ပင်ကိုယ် အလှတရားတွေကို ပိုမိုပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေး နဲ့ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ မမဆောင်း

မမဆောင်းလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီး ဆောင်းအိနြေ္ဒထွန်း ကတော့ လက်ရှိ လူမှုကွန်ယက် စာမျက်နှာထက်မှာ သူမရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်တွေက ပရိသတ်တွေကြား နာမည်ကျော်ကြားလျက်ရှိနေတာကို တွေ့ရပါတယ်။ Music video တွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မမဆောင်းက ဗီဒီယို ဇာတ်ကားတွေမှာလည်း ရိုက်ကူး ခဲ့ပြီး ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိထားတာလည်း ဖြစ်ပါတယ်။

ပွင့်လင်းပြီး စိတ်ရင်းကောင်းတဲ့ မမဆောင်းရဲ့ အပြောလေး တွေက ပရိသတ်တွေကို အချစ်ပိုစေတာဖြစ်ပြီး လက်ရှိမှာလည်း အနုပညာ လှုပ်ရှားမှုတွေကို ယခင်ကထက် ပိုမိုလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ အမြဲလိုလို ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ မမဆောင်းက ကျက်သရေရှိပြီး ကြည့်ကောင်း နေတာလည်း ဖြစ်ပါတယ်။

ယနေ့မှာလည်း မမဆောင်းက သူမရဲ့ တောင်းတင်းလှပတဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်း အလှကို ပိုမိုပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးနဲ့ ဆွဲဆောင်မှု ရှိရှိ ပိုစ့်ပေး ဓါတ်ဖမ်းနေတာလည်းဖြစ်ပါတယ်။ စာဖွဲ့မမှီလောက်တဲ့ မမဆောင်း ရဲ့ ပုံရိပ်လေးတွေက ကြည့်မိသူ ပရိသတ်တိုင်းကို အချစ်ပိုမိစေမှာဖြစ်လို့ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်. ။ ကဲ…ချစ်ရတဲ့ ပရိသတ်ကြီးကလည်း မမဆောင်းရဲ့ ဆက်လက်လျှောက် လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို အားပေး လိုက်ကြပါဦးနော်… ။

Photo credit – Min Khant Kyaw photography

Add a Comment

Your email address will not be published. Required fields are marked *

14 + five =