ကြည့်ရှု့သူများပြားနေတဲ့ အခြောက်ဗားရှင်းနဲ့ ဂျွန်ဂျူလိုင်မှာရွာတဲ့ မိုးဖွဲလေးများသီချင်းကို ဆိုပြခဲ့တဲ့ ကျော်ကျော် ရဲ့ ဗီဒီယိုလေး

Posted on

သရုပ်ဆောင် ကျော်ကျော်ကတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားနဲ့ ဇာတ်လမ်း တွဲတွေ များစွာမှာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နေရတဲ့ နာမည်ကြီးမင်းသားတစ်လက်ပါပဲ။ သရုပ်ဆောင်မင်းသားဆိုပေမယ့် မာန်မာန လုံးဝမကြီးပဲ ပျော်ပျော်သာနေတတ်တဲ့ ကျော်ကျော်ဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုသာမကပဲ အနုပညာ ညီအစ်ကိုမောင်နှမတွေရဲ့ ခင်မင်မှုကိုလည်း ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျော်ကျော်က သရုပ်ဆောင်ဆုမြတ်နိုးဦးနဲ့အတူတူ အွန်လိုင်း Live Sale လေးတွေ ရောင်းချပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကို အမြဲတမ်းရယ်မော ပျော်ရွှင်စေတဲ့ ကျော်ကျော်ဟာ ဒီတစ်ခါမှာလည်း ဂစ်တာလေးတီးပြီး သီချင်းဆိုကာ ပရိသတ်တွေကို ရယ်မောစေခဲ့ပြန်ပါတယ်။ ကျော်ကျော်က ဖေ့စ်ဘုတ်မှာ နာမည်ပြန်ကြီးနေတဲ့ “အမှတ်တရ” သီချင်းလေးကို အခြောက်ဗားရှင်းဆိုပြီး မိန်းမလျာတွေသုံးစွဲတဲ့ စကားအသုံးအနှုန်းတွေနဲ့ သီဆိုပြခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ကျော်ကျော်ကတော့ ဂျွန် ဂျူလိုင်မှာရွာတဲ့ မိုးဖွဲလေးများ သီချင်းကို အခြောက်ဗားရှင်း နဲ့ ရယ်စရာကောင်းအောင် ဆိုပြခဲ့တာ နံဘေးနားမှာရှိတဲ့ ဆုမြတ်နိုးဦးတင်မကပဲ ပရိသတ်တွေအားလုံးလည်း သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Source: Kyaw Kyaw’s fb

zawgyi




Source: Kyaw Kyaw’s fb