ယောက်ကျား ကသေ သားသမီး မရှိ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဘိုးဘွားရိပ်သာ လိုက်ရှာတဲ့ အဘွား ရဲ့ စိတ်မကောင်းဖွယ် ဖြစ်ရပ်
|ယောက်ကျား ကသေ သားသမီး မရှိ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဘိုးဘွားရိပ်သာ လိုက်ရှာတဲ့ အဘွား ရဲ့ စိတ်မကောင်းဖွယ် ဖြစ်ရပ်
အသက်ကြီး လာတဲ့ အခါ ကျောထောက်နောက်ခံ ပြုစုစောင့်ရှောက်မဲ့ လူမရှိရင် အရမ်းဒုက္ခရောက် ပါတယ်… ခုလည်းပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘိုးဘွားရိပ်သာ လိုက်ရှာတဲ့ အသက် ၇၄ နှစ်အရွယ်အဘွားတစ်ယောက်ရဲ့
သနားစရာ အဖြစ်အပျက်လေးပါ…
“ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားဝယ် သရက်ချောင်းကနေ ထွက်လာပြီး မော်လမြိုင် ကားဂိတ် မှာ ဒုက္ခရောက်နေလို့မြဆည်းဆာ ရိပ်သာမှ ခေါ်ယူစောင့်ရှောက်ထားခဲ့ရတဲ့ အသက်(၇၄)နှစ်အရွယ် (၂၅)ဦးမြောက်အဖွားနှလုံးအမောဖောက်၍ တမ်မတော် ကုတင်(၃၀၀)ဆေးရုံ သို့တင်ထားရ။ အဖွားကို မော်လမြိုင်ဈေးကြိုကားဂိတ် ထားဝယ်လိုင်းကားပေါ်မှ သွားရောက်ခေါ်ယူ စောင့်ရှောက်ထားရတာ ဖြစ်ပါတယ်။
လင်သေ သားသမီးမရှိ အိမ်ရောင်း ဆွေးမျိုး နီးစပ်တော်သူနားမှာ ကပ်နေနေသော်လည်း ဒဏ်မခံနိုင်တော့၍ ဖြစ်ချင်ရာဖြစ် ဘိုးဘွားရိပ်သာတခုခုမှာ လိုက်ရှာနေမယ်ဆိုပြီး လိုင်းကားနဲ့ လိုက်လာခဲ့တာမော်လမြိုင်မှာ ဒုက္ခလာရောက်နေလို့သွားရောက်ခေါ်ယူစောင့်ရှောက် ထားရတာပါ။ ထမင်း မစားရတာတောင် (၃)နပ်ရှိပြီးတဲ့။ ခုတော့ နှလုံး အမောဖောက် လို့ စစ်ဆေးရုံ တင်ထားပေးရပါတယ်။ အဖွားအမြန် နေကောင်းပါစေ။”
Credit Jeeptoolay
Source Zin Moe