ထိုင္းမေလးေတြေတာင္ ေငးၾကည့္ေန ခဲ့ရတဲ့ ဘန္ေကာက္ျမိဳ့က ပြဲတက္ အမွတ္တရေတြကို မွ်ေဝ လာတဲ့ ဝတ္မႈံေရႊရည္

(၂၀၁၉)ခုနွစ္က ထပ္ဆင့္ အကယ္ဒမီ ဝတ္မႈံေရႊရည္ရဲ့နွစ္လို့ ဆိုရေလာက္ေအာင္ သူမပါဝင္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြ အမ်ားအျပား ရံုတင္ျပသခြင့္ ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ထိုထဲကမွ ထိုင္းဒါရိုက္တာ ရိုက္ကူး တဲ့ “လိပ္ျပာစံအိမ္” ရုပ္ရွင္ဇာတ္ကားက (၉)ရက္အတြင္း ရံုဝင္ေငြ သိန္းတစ္ေသာင္း ရရိွခဲ့တဲ့အထိ စံခ်ိန္ခ်ိဳး ခဲ့ျပီး ဝတ္မႈံေရႊရည္ကိုလည္း အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆုရရိွနိုင္တယ္လို့ ပရိသတ္ေတြက ခန့္မွန္းေပးခဲ့ၾကပါတယ္။

“လိပ္ျပာစံအိမ္” ရုပ္ရွင္ ဇာတ္ကားၾကီးက ျမန္မာနိုင္ငံမွာ နွစ္ခါတိတိျပသနိုင္ခဲ့ သလို ထိုင္းနိုင္ငံ၊ စကၤာပူနိုင္ငံေတြမွာလည္း ရံုတင္ျပသနုိင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ဝတ္မႈံေရႊရည္ က ျပီးခဲ့တဲ့ (၂၀၁၉)ခုနွစ္က သူမထိုင္းနိုင္ငံ၊ ဘန္ေကာက္ျမိဳ့မွာ တက္ေရာက္ခဲ့တဲ့ The Only Mom Movie Premiere in Bangkok ပြဲက အမွတ္တရ ပံုေတြကို မွ်ေဝ လာပါတယ္။

ဝတ္မႈံေရႊရည္က The Only Mom Movie Premiere in Bangkok မွာ ခမ္းနားလွတဲ့ အနက္ေရာင္ဂါဝန္ဖားဖားၾကီးနဲ့ ပြဲတက္လာခဲ့ျပီး အရမ္းလွေနတာပဲ ျဖစ္ပါတယ္။။ ျမန္မာမင္းသမီးေလး ဝတ္မႈံေရႊရည္ကို ထုိင္းမေလးေတြကေတာင္ ေငးေမာခဲ့ရတဲ့အထိ ျဖစ္ခဲ့ရတာကိုလည္း ေတြ့ရပါတယ္။

“လိပ္ျပာစံအိမ္” ရုပ္ရွင္ ဇာတ္ကားၾကီးကေတာ့ ဝတ္မႈံေရႊရည္အတြက္ ေအာင္ျမင္မႈမွတ္တိုင္တစ္ခုျဖစ္ခဲ့သလို အမွတ္တရေတြမ်ားစြာ က်န္ရိွေနတဲ့ ရုပ္ရွင္ဇာတ္ကား တစ္ကား ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေနာက္လာမယ့္ အကယ္ဒမီဆုခ်ီးျမွင့္ပြဲမွာ ဝတ္မႈံေရႊရည္တစ္ေယာက္ “လိပ္ျပာစံအိမ္” ရုပ္ရွင္ဇာတ္ကား နဲ့ အကယ္ဒမီဆုၾကီး ရရိွဖို့ ဆုေတာင္းေပးၾက ပါဦးေနာ္။

Source: Wutt Hmone Shwe Yi’s fb

unicode

(၂၀၁၉)ခုနှစ်က ထပ်ဆင့် အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့နှစ်လို့ ဆိုရလောက်အောင် သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြား ရုံတင်ပြသခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုထဲကမှ ထိုင်းဒါရိုက်တာ ရိုက်ကူး တဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားက (၉)ရက်အတွင်း ရုံဝင်ငွေ သိန်းတစ်သောင်း ရရှိခဲ့တဲ့အထိ စံချိန်ချိုး ခဲ့ပြီး ဝတ်မှုံရွှေရည်ကိုလည်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရရှိနိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းပေးခဲ့ကြပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင် ဇာတ်ကားကြီးက မြန်မာနိုင်ငံမှာ နှစ်ခါတိတိပြသနိုင်ခဲ့ သလို ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာလည်း ရုံတင်ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဝတ်မှုံရွှေရည် က ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်က သူမထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တက်ရောက်ခဲ့တဲ့ The Only Mom Movie Premiere in Bangkok ပွဲက အမှတ်တရ ပုံတွေကို မျှဝေ လာပါတယ်။

ဝတ်မှုံရွှေရည်က The Only Mom Movie Premiere in Bangkok မှာ ခမ်းနားလှတဲ့ အနက်ရောင်ဂါဝန်ဖားဖားကြီးနဲ့ ပွဲတက်လာခဲ့ပြီး အရမ်းလှနေတာပဲ ဖြစ်ပါတယ်။။ မြန်မာမင်းသမီးလေး ဝတ်မှုံရွှေရည်ကို ထိုင်းမလေးတွေကတောင် ငေးမောခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတာကိုလည်း တွေ့ရပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင် ဇာတ်ကားကြီးကတော့ ဝတ်မှုံရွှေရည်အတွက် အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့သလို အမှတ်တရတွေများစွာ ကျန်ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နောက်လာမယ့် အကယ်ဒမီဆုချီးမြှင့်ပွဲမှာ ဝတ်မှုံရွှေရည်တစ်ယောက် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကား နဲ့ အကယ်ဒမီဆုကြီး ရရှိဖို့ ဆုတောင်းပေးကြ ပါဦးနော်။

Source: Wutt Hmone Shwe Yi’s fb

Add a Comment

Your email address will not be published. Required fields are marked *

five × 4 =