အရေးပေါ်ဆေးရုံ တင်ထားရတဲ့ (၂) လသားအရွယ်သမီးငယ်လေး ရဲ့ရောဂါအခြေအနေကို ပြောပြလာတဲ့ ခိုင်နှင်းဝေ




Source:Khine Hnin Wai

unicode

ပြည်သူချစ်ပရဟိတမင်းသမီးတစ်ယောက် ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမကတော့မိဘမဲ့ကလေး(၃၀)ကျော်ကို မိခင်နဲ့မခြားကာကွယ်စောင့်ရှောက်ပေးနေတာဖြစ်ပြီး စက်တင်ဘာလ(၁၀) ရက်နေ့ကလည်း မိဘနှစ်ပါး ဆုံးပါးသွားကာ HIV ရောဂါကူးစက်ခံနေရတဲ့ (၂) လသား အရွယ်ကလေးငယ်လေးကို ကိုယ်တိုင်သွားရောက်ခေါ်ယူခဲ့ကာမွေးစားခဲ့ပါတယ်။

သို့သော်လည်းကလေးငယ်လေး ဟာ ရောဂါအခြေအနေကြောင့်အရေးပေါ်ဆေးရုံတင်လိုက်ရပြီး ဒီနေ့မှာတော့သမီးငယ်လေးရဲ့ရောဂါအခြေအနေကို ခိုင်နှင်းဝေကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြလာခဲ့ပါတယ်။”ဒီနေ့သမီးလေးရဲ့ Covid-19 အဖြေကတော့ Negativeပါရှင် အထူးစောင့်ကြည့်အခန်းမှ အပြင်သို့ရွှေ့ပြောင်းခဲ့ရပြီး အဆုတ်တခြမ်းပျက်စီးထားပါသောကြောင့် အောက်ဆီဂျင်မပြတ်ပေးထားရပါတယ် နို့ဗူးတိုက်လို့မရသေးပဲဆေးရုံမှပေးတဲ့ နို့ကိုသာအစာပိုက်နဲ့ထဲ့ပီးတိုက်ရပါတယ် ဆေးရုံမှာရက်ရှည်တက်ရဦးမှာဖြစ်ပြီး လိုအပ်တဲ့ဆေးစစ်ချက်တွေ ထပ်စောင့်ကြည့် ရပါမယ်ရှင်

သမီးလေးဆေးရုံတက်ဘို့နှင့်ဆေးရရှိရေးအတွက် အစစအရာရာ ကူညီဆောင်ရွက်ပေးပါသော “ဆည်းဆာရောင်ခြည်”HIV ကာကွယ်စောင့်ရှောက်ရေး လူမှုကူညီမှုအသင်းမှဥက္ကဌဦးကျော်နိုင် နှင့် အသင်းအားကူညီထောက်ပံ့ပေးသော ပရဟိတစိတ်ဓာတ်ရှိသူများအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင် သမီးလေး ဆက်လက်အသက်ရှင်နိုင်ဘို့ အားလုံးဝိုင်းဝန်းမေတ္တာပို့ပေးကြပါဦးရှင်”ဆိုပြီးသမီးလေးရဲ့ရောဂါအခြေအနေကို ပရိသတ်ကြီးအားပြောပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခိုင်နှင်းဝေရဲ့သမီးလေးအမြန်ဆုံး ရောဂါပျောက်ကင်းအောင် ဆုတောင်းပေးခဲ့ပါဦးနော်။

Source:Khine Hnin Wai

Add a Comment

Your email address will not be published. Required fields are marked *

four × four =