သားရယ္ … ေျပာ ဖို႔ ေစာပါေ သးတယ္ တဲ့ …

ေဒါက္တာအဲရစ္က ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ စကားေျပာေတာ့ မလႈပ္ဘူး၊ ေတာ္ေတာ္ ညက္တာပဲ။ ျမန္မာျပည္သူေတြ အားလုံး ကိုယ္စား ႏိုင္ငံ့ေခါင္းေဆာင္ကို သူက ခ်ီးက်ဴးေပးတယ္။ ကိုဗစ္-၁၉ ကို ဖိုက္တဲ့ထဲမွာ ကမာၻ႔အေတာ္ဆုံးေခါင္းေဆာင္တဲ့။ ေဒၚေအာင္ဆန္းစုၾကည္ ကေတာင္ သေဘာေတြ က်ၿပီး သားရယ္… ေနပါဦး၊ အဲဒီလိုေျပာဖို႔ ေစာပါေသးတယ္ လို႔ တားယူရတယ္။ သူက မဟုတ္ဘူး၊ ရွိတဲ့ အရင္းအျမစ္ကေလး နဲ႔ ဒီေလာက္လုပ္ထားႏိုင္တာမို႔ ခ်ီးက်ဴးရမွာပဲတဲ့။

လူပဲေလ၊ ကိုယ့္ကိုေတာ္တယ္လို႔ ခ်ီးက်ဴးေတာ့ သေဘာက်မွာေပါ့။ အဲဒါေၾကာင့္ ေဒါက္တာအဲရစ္ကို ေက်းဇူးတင္တာပါ။ဒီမွာက ခ်ီးက်ဴးတာထက္ ဆဲတာက မ်ားေနေတာ့
နီးတဲ့သူက မျမင္ဘူး၊ အေဝးကလူက ျမင္ေတာ့ ခ်ီးက်ဴးတယ္။ ေဒါက္တာအဲရစ္ကပဲ ကိုဗစ္-၁၉ ကုသဖို႔ေဆး ေဆးထုတ္တဲ့ ကုမၸဏီတခုကလူႀကီးဆီ ျမန္မာကိုဦးစားေပးေရာင္းဖို႔ သူေျပာဆိုထားတာေတြရွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကို သတင္းစကားပါးပါတယ္။

ဒါလည္း ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေမတၱာေၾကာင့္ပဲ၊ ေမတၱာေရာင္ျပန္ဟပ္တာ ပါလို႔ ေဒါက္တာအဲရစ္က ေျပာတယ္။ေဒၚေအာင္ဆန္းစုၾကည္က တေနရာမွာ ေမတၱာ၊ ေစတနာလို႔ စကားစလိုက္ၿပီးမွ အင္း တခ်ိဳ႕ကလည္း ဒီေမတၱာေတြ ဘာေတြေျပာတာကို မႀကိဳက္ၾကဘူးလို႔ အသာေလးညည္းေျပာေျပာတယ္။

ကြၽန္ေတာ္ကေတာ့ လက္ရွိႏိုင္ငံ့ေခါင္းေဆာင္ ကို တိုင္းျပည္နဲ႔လူထုေကာင္းက်ိဳးအတြက္ႏွစ္‌ေယာက္မရွိသူလို႔ျမင္ပါတယ္။ဒီထက္ေကာင္းတဲ့လူ ေလနဲ႔မဟုတ္ဘဲအေပၚယံမဟုတ္ဘဲ ေနရာအာဏာအတြက္မဟုတ္ဘဲ ဒီေန႔မနက္ျဖန္မဟုတ္ေတာင္ ကြၽန္ေတာ့္တစ္သက္ တကယ္ထြက္ေပၚလာခဲ့ရင္လည္း ေထာက္ခံဖို႔ ဝန္မေလးပါဘူး။

၂၇၊၅၊၂၀၂၀
Myo Tha Htet

unicode

သားရယ် … ပြော ဖို့ စောပါေ သးတယ် တဲ့ …

ဒေါက်တာအဲရစ်က ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတော့ မလှုပ်ဘူး၊ တော်တော် ညက်တာပဲ။ မြန်မာပြည်သူတွေ အားလုံး ကိုယ်စား နိုင်ငံ့ခေါင်းဆောင်ကို သူက ချီးကျူးပေးတယ်။ ကိုဗစ်-၁၉ ကို ဖိုက်တဲ့ထဲမှာ ကမ္ဘာ့အတော်ဆုံးခေါင်းဆောင်တဲ့။ ဒေါ်အောင်ဆန်းစုကြည် ကတောင် သဘောတွေ ကျပြီး သားရယ်… နေပါဦး၊ အဲဒီလိုပြောဖို့ စောပါသေးတယ် လို့ တားယူရတယ်။ သူက မဟုတ်ဘူး၊ ရှိတဲ့ အရင်းအမြစ်ကလေး နဲ့ ဒီလောက်လုပ်ထားနိုင်တာမို့ ချီးကျူးရမှာပဲတဲ့။

လူပဲလေ၊ ကိုယ့်ကိုတော်တယ်လို့ ချီးကျူးတော့ သဘောကျမှာပေါ့။ အဲဒါကြောင့် ဒေါက်တာအဲရစ်ကို ကျေးဇူးတင်တာပါ။ဒီမှာက ချီးကျူးတာထက် ဆဲတာက များနေတော့
နီးတဲ့သူက မမြင်ဘူး၊ အဝေးကလူက မြင်တော့ ချီးကျူးတယ်။ ဒေါက်တာအဲရစ်ကပဲ ကိုဗစ်-၁၉ ကုသဖို့ဆေး ဆေးထုတ်တဲ့ ကုမ္ပဏီတခုကလူကြီးဆီ မြန်မာကိုဦးစားပေးရောင်းဖို့ သူပြောဆိုထားတာတွေရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစကားပါးပါတယ်။

ဒါလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ မေတ္တာကြောင့်ပဲ၊ မေတ္တာရောင်ပြန်ဟပ်တာ ပါလို့ ဒေါက်တာအဲရစ်က ပြောတယ်။ဒေါ်အောင်ဆန်းစုကြည်က တနေရာမှာ မေတ္တာ၊ စေတနာလို့ စကားစလိုက်ပြီးမှ အင်း တချို့ကလည်း ဒီမေတ္တာတွေ ဘာတွေပြောတာကို မကြိုက်ကြဘူးလို့ အသာလေးညည်းပြောပြောတယ်။

ကျွန်တော်ကတော့ လက်ရှိနိုင်ငံ့ခေါင်းဆောင် ကို တိုင်းပြည်နဲ့လူထုကောင်းကျိုးအတွက်နှစ်‌ယောက်မရှိသူလို့မြင်ပါတယ်။ဒီထက်ကောင်းတဲ့လူ လေနဲ့မဟုတ်ဘဲအပေါ်ယံမဟုတ်ဘဲ နေရာအာဏာအတွက်မဟုတ်ဘဲ ဒီနေ့မနက်ဖြန်မဟုတ်တောင် ကျွန်တော့်တစ်သက် တကယ်ထွက်ပေါ်လာခဲ့ရင်လည်း ထောက်ခံဖို့ ဝန်မလေးပါဘူး။

၂၇၊၅၊၂၀၂၀
Myo Tha Htet

Add a Comment

Your email address will not be published. Required fields are marked *

five × 5 =