မုံ႐ြာ မွာ ဖမ္းမိ ခဲ့တဲ့ မိေက်ာင္းရဲ႕ ေနာက္ဆက္တြဲ သတင္း (လြတ္ေနတဲ့ မိေက်ာင္းေတြကို လိုက္ဖမ္းလ်က္ရွိ)

မုံ႐ြာၿမိဳ႕တြင္ ဖမ္းမိ ခဲ့ေသာ မိေက်ာင္းကို တိုင္းအစိုးရ၏ လမ္းၫႊန္မႈႏွင့္အညီ ရန္ကုန္ၿမိဳ႕ရွိ သာေကတ မိေက်ာင္းေမြးျမဴေရးစခန္းသို႔ ပို႔ေဆာင္ရန္ စီစဥ္ထားေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးမႉး ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။ မုံ႐ြာၿမိဳ႕ ကန္သာဦး ရပ္ကြက္ ရတနာလမ္းေဘးရွိ ေရေျမာင္းအတြင္းမွ အရွည္ႏွစ္ေပေက်ာ္ မိေက်ာင္းတစ္ေကာင္ ကို စက္တင္ဘာ ၁၁ ရက္ မြန္းလြဲ ၃ နာရီခန္႔က ဖမ္းမိခဲ့ပါတယ္။

“မိေက်ာင္းစခန္းကိုပို႔ဖို႔ တိုင္း အစိုးရအဖြဲ႕ လမ္းၫႊန္မႈအတိုင္း ေဆာင္႐ြက္ရမွာပါ။ လက္ရွိေတာ့ ေ႐ႊဘိုၿမိဳ႕မွာ ထိန္းသိမ္း ထားတယ္။ အခုေတြ႕တဲ့ မိေက်ာင္းက ထိုင္းမိေက်ာင္းမ်ိဳး အရွည္ႏွစ္ေပေက်ာ္၊ သက္တမ္းက တစ္ႏွစ္ေက်ာ္ေလာက္ပဲ ရွိေသးတယ္။ တခ်ိဳ႕က တရားမဝင္ေမြးတာျဖစ္ ႏိုင္သလို ျပည္ပပို႔တာေတြလည္း ျဖစ္ႏိုင္တယ္။ ဟိုဘက္က ပိတ္ထား ေတာ့ ဒီမွာလာလႊတ္တာ ျဖစ္ႏိုင္တယ္”ဟု ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။ ဖမ္းမိေသာ မိေက်ာင္းမ်ိဳး သည္ ျမန္မာႏိုင္ငံတြင္ ေတြ႕ရသည့္ မိေက်ာင္းမ်ိဳး မဟုတ္ဘဲ ေရ ခ်ိဳ မိေက်ာင္း မ်ိဳးႏြယ္ျဖစ္ေၾကာင္း ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။ မိေက်ာင္းဖမ္းဆီးခဲ့ေသာ မုံ႐ြာခ႐ိုင္မီးသတ္ဦးစီးမႉး ဦးညီညီ ေဇာ္က ဖမ္းမိတဲ့ ‘‘မိေက်ာင္းကိုငါးလုပ္ငန္းဦးစီးဌာနကို အပ္ႏွံထားတယ္။ က်န္တဲ့မိေက်ာင္းေတြကို ဆက္ရွာ ေနပါတယ္’’ဟု စက္တင္ဘာ ၁၂ ရက္ နံနက္က ေျပာပါတယ္။

အဆိုပါ မိေက်ာင္းမ်ိဳးႏြယ္မ်ားသည္ ေရတြင္ ၾကာရွည္စြာ ငုပ္ေလ့မရွိဘဲ ေရေပၚတြင္ အသက္ ရႉေလ့ ရွိကာ ေရသာမက ကုန္းေပၚတြင္ပါ ေနထိုင္က်က္စားေလ့ရွိေၾကာင္း မုံ႐ြာခ႐ိုင္ ငါးလုပ္ငန္းဦးစီးဌာနမွ ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။ မုံ႐ြာၿမိဳ႕ ကန္သာဦးရပ္ကြက္ ရတနာလမ္း ေျမသားဖို႔ရန္ ဘက္ဟိုးတူးေဖာ္ထားသည့္ ေရေျမာင္း အတြင္း မိေက်ာင္းမ်ား ေရာက္ေနသည္ ကို စက္တင္ဘာ ၁၁ ရက္ နံနက္က အနီးရွိ ေနထိုင္ သူမ်ား ေတြ႕ရွိၿပီး မီးသတ္တပ္ဖြဲ႕ ဖမ္းဆီးရာသို႔ လူရာႏွင့္ခ်ီကာ လာေရာက္ၾကည့္ရႈခဲ့ေၾကာင္း ကန္သာဦးရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္လင္းက ေျပာပါတယ္။

unicode

မုံရွာ မှာ ဖမ်းမိ ခဲ့တဲ့ မိကျောင်းရဲ့ နောက်ဆက်တွဲ သတင်း (လွတ်နေတဲ့ မိကျောင်းတွေကို လိုက်ဖမ်းလျက်ရှိ)

မုံရွာမြို့တွင် ဖမ်းမိ ခဲ့သော မိကျောင်းကို တိုင်းအစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန်မြို့ရှိ သာကေတ မိကျောင်းမွေးမြူရေးစခန်းသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ မုံရွာမြို့ ကန်သာဦး ရပ်ကွက် ရတနာလမ်းဘေးရှိ ရေမြောင်းအတွင်းမှ အရှည်နှစ်ပေကျော် မိကျောင်းတစ်ကောင် ကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်က ဖမ်းမိခဲ့ပါတယ်။

“မိကျောင်းစခန်းကိုပို့ဖို့ တိုင်း အစိုးရအဖွဲ့ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမှာပါ။ လက်ရှိတော့ ရွှေဘိုမြို့မှာ ထိန်းသိမ်း ထားတယ်။ အခုတွေ့တဲ့ မိကျောင်းက ထိုင်းမိကျောင်းမျိုး အရှည်နှစ်ပေကျော်၊ သက်တမ်းက တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်။ တချို့က တရားမဝင်မွေးတာဖြစ် နိုင်သလို ပြည်ပပို့တာတွေလည်း ဖြစ်နိုင်တယ်။ ဟိုဘက်က ပိတ်ထား တော့ ဒီမှာလာလွှတ်တာ ဖြစ်နိုင်တယ်”ဟု ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ ဖမ်းမိသော မိကျောင်းမျိုး သည် မြန်မာနိုင်ငံတွင် တွေ့ရသည့် မိကျောင်းမျိုး မဟုတ်ဘဲ ရေ ချို မိကျောင်း မျိုးနွယ်ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ မိကျောင်းဖမ်းဆီးခဲ့သော မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီ ဇော်က ဖမ်းမိတဲ့ ‘‘မိကျောင်းကိုငါးလုပ်ငန်းဦးစီးဌာနကို အပ်နှံထားတယ်။ ကျန်တဲ့မိကျောင်းတွေကို ဆက်ရှာ နေပါတယ်’’ဟု စက်တင်ဘာ ၁၂ ရက် နံနက်က ပြောပါတယ်။

အဆိုပါ မိကျောင်းမျိုးနွယ်များသည် ရေတွင် ကြာရှည်စွာ ငုပ်လေ့မရှိဘဲ ရေပေါ်တွင် အသက် ရှူလေ့ ရှိကာ ရေသာမက ကုန်းပေါ်တွင်ပါ နေထိုင်ကျက်စားလေ့ရှိကြောင်း မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မုံရွာမြို့ ကန်သာဦးရပ်ကွက် ရတနာလမ်း မြေသားဖို့ရန် ဘက်ဟိုးတူးဖော်ထားသည့် ရေမြောင်း အတွင်း မိကျောင်းများ ရောက်နေသည် ကို စက်တင်ဘာ ၁၁ ရက် နံနက်က အနီးရှိ နေထိုင် သူများ တွေ့ရှိပြီး မီးသတ်တပ်ဖွဲ့ ဖမ်းဆီးရာသို့ လူရာနှင့်ချီကာ လာရောက်ကြည့်ရှုခဲ့ကြောင်း ကန်သာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

5 + seven =