အထူး သတိထားသင့် တဲ့ နေ့အလိုက် နေပတ်လမ်းကြောင်း ဖြတ်သန်းနိုင်သော မြို့များ နှင့် ဖြစ်ပေါ် လာနိုင် တဲ့ရောဂါတွေ

အထူး သတိထားသင့် တဲ့ နေ့အလိုက် နေပတ်လမ်းကြောင်း ဖြတ်သန်းနိုင်သော မြို့များ နှင့် ဖြစ်ပေါ် လာနိုင် တဲ့ရောဂါတွေ

ဇွန်လ ၉ရက်နေ့မှာ လားရှိုးမြို့ကို ဖြတ်သန်း မှာဖြစ်ပြီး ဇွန်လ ၂၁ရက်နေ့မှာတော့ ကသာမြို့အနီး ကနေ ဖြတ်သန်းပါ့မယ်။

အဲ့ဒီနောက် မြောက်ကမ္ဘာခြမ်းကနေ တောင်ကမ္ဘာခြမ်း ကို ပြန်ဆင်းလာမယ့် နေကြာင့် နေပတ်လမ်းကြောင်း

ဟာ ဇူလိုင်လ ၂ရက်နေ့မှာ လားရှိုးမြို့၊ ဇူလိုင်လ ၁၁ရက်နေ့မှာ မန္တလေးမြို့၊ ဇူလိုင်လ ၁၇ရက်နေ့မှာ မိတ္ထီလာမြို့၊ ဇူလိုင်လ ၂၄ရက်နေ့မှာ နေပြည်တော်တို့ကို ဖြတ်သန်းပါ့မယ်။

အပူဒဏ်ကြောင့် ဆက်စပ်ဖြစ်ပေါ် တဲ့ ရောဂါတွေ ကတော့ ဖောရောင်ခြင်း၊ မိတ်ဖုနှင့်ယားဖုများထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မူးမေ့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပါတယ်။

ဒီလိုတွေ ဖြစ်တာဟာ အပူဓာတ်လွန်ကဲခြင်းကြောင့် ခန္ဓာကိုယ် အတွင်းရှိ ရေနဲ့ ဓာတ်ဆားများ ဆုံးရှုံးမှု တို့ကြောင့် ဖြစ်ပါတယ်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပြီဆိုရင် ဂနာမငြိမ်ခြင်း၊ ခေါင်းမူး၊ ခေါင်းနောက်၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံး နုံးချည့်ပြီး ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြား အေးပြီးစိုစွတ်ခြင်း၊ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတို့ကို ခံစားရပါမယ်။

အပူဒဏ်ကြောင့် သတိလစ်ခြင်းမှာဆိုရင် ခန္ဓာကိုယ်အပူချိန် အလွန် အကျွံ မြင့်တက်ခြင်း၊ အရေပြားပူပြီး ခြောက်သွေ့ခြင်း ( သို့မဟုတ် ) ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနဲ့ တက်ခြင်းတို့ကို ခံစားရပါမယ်။

ထို့ကြောင့် မိဘပြည်သူများအနေ နဲ့ သတိတရား ကို လက်ကိုင်ထားပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

ရောဂါပြင်းထန်မှသာ ဆေးကုသမှုခံယူရင်တော့ အသက် ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

အထူး သတိထားသင့်တဲ့ သူတွေကတော့ ကလေး ငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များ၊ အရက်သေစာ သောက်စားသူများ၊ အစားအသောက်ပျက်ပြီး ရေဓာတ်ခန်းခြောက်နေသူများ၊

စိတ်ရောဂါဆေးကဲ့သို့ ခန္ဓာကိုယ်အပူချိန် ထိန်းညှိမှု စနစ်ကို ထိခိုက်စေတဲ့ ဆေးများ သောက်သုံးနေရသူများ၊ ပုံမှန်ကျန်းမာသော်လည်း အပူဒဏ်ကို ခံနိုင်ရည်မရှိသူများပဲ ဖြစ်ပါတယ်။

အပူဒဏ်ကြောင့် ဖြစ်လာမယ့် ဘေးဒဏ်တွေ ကို မကြုံတွေ့ရလေအောင်

၁။ အရိပ်ရတဲ့နေရာမှာသာနေပြီး နေပူထဲ ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ အကယ်၍ မဖြစ်မနေ နေပူထဲသို့ထွက်ရပါက ထီး၊ ဦးထုပ်ဆောင်းပြီး အရိပ်ရတဲ့နေရာတွေမှာ မကြာခဏ နားပါ။

၂။အရောင်ဖျော့တဲ့ ပွပွချောင်ချောင် အဝတ် အစားများကို ဝတ်ဆင်ပါ။

၃။ နေပူထဲမှ ပြန်လာပြီး ချက်ခြင်း ရေချိုးခြင်း ကိုရှောင်ကြဉ်ပါ။

၎။ နံနက် ၁၀နာရီမှ ညနေ ၅နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်တွေမှာ အဝတ်လျှော်ခြင်း၊ ရေချိုးခြင်းတို့ကို ရှောင်ကြဉ်ပါ။

၅။ အရက်သေစာ သောက်စားမှုကို ရှောင်ကြဉ်ပါ။ ရေ နဲ့ ဓာတ်ဆားရည်ကို လုံလောက်အောင်သောက်သုံးပါ။ မိတ်ဖု၊ ယားဖုများ ထွက်လာရင်ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။

မိဘပြည်သူများ အားလုံး အပူဒဏ်ကြောင့်ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ် အပေါင်းတို့ကနေ ကင်းလွတ်ကြပါစေခင်ဗျာ။

ထက်မြတ်

Add a Comment

Your email address will not be published. Required fields are marked *

20 − 16 =