သုံးပတ်ကြာပျောက်ဆုံးနေ တဲ့ ကင် ပြန်ပေါ်လာပြီး နူကလီယား စွမ်းအင်ထုတ်လုပ် ရန်ပြောကြား
|သုံးပတ်ကြာပျောက်ဆုံးနေ တဲ့ ကင် ပြန်ပေါ်လာပြီး နူကလီယား စွမ်းအင်ထုတ်လုပ် ရန်ပြောကြား
သုံးပတ်ကြာပျောက်ကွယ်ပြီး ပြန်ပေါ် လာတဲ့ ကင်ဂျုံအန်က မြောက်ကိုရီးယားအားနျူကလီးယား စွမ်းအင်ထုတ်လုပ်ရန်ပြောကြားလိုက်ပါတယ်။
နိုင်ငံ၏နျူကလီးယား စွမ်းရည်ကိုမြှင့်တင်ရန်အတွက်မူဝါဒ အသစ်များကိုဆွေးနွေးရန် ကင် ကအစည်းအဝေးကိုလက်ခံကျင်းပခဲ့သည်ဟု KCNA သတင်းစာကဖော်ပြသည်။
“ဒီအစည်းအဝေးမှာ တိုင်းပြည်ရဲ့နျူကလီးယားစစ်တားဆီးမှုကို တိုးမြှင့်ခြင်းနှင့်မဟာဗျူဟာမြောက် လက်နက်ကိုင်တပ်ဖွဲ့များကို အမြင့်ဆုံးတပ်လှန့်စစ်ဆင်ရေးများပြုလုပ်နိုင်ရန်အတွက်မူဝါဒအသစ်များ” ဖြစ်ကြောင်း KCNA မှပြောကြားခဲ့သည်။
ကင် ၏ပထမဆုံးပျောက်ကွယ်သွားသည့် လုပ်ရပ်အပြီးတွင် ကင်သေဆုံးပြီ မဆုံးသေးဘူး စသည့်ဖြင့် သတင်းများ ထွက်ပေါ်လာပြီး နှလုံးဖောက်ပြန်မှုကြောင့်သေဆုံးခဲ့ ရခြင်းဖြစ်သည်သို့မဟုတ်ပြင်းထန်စွာနေမကောင်းဖြစ်ခဲ့ရသည်ဟု သတင်းများတွင်ဖ်ာပြခဲ့ကျည်။
မေလ ၁ ရက်နေ့မှစ၍ မြောက်ကိုရီးယားအစိုးရသတင်းမီဒီယာများသည် ကင် ကစာများနှင့်သံတမန်အဆက်အသွယ် များပေးပို့ခြင်းသို့မဟုတ်လက်ခံခြင်းများနှင့်ပတ်သက်သော ရုပ်သံများကိုပုံမှန်ထုတ်လွှင့်ပြသခဲ့ကျသည်။
Ref – Thesun