ေခတ္ဆိုး ထဲမွ အလင္းတန္း တစ္ခု (ေကာင္းလိုက္တဲ့ဗ်ာ .. )

မနက္က ေကာ္ျပန႔္စိမ္းစားခ်င္တာ နဲ႔ ရပ္ကြက္ထိပ္ ထြက္ဝယ္တယ္။ တာေမြဗလီထိပ္ လမ္းဆုံေထာင့္နားက King ေပါက္စီဆိုင္ မွာ က်ေနာ္စားေနက်။ ဆိုင္ေရွ႕ေရာက္ေတာ့ ပါဆယ္ လာဝယ္သူေတြက်ေနတာ နဲ႔ ခဏေစာင့္လိုက္တယ္။

အေပၚက ဗီႏိုင္းစေလး မွာ ထူးထူးဆန္းဆန္းျမင္ရတဲ့ စာသားတခ်ိဳ႕။ ’ဒါနသင္ပုန္း’ တဲ့။ လက္လုပ္လက္စား နဲ႔ ပုံမွန္ဝင္ေငြ မရွိသူေတြ သင္ပုန္းေပၚမွာ ရွိတဲ့ တိုကင္ယူၿပီး အစားအေသာက္နဲ႔ လဲစားႏိုင္သတဲ့ (တေယာက္ တစ္ခုေပါ့ေလ)ေဘးက သင္ပုန္းေလးမွာ တိုကင္ေလးေတြ ကပ္ထားတာေတြ႕တယ္။ အသားေပါက္စီ၊ ပဲေပါက္စီ ဆိုတဲ့ စာတမ္းေလးေတြ။

က်ေနာ္နည္းနည္း စပ္စုၾကည့္ေတာ့ ဒါက လႉတာတဲ့။ ခုလိုကာလ အခက္ေတြ႕ေနရင္သူတို႔ ဆိုင္ေရွ႕ေရာက္တဲ့အခါအဲ့ဒီ တိုကင္ေလး တစ္ခုယူၿပီးေတာ့ လဲစား။

ဆိုင္လာသူေတြကလဲ လႉလႉသြားၾကသတဲ့။(သ ေဘာ က်မိတာက အလႉခံမယ့္ လိုအပ္သူဟာ လႉသူကို ျမင္ေတြ႕စရာမလို ဓာတ္ပုံ႐ိုက္ ခံစရာမလို အ႐ိုေသျပဳစရာမလို တာေတြကိုပါပဲ)က်ေနာ္ လည္း ကိုယ္စားဖို႔ဝယ္အၿပီး တိုကင္ေလးေတြပါ ဝယ္လႉ ကပ္လိုက္ရင္း စိတ္ထဲ ေတြးမိတယ္။

ခုလို ကာလၾကပ္ႀကီးမွာခက္ခဲေနတဲ့ တျခားသူေတြအတြက္ပါ ခရီးသြားဟန္လႊဲ မွ်ေဝတတ္တဲ့ အေလ့အက်င့္ေကာင္းေလးေတြ ပ်ိဳးေထာင္ရင္း က်ေနာ္တို႔ ဒီလိုပဲ ကမာၻႀကီးေနျပန္ေကာင္းေအာင္ ကုစားၾကရမွာပါ။တခါတေလ ကိုယ့္အတြက္အပန္းမႀကီးလွတဲ့ ကူညီမႈေလးကလည္း တဘက္လူအတြက္ အသက္ကယ္ ထမင္းတစ္လုပ္ ျဖစ္ေနတတ္တယ္ မဟုတ္လား။

Credit ~ Thorn Nay Soe

unicode

ခေတ်ဆိုး ထဲမှ အလင်းတန်း တစ်ခု (ကောင်းလိုက်တဲ့ဗျာ .. )

မနက်က ကော်ပြန့်စိမ်းစားချင်တာ နဲ့ ရပ်ကွက်ထိပ် ထွက်ဝယ်တယ်။ တာမွေဗလီထိပ် လမ်းဆုံထောင့်နားက King ပေါက်စီဆိုင် မှာ ကျနော်စားနေကျ။ ဆိုင်ရှေ့ရောက်တော့ ပါဆယ် လာဝယ်သူတွေကျနေတာ နဲ့ ခဏစောင့်လိုက်တယ်။

အပေါ်က ဗီနိုင်းစလေး မှာ ထူးထူးဆန်းဆန်းမြင်ရတဲ့ စာသားတချို့။ ’ဒါနသင်ပုန်း’ တဲ့။ လက်လုပ်လက်စား နဲ့ ပုံမှန်ဝင်ငွေ မရှိသူတွေ သင်ပုန်းပေါ်မှာ ရှိတဲ့ တိုကင်ယူပြီး အစားအသောက်နဲ့ လဲစားနိုင်သတဲ့ (တယောက် တစ်ခုပေါ့လေ)ဘေးက သင်ပုန်းလေးမှာ တိုကင်လေးတွေ ကပ်ထားတာတွေ့တယ်။ အသားပေါက်စီ၊ ပဲပေါက်စီ ဆိုတဲ့ စာတမ်းလေးတွေ။

ကျနော်နည်းနည်း စပ်စုကြည့်တော့ ဒါက လှူတာတဲ့။ ခုလိုကာလ အခက်တွေ့နေရင်သူတို့ ဆိုင်ရှေ့ရောက်တဲ့အခါအဲ့ဒီ တိုကင်လေး တစ်ခုယူပြီးတော့ လဲစား။

ဆိုင်လာသူတွေကလဲ လှူလှူသွားကြသတဲ့။(သ ဘော ကျမိတာက အလှူခံမယ့် လိုအပ်သူဟာ လှူသူကို မြင်တွေ့စရာမလို ဓာတ်ပုံရိုက် ခံစရာမလို အရိုသေပြုစရာမလို တာတွေကိုပါပဲ)ကျနော် လည်း ကိုယ်စားဖို့ဝယ်အပြီး တိုကင်လေးတွေပါ ဝယ်လှူ ကပ်လိုက်ရင်း စိတ်ထဲ တွေးမိတယ်။

ခုလို ကာလကြပ်ကြီးမှာခက်ခဲနေတဲ့ တခြားသူတွေအတွက်ပါ ခရီးသွားဟန်လွှဲ မျှဝေတတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေ ပျိုးထောင်ရင်း ကျနော်တို့ ဒီလိုပဲ ကမ္ဘာကြီးနေပြန်ကောင်းအောင် ကုစားကြရမှာပါ။တခါတလေ ကိုယ့်အတွက်အပန်းမကြီးလှတဲ့ ကူညီမှုလေးကလည်း တဘက်လူအတွက် အသက်ကယ် ထမင်းတစ်လုပ် ဖြစ်နေတတ်တယ် မဟုတ်လား။

Credit ~ Thorn Nay Soe

Add a Comment

Your email address will not be published. Required fields are marked *

seven + 15 =