



unicode

ဟာသ သရုပ်ဆောင်တွေနဲ့အတူ တောရွာရိုးရာဓလေ့ကို ပေါ်လွှင်အောင် ရိုက်ကူး ထားတဲ့ ဖြူဖြူထွေး ရဲ့ ဗွီဒီယို(ရုပ်သံ)

မင်းသမီးချောလေးဖြူဖြူထွေးကတော့ အောင်မြင်လျက်ရှိနေတဲ့အနုပညာရှင်တွေ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာ ရယူထားနိုင်ခဲ့ကာ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

သူမဟာ ယခုလို ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ ဇာက်ပို့ ဇာက်ရံ တစ်ချို့ကို ဝင်ငွေ တဖက်တလမ်းရအောင် ကြော်ငြာလေးတွေ ခေါ်ရိုက်ရင်း သူမတတ်အားသမျှ အလှူပြုရင်း ဂါရဝပြုလေ့ရှိပါတယ်။

ဒီနေ့မှာတော့ ဒိန်းဒေါင်းတို့အတူ ကြော်ငြာရိုက်ထားတဲ့ ဗီဒီယိုလေး ချပြလာတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဖြူဖြူထွေးရဲ့ တောဓလေ့လေး ပေါ်လွင်အောင် ရိုက်ထားတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

five + nineteen =