အိမ်မှာ ပဲအလန်းစားပုံစံနဲ့ အပန်းဖြေနေ တဲ့ ပိုပို

ပရိသတ်ကြီးရေ.. လူငယ်အကြိုက်သီချင်းကောင်းလေးတွေ နဲ့ ပရိသတ်တွေ ရဲ့ရင်ထဲ အခိုင်အမာတိုးဝင် နေရာယူထားသူလေးကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်နော်..။ဂီတပိုင်းမှာ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ ပိုပိုကတော့ ချစ်စရာဟန်ပန်လေးတွေနဲ့အတူ ဇာတ်လမ်းတွဲလည်း ရိုက်ကူးထားပြီး ပြည်သူ ချစ်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်နော်.. ။

ပိုပိုကတော့ အခုလို Stay Home ကာလလေးမှာလည်း ပရိသတ်တွေကို ကျန်းမာကြစေဖို့ ဆုတောင်းစကားလေးဆိုလိုက်ပြီး အိမ်မှာပဲ အပန်းဖြေအနားယူနေတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။ အေးအေးချမ်းချမ်း အပန်းဖြေနေတဲ့ ပုံရိပ်လေးတွေကို ဝေမျှရင်း သူမရဲ့ချစ်သူအကြောင်းလေးကိုလည်း အရွှန်းဖောက် ပြောကာ စနောက်ရင်း ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ ပြောထားပါသေးတယ်နော်..။

“ချစ်သူနဲ့ ဒိတ်မယ်ပေါ့သွားစရာနေရာ မရှိတော့လဲ rooftop မှာပဲချစ်သူနဲ့ ဒိတ်တော့မယ်(ပို့ချစ်သူက မျက်မှန်နဲ့ အလန်းနော် ရှင်တို့မှာရောရှိလား??? )ကဲ ပရိတ်သတ်တွေလဲ ဖြစ်နိုင်ရင်အိမ်မှာပဲနေကြပါ ကျန်းမာရေးဂရုစိုက်ပါ Vitamin တွေ ပါတဲ့ အသီးအရွက်များများစားပါ..” ဆိုပြီး ပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။ချစ်စရာလည်းကောင်းသလို စတတ်နောက်တတ်တဲ့ ပိုပိုရဲ့ ချစ်စရာပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျ အချစ်ပိုနေကြမှာပါနော်..။

Source & Photo Credit – ပိုပို Fb Page

Add a Comment

Your email address will not be published. Required fields are marked *

ten − one =