ေဆးျဖတ္တဲ့ စခန္း မွာ တစ္လခြဲေလာက္ေနခဲ့ရတဲ့ အေတြ႕အႀကဳံကို ေဝမွ်လာတဲ့ ရဲတိုက္(႐ုပ္သံ)

ပရိတ္သတ္ႀကီးေရ တခ်ိန္တုန္းက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသား ရဲတိုက္ကေတာ့ မူးရစ္ေဆးဝါးမ်ားေၾကာင့္ ႐ုပ္ရွင္ပိတ္ကားထက္ကေန ေပ်ာက္ကြယ္ေနခဲ့တာပဲ ျဖစ္ပါတယ္။ ေဆးျဖတ္ဖို႔ စိတ္ကူးရွိေပမဲ့လည္း အခ်ိန္ဆြဲတတ္တာေၾကာင့္ အခုေလာက္ထိ ၾကန႔္ၾကာေနခဲ့ရတယ္လို႔ ဆိုပါတယ္။လက္ရွိမွာေတာ့ မင္းသားရဲတိုက္ဟာ ေဆးျဖတ္တဲ့စခန္းမွာ တလေက်ာ္ၾကာ သြားေရာက္ကုသခဲ့ၿပီး ေဆးျဖတ္ခဲ့တဲ့အေၾကာင္းကို အခုလိုပဲ မီဒီယာမွာ ေျဖၾကားခဲ့ပါတယ္။ ” ကြၽန္ေတာ္ Vote ေပးခ်င္တာဗ်ာ။ အရင္ မူးယစ္ေဆး မသုံးခင္တုံးက ကြၽန္ေတာ္ ပရိသတ္ေရွ႕မွာ ဘယ္လိုေနခဲ့လဲဆိုတာ မွတ္မိခ်င္ မွတ္မိပါလိမ့္မယ္ မမွတ္မိခ်င္လဲ မမွတ္မိေလာက္ေတာ့ပါဘူး။ ကြၽန္ေတာ္ အခုလိုမ်ိဳးေနတာ မဟုတ္ဘူးေလေနာ္။ ပရိသတ္အားလုံး ခ်စ္တဲ့လူအျဖစ္နဲ႔ေနတာေလေနာ္။

အခုက်ေတာ့ ေတာ္ေတာ္မ်ားမ်ားေတြကို ျဖတ္ေက်ာ္ၿပီးတဲ့ အခါမွာ ေဆးစြဲေန တဲ့ သတင္းေတြတို႔ ကြၽန္ေတာ္နဲ႔ ပတ္သတ္တဲ့ မေကာင္းတဲ့ အရာေတြ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံကုန္တာတို႔ အဲ့တာေတြကို ကြၽန္ေတာ္ ေက်ာ္ျဖတ္ၿပီးေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ့္မွာ သိမ္ငယ္သြားရတာေပါ့။ငါ ေဆးျဖတ္ပစ္မယ္ကြာလို႔။ကြၽန္ေတာ့အတြက္က ေတာ္ေတာ္ ခက္တယ္။ ခက္လို႔ ကြၽန္ေတာ္ ခဏခဏရႈံးတယ္။ ခဏခဏျပန္ၿပီးေတာ့ ဒီေခ်ာက္ထဲက်တယ္။ ကြၽန္ေတာ္အတြက္ေတာ့ ႐ိုးေနၿပီ အႀကိမ္ေပါင္းမ်ားစြာ ဆိုေတာ့။ အဲ့ေတာ့ ရႈပ္တယ္ကြာလို႔။ အဲ့အခ်ိန္မွာ အမွန္တိုင္းေျပာရရင္ ႏွလုံးသားက လႈပ္ရွားေနၿပီ။ ဘာလို႔လဲဆိုေတာ့ Vote ေပးခ်င္တာ ဘယ္လိုပုံစံနဲ႔ ေပးရင္ေကာင္းမလဲ မသိဘူး။ စဥ္းစားေနတာ။ ေနာက္ဆုံး ေလးေလးနက္နက္ စဥ္းစားမိတဲ့ အခ်ိန္မွာ ကြၽန္ေတာ့္ေဘးမွာရွိတဲ့ လူနဲ႔ ကြၽန္ေတာ္ တိုင္ပင္တယ္။ ကြၽန္ေတာ္ ေဆးျဖတ္စခန္းဝင္မယ္ဗ်ာလို႔။ ကိုယ့္ဟာကိုယ္ အိမ္မွာ ျဖတ္လို႔မရဘူးလား ရတယ္။ ဒါေပမယ့္ ေဆးျဖတ္စခန္းမွာ သြားျဖတ္ရင္ ပိုၿပီးျမန္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဆးျဖတ္စခန္းမွာရွိတဲ့ အရာေတြက ကြၽန္ေတာ္တို႔ကို Treatment ေပးလိုက္တဲ့အခါမွာ ကြၽန္ေတာ္တို႔ေတြက ျမန္ျမန္ျပန္ၿပီးေတာ့ Recover ျဖစ္တယ္။

အဲ့ေတာ့ အဲ့ဒါကို အရင္ဝင္တယ္။ စကားကို ကိုယ့္ကိုကိုယ္ တကယ္ယုံၾကည္မႈ နဲ႔ ေျပာႏိုင္ေအာင္ တကယ့္ ေဆးဝါး သုံးမထားတဲ့ လူတစ္ေယာက္ျဖစ္ေနေအာင္ ကြၽန္ေတာ္ တလခြဲေလာက္ လိုအပ္ခဲ့တယ္။ အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္ ျဖတ္ခ်င္တယ္ ႐ုန္းခ်င္တယ္ ဒါေပမယ့္ ကြၽန္ေတာ္လဲ အီးေလးလိုက္ေနတယ္။ ဘယ္လိုေျပာရမလဲ ကြၽန္ေတာ္လဲ ေတာ္ေတာ္ေလး အျမင္ကပ္ဖို႔ေကာင္းတဲ့ မင္းသားပါပဲ။ အမွန္တိုင္းေျပာရမယ္ဆိုရင္ေတာ့ ပရိသတ္ေတြေနရာကၾကည့္ရင္ ေတာ္ေတာ္ေလး အျမင္ကပ္စရာေကာင္းမယ္ အူယားစရာေကာင္းမယ္။ ခ်စ္တဲ့ ပရိသတ္ေတြအတြက္ကေတာ့ ရင္တမမနဲ႔ေပါ့ေနာ္။ ငါတို႔ မင္းသားေလး သြားၿပီလားေပါ့။ မ်ိဳးစုံပါပဲဗ်ာ ဒီၾကားထဲမွာ ႀကဳံေတြ႕ျဖတ္သန္းလာခဲ့ရတာေတြကေတာ့ ေျပာရမယ္ဆိုရင္ ကုန္မယ္ မထင္ပါဘူး။ ေနာက္မွ ေျဖးေျဖးခ်င္းေျပာၾကတာေပါ့။

ေဆးျဖတ္စခန္းမွာ (၃၂)ရက္ ၾကာခဲ့တယ္။ ကြၽန္ေတာ့္ကို ကူညီခဲ့တာက မွန္ တစ္ခ်က္ပါပါတယ္ အဲ့ မွန္အေရွ႕မွာမွ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဘယ္ေလာက္ဆိုး႐ြားေနၿပီလဲဆိုတာ ေသေသခ်ာခ်ာ ျမင္လိုက္ရတာ။ ဆိုးတာဆိုးတာဆိုတာ မွန္ၾကည့္ဖို႔ေတာင္မွပဲ အခ်ိန္မေပးေတာ့ဘူး။ပက္ပက္စက္စက္ဆိုးခဲ့တာ။ မလြယ္ဘူး။ နားေထာင္တဲ့သူက ဂုဏ္ယူပါေစေတာ့ဆိုၿပီး ကြၽန္ေတာ့္မွာ ေစတနာပါတယ္ဗ်ာ။ မလြယ္တဲ့ ကိစၥတစ္ခုလုပ္ေပးတယ္လို႔ အားလုံးကို သေဘာေပါက္ၾကေစခ်င္တယ္။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္လဲ ေက်းဇူးတင္တယ္။ ကြၽန္ေတည္ ဒီဘဝကို တကယ္လိုခ်င္တာ။ မေရာက္ခဲ့တာက ဒီလိုပဲ အႀကိမ္ေပါက္း ေျမာက္မ်ားစြာ ျပန္ျပန္ပါသြားလို႔။ ခုေတာ့ Promise to The Country ဆိုေတာ့ ကြၽန္ေတာ့္ကတိ ေလးနက္သြားၿပီ။ သူကျပန္ၿပီးေတာ့ ကြၽန္ေတာ့္ကို တြန္းအားေပးလို႔ ရသြားၿပီ။ ကြၽန္ေတာ္ လိုအပ္တဲ့ အခ်ိန္တိုင္း အခ်ိန္တိုင္းမွာ အဲ့တြန္းအားကို ျပန္ၿပီးေတာ့ ကြၽန္ေတာ္ သုံးလို႔ရၿပီ။ ” လို႔ ရဲတိုက္က ယုံၾကည္မႈအျပည့္နဲ႔ ေျဖၾကားခဲ့ပါတယ္။ပရိတ္သတ္ႀကီးေရ မူးယစ္ေဆးကို စြန႔္လႊတ္ၿပီး တခ်ိန္က ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသားရဲတိုက္ကေတာ့ ပရိတ္သတ္ေရွ႕ေမွာက္ကို ျပန္လည္ေရာက္ရွိေတာ့မွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

unicode

ဆေးဖြတ်တဲ့ စခန်း မှာ တစ်လခွဲလောက်နေခဲ့ရတဲ့ အတွေ့အကြုံကို ဝေမျှလာတဲ့ ရဲတိုက်(ရုပ်သံ)

ပရိတ်သတ်ကြီးရေ တချိန်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသား ရဲတိုက်ကတော့ မူးရစ်ဆေးဝါးများကြောင့် ရုပ်ရှင်ပိတ်ကားထက်ကနေ ပျောက်ကွယ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဆေးဖြတ်ဖို့ စိတ်ကူးရှိပေမဲ့လည်း အချိန်ဆွဲတတ်တာကြောင့် အခုလောက်ထိ ကြန့်ကြာနေခဲ့ရတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ မင်းသားရဲတိုက်ဟာ ဆေးဖြတ်တဲ့စခန်းမှာ တလကျော်ကြာ သွားရောက်ကုသခဲ့ပြီး ဆေးဖြတ်ခဲ့တဲ့အကြောင်းကို အခုလိုပဲ မီဒီယာမှာ ဖြေကြားခဲ့ပါတယ်။ ” ကျွန်တော် Vote ပေးချင်တာဗျာ။ အရင် မူးယစ်ဆေး မသုံးခင်တုံးက ကျွန်တော် ပရိသတ်ရှေ့မှာ ဘယ်လိုနေခဲ့လဲဆိုတာ မှတ်မိချင် မှတ်မိပါလိမ့်မယ် မမှတ်မိချင်လဲ မမှတ်မိလောက်တော့ပါဘူး။ ကျွန်တော် အခုလိုမျိုးနေတာ မဟုတ်ဘူးလေနော်။ ပရိသတ်အားလုံး ချစ်တဲ့လူအဖြစ်နဲ့နေတာလေနော်။

အခုကျတော့ တော်တော်များများတွေကို ဖြတ်ကျော်ပြီးတဲ့ အခါမှာ ဆေးစွဲနေ တဲ့ သတင်းတွေတို့ ကျွန်တော်နဲ့ ပတ်သတ်တဲ့ မကောင်းတဲ့ အရာတွေ အင်တာနက်ပေါ်မှာ ပျံ့နှံကုန်တာတို့ အဲ့တာတွေကို ကျွန်တော် ကျော်ဖြတ်ပြီးနောက်ပိုင်းမှာတော့ ကျွန်တော့်မှာ သိမ်ငယ်သွားရတာပေါ့။ငါ ဆေးဖြတ်ပစ်မယ်ကွာလို့။ကျွန်တော့အတွက်က တော်တော် ခက်တယ်။ ခက်လို့ ကျွန်တော် ခဏခဏရှုံးတယ်။ ခဏခဏပြန်ပြီးတော့ ဒီချောက်ထဲကျတယ်။ ကျွန်တော်အတွက်တော့ ရိုးနေပြီ အကြိမ်ပေါင်းများစွာ ဆိုတော့။ အဲ့တော့ ရှုပ်တယ်ကွာလို့။ အဲ့အချိန်မှာ အမှန်တိုင်းပြောရရင် နှလုံးသားက လှုပ်ရှားနေပြီ။ ဘာလို့လဲဆိုတော့ Vote ပေးချင်တာ ဘယ်လိုပုံစံနဲ့ ပေးရင်ကောင်းမလဲ မသိဘူး။ စဉ်းစားနေတာ။ နောက်ဆုံး လေးလေးနက်နက် စဉ်းစားမိတဲ့ အချိန်မှာ ကျွန်တော့်ဘေးမှာရှိတဲ့ လူနဲ့ ကျွန်တော် တိုင်ပင်တယ်။ ကျွန်တော် ဆေးဖြတ်စခန်းဝင်မယ်ဗျာလို့။ ကိုယ့်ဟာကိုယ် အိမ်မှာ ဖြတ်လို့မရဘူးလား ရတယ်။ ဒါပေမယ့် ဆေးဖြတ်စခန်းမှာ သွားဖြတ်ရင် ပိုပြီးမြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးဖြတ်စခန်းမှာရှိတဲ့ အရာတွေက ကျွန်တော်တို့ကို Treatment ပေးလိုက်တဲ့အခါမှာ ကျွန်တော်တို့တွေက မြန်မြန်ပြန်ပြီးတော့ Recover ဖြစ်တယ်။

အဲ့တော့ အဲ့ဒါကို အရင်ဝင်တယ်။ စကားကို ကိုယ့်ကိုကိုယ် တကယ်ယုံကြည်မှု နဲ့ ပြောနိုင်အောင် တကယ့် ဆေးဝါး သုံးမထားတဲ့ လူတစ်ယောက်ဖြစ်နေအောင် ကျွန်တော် တလခွဲလောက် လိုအပ်ခဲ့တယ်။ အမှန်တိုင်းပြောရရင် ကျွန်တော် ဖြတ်ချင်တယ် ရုန်းချင်တယ် ဒါပေမယ့် ကျွန်တော်လဲ အီးလေးလိုက်နေတယ်။ ဘယ်လိုပြောရမလဲ ကျွန်တော်လဲ တော်တော်လေး အမြင်ကပ်ဖို့ကောင်းတဲ့ မင်းသားပါပဲ။ အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေနေရာကကြည့်ရင် တော်တော်လေး အမြင်ကပ်စရာကောင်းမယ် အူယားစရာကောင်းမယ်။ ချစ်တဲ့ ပရိသတ်တွေအတွက်ကတော့ ရင်တမမနဲ့ပေါ့နော်။ ငါတို့ မင်းသားလေး သွားပြီလားပေါ့။ မျိုးစုံပါပဲဗျာ ဒီကြားထဲမှာ ကြုံတွေ့ဖြတ်သန်းလာခဲ့ရတာတွေကတော့ ပြောရမယ်ဆိုရင် ကုန်မယ် မထင်ပါဘူး။ နောက်မှ ဖြေးဖြေးချင်းပြောကြတာပေါ့။

ဆေးဖြတ်စခန်းမှာ (၃၂)ရက် ကြာခဲ့တယ်။ ကျွန်တော့်ကို ကူညီခဲ့တာက မှန် တစ်ချက်ပါပါတယ် အဲ့ မှန်အရှေ့မှာမှ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လောက်ဆိုးရွားနေပြီလဲဆိုတာ သေသေချာချာ မြင်လိုက်ရတာ။ ဆိုးတာဆိုးတာဆိုတာ မှန်ကြည့်ဖို့တောင်မှပဲ အချိန်မပေးတော့ဘူး။ပက်ပက်စက်စက်ဆိုးခဲ့တာ။ မလွယ်ဘူး။ နားထောင်တဲ့သူက ဂုဏ်ယူပါစေတော့ဆိုပြီး ကျွန်တော့်မှာ စေတနာပါတယ်ဗျာ။ မလွယ်တဲ့ ကိစ္စတစ်ခုလုပ်ပေးတယ်လို့ အားလုံးကို သဘောပေါက်ကြစေချင်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လဲ ကျေးဇူးတင်တယ်။ ကျွန်တေည် ဒီဘဝကို တကယ်လိုချင်တာ။ မရောက်ခဲ့တာက ဒီလိုပဲ အကြိမ်ပေါက်း မြောက်များစွာ ပြန်ပြန်ပါသွားလို့။ ခုတော့ Promise to The Country ဆိုတော့ ကျွန်တော့်ကတိ လေးနက်သွားပြီ။ သူကပြန်ပြီးတော့ ကျွန်တော့်ကို တွန်းအားပေးလို့ ရသွားပြီ။ ကျွန်တော် လိုအပ်တဲ့ အချိန်တိုင်း အချိန်တိုင်းမှာ အဲ့တွန်းအားကို ပြန်ပြီးတော့ ကျွန်တော် သုံးလို့ရပြီ။ ” လို့ ရဲတိုက်က ယုံကြည်မှုအပြည့်နဲ့ ဖြေကြားခဲ့ပါတယ်။ပရိတ်သတ်ကြီးရေ မူးယစ်ဆေးကို စွန့်လွှတ်ပြီး တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားရဲတိုက်ကတော့ ပရိတ်သတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Add a Comment

Your email address will not be published. Required fields are marked *

three × 3 =