Covid 19 Swab Test ယူေနပုံကို ဗီဒီယိုေလး နဲ႔ အတူ ဗဟုသုတရေစရန္ ပရိသတ္ေတြအတြက္မွ်ေဝေပးလိုက္တဲ့ Project K

ပရိသတ္ႀကီးေရ ကိုရီးယားက အဆိုေတာ္ေလးေတြလား ထင္မွား ရေလာက္တဲ့ Project K အဖြဲ႕ကို ပရိသတ္ႀကီး သိမယ္ထင္ပါတယ္။သူတို႔ အဖြဲ႕ေလးဟာ စည္းစည္းလုံးလုံးနဲ႔ ႀကိဳးစားလာမႈေၾကာင့္ ပရိသတ္လက္ခံလာၿပီး ေအာင္ျမင္ေနတဲ့ Dancer အဖြဲ႕ေလးျဖစ္ပါတယ္။ မိန္းကေလးေတြ ရဲ႕ အသဲေက်ာ္ေလးေတြ ဆိုလည္းမမွားပါဘူး။

K-pop အကကို ဦးစားေပး performance ျပဳလုပ္ကာ အၿမဲတမ္း အမိုက္စား အကေတြနဲ႔ တင္ဆက္တတ္ၿပီး ဖက္ရွင္၊ စတိုင္က အစ ကိုရီယား Idol ေတြလို အထာက်လြန္းတာေၾကာင့္ မိန္းမလွေလးေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္းကို ခံရတာလည္းျဖစ္ပါတယ္။

သူတို႔ရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးေတြပါမက ဗီဒီယိုေလးေတြ ကို အၿမဲေဖာ္ျပေလ့ရွိရာ အခုမွာေတာ့ Covid 19 Swab Test ယူေနပုံေလးအား အနီးကပ္႐ိုက္ထားတဲ့ ဗီဒီယိုေလးကို ပရိသတ္ေတြ အတြက္ ဗဟုသုတအေနနဲ႔ ေဖာ္ျပထားရာ ေဆးစစ္ခ်က္အေျဖမွာလည္း တစ္ဖြဲ႕လုံး Negative ျဖစ္ေၾကာင္းပါေဖာ္ျပထားတာေတြ႕ရပါတယ္။ပရိသတ္ႀကီးအတြက္ ဗဟုသုတအေနနဲ႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ပရိသတ္ႀကီးလည္း အျပင္ထြက္တိုင္း Mask တပ္ဖို႔မေမ့နဲ႔ေနာ္။

Photo – Project K

unicode

ပရိသတ်ကြီးရေ ကိုရီးယားက အဆိုတော်လေးတွေလား ထင်မှား ရလောက်တဲ့ Project K အဖွဲ့ကို ပရိသတ်ကြီး သိမယ်ထင်ပါတယ်။သူတို့ အဖွဲ့လေးဟာ စည်းစည်းလုံးလုံးနဲ့ ကြိုးစားလာမှုကြောင့် ပရိသတ်လက်ခံလာပြီး အောင်မြင်နေတဲ့ Dancer အဖွဲ့လေးဖြစ်ပါတယ်။ မိန်းကလေးတွေ ရဲ့ အသဲကျော်လေးတွေ ဆိုလည်းမမှားပါဘူး။

K-pop အကကို ဦးစားပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်၊ စတိုင်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတာလည်းဖြစ်ပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေပါမက ဗီဒီယိုလေးတွေ ကို အမြဲဖော်ပြလေ့ရှိရာ အခုမှာတော့ Covid 19 Swab Test ယူနေပုံလေးအား အနီးကပ်ရိုက်ထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ အတွက် ဗဟုသုတအနေနဲ့ ဖော်ပြထားရာ ဆေးစစ်ချက်အဖြေမှာလည်း တစ်ဖွဲ့လုံး Negative ဖြစ်ကြောင်းပါဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ပရိသတ်ကြီးလည်း အပြင်ထွက်တိုင်း Mask တပ်ဖို့မမေ့နဲ့နော်။

Photo – Project K

Add a Comment

Your email address will not be published. Required fields are marked *

nineteen − five =