ကမၻာႀကီးေတာင္ ႏွစ္ျခမ္း ကြဲသြားႏုိင္တဲ့ ကုိဗစ္ ရဲ႕ ရုိက္ခ်က္ နဲ႔ ေရာဂါၿပီးေၾကာင္း လက္မွတ္

ကိုဗစ္၁၉ အျဖစ္မ်ား တဲ့ ႏိုင္ငံေတြ (ၿဗိတိန္၊ ဂ်ာမနီ၊ ခ်ီလီႏွင့္ အေမရိကန္ အထူး သျဖင့္ ၿဗိတိန္) က Immunity Passport (Immunity Certificate) ဆိုတဲ့ ေရာဂါမရွိေၾကာင္း (ေရာဂါၿပီးေၾကာင္းလက္မွတ္) ကို စေျပာလာတယ္။ Passport ပါမွ ႏိုင္ငံျခားကို သြားလို႔ ရသလိုေပါ့ေလ။ လြတ္လပ္စြာ ျပန္လည္ သြားလာခြင့္ ကို သတ္မွတ္ၾက မွာ လားေပါ့ေလ။

Covid-19 ေရာဂါျဖစ္ၿပီးေၾကာင္း နာလန္ထ လက္မွတ္ (Smartphone code or Wristband) ရထားသူေတြဟာ သူမ်ားေတြကို ေရာဂါ ထပ္ျဖန႔္မွာ မဟုတ္ေတာ့လို႔ ကမာၻအႏွံ႔ ခရီးသြား လာခြင္ စီးပြား လုပ္ခြင့္ေပးဖို႔ ေတာင္းဆိုလာတာျဖစ္တယ္။

ဒီအယူအဆက ေထာက္ခံ သူေတြက “ဒီနာလန္ထလူေတြက အလုပ္ျပန္လုပ္လာလို႔ က်ဆင္းေနတဲ့ ကမာၻ႔စီးပြားေရးကို ျပန္ျမႇင့္တင္ေပးႏိုင္မွာ ျဖစ္တယ္” လို႔ ေလွ်ာက္လဲၾကတယ္။

သို႔ေသာ္ နာလန္ထေတြကို ခရီး လြတ္လပ္စြာ သြားခြင့္ေပးၿပီး မျဖစ္ေသးသူ လူမ်ားစုကို ကန႔္သတ္ ခ်ဳပ္ခ်ယ္ထားမယ္ဆိုရင္ေကာ တရားမွ်တပါရဲ႕လား။ ဥပမာ- လက္ဖက္ရည္ဆိုင္ ထိုင္ခ်င္ရင္ လက္မွတ္ျပ၊ ဘတ္စ္ကားစီးခ်င္ရင္ လက္မွတ္ျပ၊ ႐ုပ္ရွင္႐ုံမွာ ၾကည့္ခ်င္ရင္ လက္မွတ္ျပ၊ ေဟာ္တယ္မွာတည္းခ်င္ရင္ လက္မွတ္ျပ၊ တ႐ုပ္ျပည္မွာ ေက်ာက္သြားေရာင္း ခ်င္ရင္ လက္မွတ္ျပ။

ေနာက္ၿပီး စီးပြားလုပ္ခ်င္သူ လူငယ္ေတြက ေရာဂါကူးေအာင္ တမင္လုပ္လာၾကရင္ေကာ။ မေသခ်ာေသးတဲ့ အခ်က္က Covid-19 တစ္ခါ ျဖစ္ၿပီးရင္ ေနာက္တခါ ျပန္မျဖစ္တာ ေသခ်ာလို႔လား ဆိုတာေပါ့။ Negative ျဖစ္သြားသူေတြ ျပန္ Positive ျဖစ္တာေတြလည္း ျငင္းေနၾကတုန္း။ သာမာန္ သုံးေနက် Ordinary PCR က ပိုးအေသ နဲ႔ အရွင္ မခြဲျခားႏိုင္ဘူး လို႔ ပညာရွင္ တခ်ိဳ႕က ဆိုတယ္။ ဒီေတာ့ အေသေတြ ေတြ႕လည္း Positive လို႔ပဲ ေပးမွာပဲလို႔ ယူဆၾကတယ္။

Antibody test ေတြ နဲ႔ စစ္မယ္၊ Antibody ေတြ႕ရင္ ေရာဂါ “ၿပီး” ၿပီလို႔ သတ္မွတ္ၾကမွာလား။ ဒါဆိုရင္ Test အရည္အေသြးက စကားေျပာလာၿပီ။ အရည္အေသြးမွန္လာၿပီး ဆိုဦးေတာ့ ဘယ္ antibody က ေရာဂါကို “ၿပီးေစ”တာလဲ ဆိုတာ ေသခ်ာ မေျပာႏိုင္ပါဘူး။ IgM က Short term ကာကြယ္ေပးတာလား၊ တစ္သက္လုံးက်န္ရစ္မယ့္ IgG က တစ္သက္လုံး ကာကြယ္ေပး မွာလား၊ Mucosal infection ျဖစ္လို႔ ကာကြယ္ေပးမွာက IgA ျဖစ္မွာလားေပါ့ေလ။

ေနာက္ဆုံးေတာ့ ကမာၻႀကီးဟာ ပိုးကူးၿပီးသား နာလန္ထလူေတြ လြတ္လြတ္ လပ္လပ္ေနထိုင္ၾကတဲ့ ေလာကနဲ႔ ပိုးမကူးေသးလို႔ အိမ္တြင္းပုန္းေနရတဲ့ ေလာကသားဆိုၿပီးေတာ့ ႏွစ္ျခမ္းကြဲသြားႏိုင္တာေပါ့ေနာ္။

တကယ္လို႔ ကမာၻႀကီး အဲလို ၂ ျခမ္းကြဲသြား ခဲ့ရင္ ခင္ဗ်ားက Covid-19 မျဖစ္ႏိုင္ေတာ့တဲ့ Immuinty Passport ရထားတဲ့အျခမ္းမွာ ေနမွာလား၊ Covid-19 မျဖစ္ေသးတဲ့ Naive အသစ္ေလးေတြ စုေနတဲ့ အျခမ္းမွာ ေနမွာလား။

Vaccine ျမန္ျမန္ေပၚ ပါေစ။

Maung Maung Oo

unicode

ကိုဗစ်၁၉ အဖြစ်များ တဲ့ နိုင်ငံတွေ (ဗြိတိန်၊ ဂျာမနီ၊ ချီလီနှင့် အမေရိကန် အထူး သဖြင့် ဗြိတိန်) က Immunity Passport (Immunity Certificate) ဆိုတဲ့ ရောဂါမရှိကြောင်း (ရောဂါပြီးကြောင်းလက်မှတ်) ကို စပြောလာတယ်။ Passport ပါမှ နိုင်ငံခြားကို သွားလို့ ရသလိုပေါ့လေ။ လွတ်လပ်စွာ ပြန်လည် သွားလာခွင့် ကို သတ်မှတ်ကြ မှာ လားပေါ့လေ။

Covid-19 ရောဂါဖြစ်ပြီးကြောင်း နာလန်ထ လက်မှတ် (Smartphone code or Wristband) ရထားသူတွေဟာ သူများတွေကို ရောဂါ ထပ်ဖြန့်မှာ မဟုတ်တော့လို့ ကမ္ဘာအနှံ့ ခရီးသွား လာခွင် စီးပွား လုပ်ခွင့်ပေးဖို့ တောင်းဆိုလာတာဖြစ်တယ်။

ဒီအယူအဆက ထောက်ခံ သူတွေက “ဒီနာလန်ထလူတွေက အလုပ်ပြန်လုပ်လာလို့ ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေးကို ပြန်မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်” လို့ လျှောက်လဲကြတယ်။

သို့သော် နာလန်ထတွေကို ခရီး လွတ်လပ်စွာ သွားခွင့်ပေးပြီး မဖြစ်သေးသူ လူများစုကို ကန့်သတ် ချုပ်ချယ်ထားမယ်ဆိုရင်ကော တရားမျှတပါရဲ့လား။ ဥပမာ- လက်ဖက်ရည်ဆိုင် ထိုင်ချင်ရင် လက်မှတ်ပြ၊ ဘတ်စ်ကားစီးချင်ရင် လက်မှတ်ပြ၊ ရုပ်ရှင်ရုံမှာ ကြည့်ချင်ရင် လက်မှတ်ပြ၊ ဟော်တယ်မှာတည်းချင်ရင် လက်မှတ်ပြ၊ တရုပ်ပြည်မှာ ကျောက်သွားရောင်း ချင်ရင် လက်မှတ်ပြ။

နောက်ပြီး စီးပွားလုပ်ချင်သူ လူငယ်တွေက ရောဂါကူးအောင် တမင်လုပ်လာကြရင်ကော။ မသေချာသေးတဲ့ အချက်က Covid-19 တစ်ခါ ဖြစ်ပြီးရင် နောက်တခါ ပြန်မဖြစ်တာ သေချာလို့လား ဆိုတာပေါ့။ Negative ဖြစ်သွားသူတွေ ပြန် Positive ဖြစ်တာတွေလည်း ငြင်းနေကြတုန်း။ သာမာန် သုံးနေကျ Ordinary PCR က ပိုးအသေ နဲ့ အရှင် မခွဲခြားနိုင်ဘူး လို့ ပညာရှင် တချို့က ဆိုတယ်။ ဒီတော့ အသေတွေ တွေ့လည်း Positive လို့ပဲ ပေးမှာပဲလို့ ယူဆကြတယ်။

Antibody test တွေ နဲ့ စစ်မယ်၊ Antibody တွေ့ရင် ရောဂါ “ပြီး” ပြီလို့ သတ်မှတ်ကြမှာလား။ ဒါဆိုရင် Test အရည်အသွေးက စကားပြောလာပြီ။ အရည်အသွေးမှန်လာပြီး ဆိုဦးတော့ ဘယ် antibody က ရောဂါကို “ပြီးစေ”တာလဲ ဆိုတာ သေချာ မပြောနိုင်ပါဘူး။ IgM က Short term ကာကွယ်ပေးတာလား၊ တစ်သက်လုံးကျန်ရစ်မယ့် IgG က တစ်သက်လုံး ကာကွယ်ပေး မှာလား၊ Mucosal infection ဖြစ်လို့ ကာကွယ်ပေးမှာက IgA ဖြစ်မှာလားပေါ့လေ။

နောက်ဆုံးတော့ ကမ္ဘာကြီးဟာ ပိုးကူးပြီးသား နာလန်ထလူတွေ လွတ်လွတ် လပ်လပ်နေထိုင်ကြတဲ့ လောကနဲ့ ပိုးမကူးသေးလို့ အိမ်တွင်းပုန်းနေရတဲ့ လောကသားဆိုပြီးတော့ နှစ်ခြမ်းကွဲသွားနိုင်တာပေါ့နော်။

တကယ်လို့ ကမ္ဘာကြီး အဲလို ၂ ခြမ်းကွဲသွား ခဲ့ရင် ခင်ဗျားက Covid-19 မဖြစ်နိုင်တော့တဲ့ Immuinty Passport ရထားတဲ့အခြမ်းမှာ နေမှာလား၊ Covid-19 မဖြစ်သေးတဲ့ Naive အသစ်လေးတွေ စုနေတဲ့ အခြမ်းမှာ နေမှာလား။

Vaccine မြန်မြန်ပေါ် ပါစေ။

Maung Maung Oo

Add a Comment

Your email address will not be published. Required fields are marked *

four × three =