ့တော့။ ကျွန်တော်အရမ်းပင်ပန်းနေပါပြီ. ဒီလောက်ဆိုလုံလောက်ပါပြီ။ တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်နော် ဘယ်လိုလုပ်ပေးရင် ကျေနပ်နိုင်မလဲဗျာ ” ဆိုပြီး တိုင်ရွန်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားတာပဲ ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ ပြီးခဲ့တဲ့လကလည်း ယုန်လေးရဲ့ ကိစ္စ နဲ့ ပက်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသလို လက်ရှိမှာလည်း အိမ်ထောင်ရှိအမျိုးသမီးနဲ့ ဇာတ်လမ်းတွေရှိတယ်ဆိုပြီး လူမှုကွန်ယက်ကနေ တိုက်ခိုက်ခံနေရတာပဲ ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ သူ့ဘက်က အမှန်တရား ကို အရိုးသားဆုံး ပြောခဲ့ပြီးပြီမို့ ပရိသတ်ကြီးလည်း စိတ်ရှင်းသွားလောက်ပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Tyron Bejay’s fb
Photo: Han Nyein Oo’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

17 − 4 =