ပျော့‌ပျောင်းလှပ တဲ့ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ လေ့ကျင့်ခန်း လုပ်နေပြီး ဆွဲဆောင်မှု ပိုနေ တဲ့ နွယ်နွယ်ထွန်း ရဲ့ ပုံရိပ်များ

ပရိသတ်ကြီးရေ….. လူမှုကွန်ယက် စာမျက်နှာမှာ အလန်းစား ပုံရိပ်လေးတွေနဲ့ လူသိများလာခဲ့တဲ့ မော်လ်ဒယ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နွယ်နွယ်ထွန်းကို သိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ဖွေးဥနေတဲ့အသားအရည်လေးနဲ့ ခပ်မိုက်မိုက်ဘော်ဒီအချိုးအစားလေးဟာလည်း အပြတ် အသတ်ကိုဆွဲဆောင်မှုရှိနေတဲ့အလှတရားလေး တွေလို့ ဆိုရရင်မှားမယ် မထင်ပါဘူး။ နွယ်နွယ်ထွန်းဟာ photo shootingတွေလည်းရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကတော့သူမကို ချစ်စနိုးနဲ့ရစ်ရစ်လို့ခေါ်ကြတာလည်း ဖြစ်ပါတယ်။

နွယ်နွယ်ထွန်းဟာအနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိတာ မကြာသေး‌ပေမယ့်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့သူလေးပါ။ သူမဟာချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ ခပ်လန်းလန်းပုံတွေကိုsocial networkတွင်မကြာခဏ ဆိုသလိုတင်ပေးတတ်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားတာဆိုလည်း မမှားပါဘူးနော်။

နွယ်နွယ်ထွန်းဟာ အခုလတ်တလော မှာဆိုရင် လှပတဲ့ဘော်ဒီလေးရရှိဖို့အတွက် gymဆော့နေတာလည်းဖြစ်ပြီး သူမရဲ့လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံလေးတွေကိုတင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း နွယ်နွယ်ထွန်းဟာ သူမရဲ့ Facebookစာမျက်နှာမှာ “အပေါ်က ကျော်သွားမလား အောက်က ငုံ့သွားမလား ရွေးချယ်ရမှာက မင်း တာဝန်….” ဆိုတဲ့ captionလေးနဲ့ gymကပုံရိပ်လေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nwe Nwe Tun’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

2 × one =