အရှေ့တောင် အာရှနိုင်ငံတွေ မှာ ကိုဗစ် ဖြစ်ပွားမှု နဲ့ သေဆုံး မှု နည်းခြင်း အကြောင်း အရင်း

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာ ရှနိုင်ငံတွေ မှာ ကိုဗစ် ဖြစ်ပွားမှု နဲ့ သေဆုံးမှု နည်းခြင်း အကြောင်းအရင်း

ကျန်တဲ့ တကမ္ဘာလုံး မှာ ဘယ်လောက်ပဲ သေသေ ကိုဗစ်-၁၉ ဟာ Vietnam, Laos, Cambodia, Thailand and Myanmar ဆိုတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေမှာ ဖြစ်တာလည်းနည်း သေတာလည်း နည်းတယ်တဲ့။ Vietnam, Laos, Cambodia ဆို လုံးဝ မသေသေးဘူး။ အံ့သြစရာက Cambodia ပါ ဝူဟန်နဲ့တောင် လေကြောင်းသွားလာတုန်းလို့ ဆိုတယ်။ လူတွေက ပြွတ်သိပ်နေကြရတယ်။ စက်ရုံတွေမှာ ကျဉ်းကျဉ်းကျပ်ကျပ် လုပ်နေကြရတယ်။

ဒါပေမယ့် ကိုဗစ်က ညှာတာပေးနေ တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေ တစ်သန်းမှာ လူရာကျော်နှုန်းနဲ့ သေနေချိန်မှာ မြန်မာက လူတစ်သန်းကို ဝ.၁ ယောက်၊ ထိုင်းက လူ ၁ သန်းကို ဝ.၈ ယောက်ပဲ သေသတဲ့။ ဘာကြောင့်များလဲ။

၁။ အပူချိန်။

ကိုဗစ်ဟာ ၁၀-၁၅ စင်တီဂရိတ် အတွင်းရှိတဲ့ ဒေသတွေမှာ ဒုက္ခ အပေးဆုံးပဲ။ ဝူဟန်ကိုယ်တိုင်က မတ်လအထိ ၁၅ စင်တီဂရိတ် မကျော်တာ။ MDY မှာ ဒီနေ့ ၃၈ စင်တီဂရိတ် (၁၀၁ ဖာရင်ဟိုက်)။ ၂၅ ကနေ ၄၀ စင်တီအတွင်း ရှိနေတဲ့ အရှေ့တောင်အာရှမှာ ပိုးဟာ ချည့်နဲ့နေပုံရပါတယ် လို့ ရေးတယ်။

၂။ ဆင်းရဲ ချမ်းသာ

ဝင်ငွေ ဂျီဒီပီ (GDP) သိပ်ကောင်း တဲ့ Western Europe, North America တွေမှာ လူပိုသေတယ်။ အသက်ကြီးသူ ပိုများတာရယ် ဝသူပိုများတာရယ်ကြောင့် ဖြစ်နိုင်ပါသတဲ့။ အရှေ့တောင်အာရှကတော့ ဂျီဒီပီနည်းတာပေါ့။ အသက်ရှည် ချမ်းသာတာဆိုတော့ ဂျပန်နဲ့ ကိုရီးယား ပြေးမြင် မိတယ်။

၃။ ငှက်ဖျား။

ငှက်ဖျားဖြစ်ဖူးသူတွေ မို့ ကိုဗစ်ကို ခံနိုင်ရည် ရှိတာများလားလို့ စာရေးသူက တွေးတယ်တဲ့။ ဒါတော့ ကျနော်သဘောမတူဘူး။ ကျနော်တို့မှာ ငှက်ဖျား မဖြစ်တာကြာပြီ။ ဖြစ်ခြင်းဖြစ်ရင် Typhus တို့ Dengue တို့ကြောင့်ဆို ဖြစ်နိုင်မယ်လို့ တွေးမိတယ်။

၎။ Haemoglobin E Disease

သာလာစီးမီး ယားနွယ်ဝင် မျိုးရိုးလိုက် သွေးအား လည်း ရောဂါဟာ အရှေ့တောင်အာရှမှာ အင်မတန်ပေါတယ်။ Haemoglobin E ရှိသူတွေဟာ ငှက်ဖျားကို အထိုင်အလျောက် ခံနိုင်ရည် ရှိတယ်။ Haemoglobin E ကပဲ ကိုဗစ်ကို ကာကွယ်နေတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။

Ref – thegeopolitics

ကျနော်ကတော့ Mask ရယ်၊ အပူချိန်ရယ်၊ လူနေ အစိတ် အကျဲရယ် rickettsia (Typhus) နဲ့ သွေးလွန်တုတ်ကွေးရယ်က ကာကွယ်နေတာလို့ ယူဆပါတယ်။

Ye Min – Maung Maung Oo

Add a Comment

Your email address will not be published. Required fields are marked *

10 − 7 =