ဖုန်းစခရင်ကို ကြည့်ကာ တရှုပ်ရှုပ် နမ်းလိုက် ငိုလိုက်..ပါးစပ် ကလည်း “စိတ်ချမ်းသာစွာ နဲ့ သွားပါတော့ရှင်” လို့ ရေရွတ်ကာ နှုတ်ဆက်နေရှာပါတယ်

ဖုန်းစခရင်ကို ကြည့်ကာ တရှုပ်ရှုပ် နမ်းလိုက် ငိုလိုက်..ပါးစပ် ကလည်း “စိတ်ချမ်းသာစွာ နဲ့ သွားပါတော့ရှင်” လို့ ရေရွတ်ကာ နှုတ်ဆက်နေရှာပါတယ်

ဪ…. Covid ကာလ ဘဝေတြ….

မေလ (23) ရက်နေ့ ညနေမှောင် ရီတရော မှာ စင်ကာပူ Clementi Avenue 1 က ကားမှတ်တိုင်အမှတ် 16891 မှာ Bus နံပါတ် 189 တစ်စီးထိုးရပ်ထားပြီး အထဲမှာ အမျိုးသမီး ဒရိုင်ဘာ တစ်ယောက် ချုံးပွဲချ ငိုနေ ပါ တယ် ။

Clementi ဆိုတာ မြန်မာတွေ အနေများတဲ့နေ ရာပေါ့ ။ Circuit breaker ကာလမို့ထင်ပါတယ်။ Bus ကားထဲမှာ ခရီးသည် မပါပါဘူး။ဖြတ်လျှောက် သွားတဲ့ လူတစ်ယောက်ကတွေ့သွားပြီး Bus ကားပေါ် တက်ကာ အခြေအနေကို မေးမြန်းပါတယ်။နောက်တော့ လူတစ်ယောက် ထပ်ရောက်လာပြီး ရဲကို ဖုန်းဆက်ကာ အမျိုးသမီး Bus ဒရိုင်ဘာတစ်ယောက် ငိုနေကြောင်း အကြောင်းကြား လိုက် ပါ တယ်။

ဪ…. Covid ကာလ ဘဝေတြ….
Bus ကုမ္ပဏီက သိသွားပြီး လူစား ထိုးဖို့ လွှတ်လိုက် ပါတယ်။

အဲ့ဒီအမျိုးသမီးက မလေးရှားနိုင်ငံက ဖြစ်ပါတယ်။ Covid-19 ကာလမှာ အများပြည်သူကိုပို့ဆောင်ပေးနေစဉ်မှာ သူ့အမျိုးသားက မလေးရှားမှာ ကွယ်လွန်သွားခဲ့ကြောင်း အကြောင်းကြားလို့ ဖြစ်ပါတယ်။

သူ့ခမျာဘယ်လိုမှ ကားဆက်မမောင်းနိုင်တော့ လို့ တစ်ယောက်တည်း ကားဂိတ်မှာ ကားရပ်ထားရင်း ငိုနေတာဖြစ်ပါတယ်။

ရဲကိုအကြောင်းကြားနေစဉ်မှာ အဲ့ဒီအမျိုးသမီးဟာ ဖုန်းစခရင် ကိုကြည့်ကာ တရှုပ်ရှုပ်နမ်းလိုက် ငိုလိုက်ဖြစ်နေပါတယ်။

ပါးစပ် ကလည်း “စိတ်ချမ်းသာစွာ နဲ့ သွားပါတော့ရှင်” လို့ ရေရွတ်ကာ နှုတ်ဆက်နေရှာပါတယ်။

Covid-19 ကာလ အတွင်း မှာ သူ့ခမျာ သူ့ ရဲ့ ချစ်လှစွာသော ခင်ပွန်းနဲ့ မတွေ့ရတာ ဘယ်လောက်ကြာပြီ ဆိုတာ မသိပါ ခင်ဗျား ။

Richard Myo Thant
27-May-2020