



source : (သံသာ)

unicode

လှပကျော့ရှင်းစွာကူးခတ် နေတဲ့ငန်းဖြူ အသွင်မျိုး နဲ့ ထူးခြားတဲ့ ဇိမ်ခံ ရွက်လှေ (တပုံချင်းစီကြည့်မှ တော်တော်လှတာပဲ)

ရေပြင်မှာလှပကျော့ရှင်းစွာကူးခတ် နေတဲ့ငန်းဖြူအသွင်မျိုးနဲ့ ထူးခြားတဲ့ ဇိမ်ခံ ရွက်လှေကို အီတလီနိုင်ငံအခြေစိုက် ဒီ ဇိုင်းပညာရှင်ဖြစ်သူ ပီယာပေါ်လိုလက်ဇာ ရီနီက ဒီဇိုင်းဖန်တီးထားခဲ့ပါတယ်။

ငန်း ဖြူတစ်ကောင်လို ကိုယ်ထည်အပြင် ငန်း ဖြူရဲ့ ဦးခေါင်းနေရာ ကလည်း ရွက် လှေရဲ့ အထူးခြားဆုံးလုပ်ဆောင်ချက်ပုံစံဖြစ်ပါ တယ်။ ငန်းဖြူရဲ့လည်တိုင်လိုနေရာက မျှော်စင်ငယ်လိုဖန်တီးထားတာဖြစ်ပြီး ငန်းဖြူရဲ့လည်တိုင်ထိပ်မှာ ရွက်လှေရဲ့ ထိန်းချုပ်မောင်းနှင်ခန်း ရှိတာဖြစ်ပါတယ်။

ဒါ့ပြင်အဆိုပါ ငန်းဖြူရဲ့ ဦးခေါင်း ကိုမှ ရွက်လှေကြီး ရဲ့ ချဉ်းကပ်မော်တော်ဘုတ် လှေငယ်အဖြစ်လည်း အသုံးပြုနိုင်ပြီး လည်တိုင်ကို ရေပြင်မှာနှိမ့်ချကာ ဘုတ် ငယ်ကိုပင်မရွက်လှေကနေဖြုတ်ပြီး သီး သန့်မောင်းနှင်သွားလာနိုင်တဲ့ဒီဇိုင်းလည်း ဖြစ်ပါတယ်။ အထပ်ငါးထပ်ပါတဲ့ ရွက် လှေဖြစ်ပြီး လူ ၆ဝ ဦးမျှလိုက်ပါ စီးနီးနိုင်ပါ တယ်။ ပေ၄၅၀ ရှည်တဲ့ရွက်လှေဖြစ်ပြီး ရေမိုင်နှုန်း၁၈နဲ့ မောင်းနှင်နိုင်စွမ်းရှိကာ တန်ကြေးအားဖြင့် ဒေါ် လာသန်း၅ဝဝလို့ သိရပါတယ်။

source : (သံသာ)

Add a Comment

Your email address will not be published. Required fields are marked *

12 + seventeen =