ရန်ကုန် သူနာပြုတက္ကသိုလ် ပြိုကျ ရခြင်းအကြောင်း အဖြေပေါ်ပြီ

ရန်ကုန်တိုင်းဒေသကြီး ၊ လမ်းမတော်မြို့နယ်ရှိ သူနာပြု တက္ကသိုလ်အဆောက်အဦး၏ ရှေ့ပိုင်း မျက်နှာစာ ပြိုကျရခြင်းမှာ တွက်ချက်မှုအားနည်းခြင်း ၊ ကြီးကြပ်မှုနှင့် အသုံးပြုထားသည့် သံချောင်းများ အားနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ကနဦးစစ်ဆေးမှုများ ကိုပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်က ပြောသည်။

“သူ့ရဲ့အလေးနဲ့ တွက်ချက်ထား တာက လိုအပ်ချက် ရှိတဲ့အတွက် ပြိုကျတာပေါ့။ ကျွန်တော် တို့ မှတ်ချက်ချတာကတော့ တွက်ချက်မှု အားနည်းတယ်။ တည်ဆောက်တဲ့အခါမှာလည်း ကြီးကြပ်မှုနဲ့ အသေးစိတ်ထည့်တဲ့ သံချောင်းတွေ အားနည်းတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သနာပြုတက္ကသိုလ်အဆောက်အဦး ပြိုကျမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်ရှိ ကျွမ်းကျင်ပညာရှင် ၅ ဦးပါဝင်သောကော်မတီက စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ရရှိခဲ့သော ကနဦးတွေ့ရှိချက်အစီရင်ခံစာကို မေလ ၂၃ ရက်နေ့တွင် ဒေါက်တာဇော်ဝေစိုး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် သုနာပြု တက္ကသိုလ် ပါမောက္ခချုပ်တို့ထံ ပေးပို့ထားပြီး မေလ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွက်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံသို့ ပေးပို့ထားကြောင်းသိရသည်။

ယင်းသူနာပြုတက္ကသိုလ် ကြံ့ခိုင်မှုရှိ/မရှိ နှင့် အဆောက်အဦး ကို ပြန်လည် အသုံးပြုနိုင်ရန် ရှိ/မရှိမှာလည်း ယခု မေလကုန်တွင် သိရမည်ဟု ဆိုသည်။

“အခုကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ၂ ရက်ရှိပြီ၊ တိုင်တွေ၊ နံရံတွေအားလုံးကို တိုင်းတာပြီးတော့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း ရှိ/မရှိ စစ်ဆေးနေပါတယ်။ ဒီဟာကနေ Report တွေထွက်ပါလိမ့်မယ်။ ရှေ့ဘယ်လိုလုပ်မလဲဆိုတာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖွဲ့ထားတဲ့အဖွဲ့က ပြန်လည်ပြီး ဆွေးနွေးတိုင်ပင်ပါ့မယ်။ အဲ့ဒီလိုလုပ်ပြီးမှပဲ အဖြေထွက်ပါလိမ့်မယ်။” ဟု ၎င်းက ဆိုသည်။

အဆိုပါ သူနာပြုတက္ကသိုလ်ကို တည်ဆောက်ရန် ပြည်မဟာကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့ပြီးနောက် တာဝန်ယူတည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီး ၂၀၂၀ ခုနှစ် ၊ မေလ ၁၇ရက် ၊ နေ့လယ်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်သည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

six + two =