ကပ်ဆိုက်တဲ့ အခါ ကာကွယ်ဖို့ ဆရာတော် ဘုရားကြီး၏ ဩဝါဒ

ပါေ မာက္ချခဳပ် ဆရာေတာ် ဘုရားကြီး၏ ဩဝါဒ

ကပ်ဆိုက် တဲ့ အခါ –

( 1 ) ငါးပါးသီလ မြဲခြင်း

( 2 ) အသားငါး စားသုံးမူ့ နည်းခြင်း

( 3 )ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ

ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့ …ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ , ဒေါသ , မောဟတွေ များလို့သဘာဝတရားကြီးက ရပ်တန့်သွားအောင် ပညာပေးတာ …

ငါးပါးသီလ လုံခြုံအောင် စောင့်ထိမ်းခြင်းရဲ့ အကျိုး ကို သိပ္ပံ ကိရိယာတွေနဲ့တိုင်းလို့မရဘူး …

ကမ္ဘာလောကဓါတ်ကြီးဟာသတ္တဝါတွေရဲ့ ကံတရား အတိုင်း ဖြစ်တည်နေတာ …ဘုရားရှင်တွေ မပွင့်တဲ့ အချိန် သာသနာပကာလမှာလည်း

လူသားတွေ ငါးပါးသီလ လုံခြုံကြ လို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ စောင့်ကြပ်ပေးကြတယ် …

အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူ ပြည်သားတွေ လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ် …

အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး …လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲတခြားလမ်းက သွားတယ်

အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ် …လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ် …

ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိုးဟာ နည်းနည်းနောနောမဟုတ်ဘူး …မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ် …

ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့ အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ

ဒါက လွဲချော်မှု ❝ နံပါတ်တစ် ❞ ပါ …❝ နံပါတ်နှစ် ❞အသားငါး စားသုံး မှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး …

ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ အသားငါး မစားရင်ကိုယ်ခံအား မကောင်းဘူး လို့လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ် …

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ် …

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မရဘူး …အသားငါး စားထားသူဟာ အနံ့အသက် မကောင်းဘူး အိမ်မက်ပေးဖို့မလွယ်ဘူး နိမိတ်တွေပြဖို့ ခက်ခဲတယ်

အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ် …

အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါ ရောပါသွားတတ်တဲ့ သဘောရှိတယ် …

ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ် …ဒါပေမယ့် သူတို့အနားကပ်လို့က မရဘူး …

အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာ ဒါက လွဲချော်မှု ❝ နံပါတ် နှစ် ❞

❝ နံပါတ်သုံးက ❞ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့ တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက် ပရိတ်က အရံအတား မဖြစ်စေဘူး …ပရိတ်ရွတ်တဲ့ အခါ

ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ် …

ကပ်ဘေးကြောင့် လူတွေ သေကြတယ် အဲဒီ သေတဲ့ သူတွေ ကို ညအခါ ဘီလူး , မြေဘုတ် , ပြိတ္တာတွေက လုယူစားသောက်ကြတယ်။

ဒါတွေကို ပကတိ မျက်စိနဲ့ မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။

ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖန်သူရဲ့ သီလ , သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ လူတွေကို မူးဝေအောင်လုပ်ကြတယ်။

ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေ ဖြစ်အောင် ကြိုးစားကြတယ်။ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့် ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့

အသံထွက် မှန်ရမယ် ယုံကြည်ရမယ် ကံကြီးထိုက်သူ မဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံချက်နဲ့ ညီရတယ်တဲ့ … ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင် တွေပဲ သိတယ် သိတာတောင် မယုံကြည်တဲ့သူက များတယ်ဒါက လွဲချော်မူ့ ❝ နံပါတ် သုံး ❞ ပါပဲ။

အခုတော့လက်ဆေးကြ , အပြင်မထွက် ကြနဲ့ ဆိုတဲ့မျက်မြင်သဘော ကာကွယ်မူ့တွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မြ မင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့ အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့… ။

ပါချုပ်ဆရာတော်ကြီး

Add a Comment

Your email address will not be published. Required fields are marked *

14 − 4 =