ကိုဗစ္ေၾကာင့္ ဥေရာပမွာ ေအာက္တိုဘာလ နဲ႔ ႏိုဝင္ဘာလ အတြင္း လူေသဆုံးမႈ ပိုမ်ားႏိုင္

၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလကေန ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ အထိ ဥေရာပႏိုင္ငံေတြမွာ COVID-19 ေရာဂါ ကူးစက္သူေပါင္း ၄ ဒသမ ၁ သန္း ရွိခဲ့ၿပီး ေသဆုံးသူေပါင္း ၂ ဒသမ ၁ သန္းေက်ာ္ ရွိခဲ့ပါတယ္။ ဥေရာပႏိုင္ငံေတြမွာ ကူးစက္မႈ အမ်ားဆုံးကေတာ့ ႐ုရွား၊ စပိန္၊ ျပင္သစ္၊ ယူေကနဲ႔ အီတလီႏိုင္ငံတို႔ ျဖစ္ၿပီး ေသဆုံးမႈ အမ်ားဆုံး မွာလည္း ယူေက၊ အီတလီ၊ ျပင္သစ္၊ စပိန္နဲ႔ ႐ုရွားႏိုင္ငံတို႔ ပဲျဖစ္ပါတယ္။ လာမယ့္ ေအာက္တိုဘာ နဲ႔ ႏိုဝင္ဘာလအတြင္း ဥေရာပႏိုင္ငံ ေတြမွာ COVID-19 ကူးစက္မႈ ပိုၿပီး မ်ားလာမယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ ဥေရာပဌာနခြဲ ဒါ႐ိုက္တာျဖစ္သူ Hans Kluge က AFP ကို ေျပာၾကားခဲ့ပါတယ္။ ကူးစက္မႈ မ်ားလာတဲ့အတြက္ လူေသဆုံးမႈလည္း မ်ားလာမယ္ လို႔ သူက သတိေပး ေျပာၾကားလိုက္ပါတယ္။

လက္ရွိအခ်ိန္မွာလည္း ဥေရာပႏိုင္ငံေတြ မွာ COVID-19 ကူးစက္မႈႏႈန္းက ျပန္ၿပီး ျမင့္တက္လာေနပါ တယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ကလည္း လက္ရွိအခ်ိန္အထိ လူေသဆုံးပမာဏက တည္ၿငိမ္ဆဲ ရွိေနေပမယ့္ ေရာဂါကူးစက္မႈ ျပန္လည္ မ်ားျပားလာတဲ့အတြက္ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာလ အတြင္း ေန႔စဥ္ လူေသဆုံးမႈ ပိုၿပီးမ်ားလာမယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဥေရာပဌာနခြဲရဲ႕ ဒါ႐ိုက္တာ ျဖစ္သူ Hans က “လူေသဆုံးမႈ တည္ၿငိမ္ေနတယ္ဆိုတာ အခိုက္အတန႔္ပါ။ ႏိုင္ငံေတြအေနနဲ႔လည္း သတင္းဆိုးကို ၾကားခ်င္မွာ မဟုတ္ဘူးလို႔ က်ေနာ္တို႔ နားလည္ပါတယ္။ ဒီကူးစက္ေရာဂါဟာ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ၿပီးသြားေတာ့မွာပါဆိုတဲ့ အျပဳသေဘာေဆာင္တဲ့ သတင္းစကားမ်ိဳးကိုလည္း လူေတြဆီ ေပးပို႔ခ်င္ပါတယ္”လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ မွာလည္း ျပင္သစ္ႏိုင္ငံ မွာ ကူးစက္သူ အေရအတြက္ မ်ားလာခဲ့ၿပီး ၂၄ နာရီ အတြင္း လူေပါင္း ၁၀၀၀၀ နီးပါး ေရာဂါကူးစက္ခံခဲ့ရပါတယ္။ ျပင္သစ္ႏိုင္ငံမွာ ေရာဂါစတင္ျပန႔္ပြားၿပီး ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကူးစက္မႈပမာဏ အမ်ားဆုံးပါပဲ။ လူေသဆုံးမႈမွာ လည္း ျပင္သစ္ႏိုင္ငံက ကမာၻ႔အဆင့္ ၇ ေနရာမွာ ရွိေနၿပီး ၃ ေသာင္းေက်ာ္ ေသဆုံးခဲ့ပါတယ္။

WHO ကေတာ့ ဗိုင္းရပ္စ္ကို တုန႔္ျပန္ဖို႔ ၅ ႏွစ္ မဟာဗ်ဴဟာစီမံကိန္းကို သေဘာတူဖို႔ ဥေရာပအဖြဲ႕ဝင္ ႏိုင္ငံေတြနဲ႔ အြန္လိုင္း ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။ လြန္ခဲ့တဲ့ ရက္သတၱပါတ္အတြင္း ဥေရာပႏိုင္ငံေတြမွာ ေရာဂါကူးစက္မႈက တရိပ္ရိပ္ျပန္ၿပီး တိုးလာပါတယ္။ အထူးသျဖင့္ကေတာ့ စပိန္နဲ႔ ျပင္သစ္ ႏိုင္ငံမွာပါ။ ၿပီးခဲ့တဲ့ ေသာၾကာေန႔အတြင္း ဥေရာပႏိုင္ငံေတြ မွာ ကူးစက္သူ အေရအတြက္ ၅၁,၀၀၀ ေက်ာ္ ရွိခဲ့ပါ တယ္။ COVID – 19 ကာလမွာ တစ္ရက္အတြင္း အမ်ားဆုံး ကူးစက္ခံရတဲ့ စံခ်ိန္လည္း ျဖစ္ပါတယ္။

source : Popolay

unicode

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အထိ ဥရောပနိုင်ငံတွေမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၄ ဒသမ ၁ သန်း ရှိခဲ့ပြီး သေဆုံးသူပေါင်း ၂ ဒသမ ၁ သန်းကျော် ရှိခဲ့ပါတယ်။ ဥရောပနိုင်ငံတွေမှာ ကူးစက်မှု အများဆုံးကတော့ ရုရှား၊ စပိန်၊ ပြင်သစ်၊ ယူကေနဲ့ အီတလီနိုင်ငံတို့ ဖြစ်ပြီး သေဆုံးမှု အများဆုံး မှာလည်း ယူကေ၊ အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ရုရှားနိုင်ငံတို့ ပဲဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ နဲ့ နိုဝင်ဘာလအတွင်း ဥရောပနိုင်ငံ တွေမှာ COVID-19 ကူးစက်မှု ပိုပြီး များလာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဥရောပဌာနခွဲ ဒါရိုက်တာဖြစ်သူ Hans Kluge က AFP ကို ပြောကြားခဲ့ပါတယ်။ ကူးစက်မှု များလာတဲ့အတွက် လူသေဆုံးမှုလည်း များလာမယ် လို့ သူက သတိပေး ပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာလည်း ဥရောပနိုင်ငံတွေ မှာ COVID-19 ကူးစက်မှုနှုန်းက ပြန်ပြီး မြင့်တက်လာနေပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း လက်ရှိအချိန်အထိ လူသေဆုံးပမာဏက တည်ငြိမ်ဆဲ ရှိနေပေမယ့် ရောဂါကူးစက်မှု ပြန်လည် များပြားလာတဲ့အတွက် အောက်တိုဘာနဲ့ နိုဝင်ဘာလ အတွင်း နေ့စဉ် လူသေဆုံးမှု ပိုပြီးများလာမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥရောပဌာနခွဲရဲ့ ဒါရိုက်တာ ဖြစ်သူ Hans က “လူသေဆုံးမှု တည်ငြိမ်နေတယ်ဆိုတာ အခိုက်အတန့်ပါ။ နိုင်ငံတွေအနေနဲ့လည်း သတင်းဆိုးကို ကြားချင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ နားလည်ပါတယ်။ ဒီကူးစက်ရောဂါဟာ တစ်ချိန်မဟုတ် တစ်ချိန် ပြီးသွားတော့မှာပါဆိုတဲ့ အပြုသဘောဆောင်တဲ့ သတင်းစကားမျိုးကိုလည်း လူတွေဆီ ပေးပို့ချင်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက် မှာလည်း ပြင်သစ်နိုင်ငံ မှာ ကူးစက်သူ အရေအတွက် များလာခဲ့ပြီး ၂၄ နာရီ အတွင်း လူပေါင်း ၁၀၀၀၀ နီးပါး ရောဂါကူးစက်ခံခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံမှာ ရောဂါစတင်ပြန့်ပွားပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကူးစက်မှုပမာဏ အများဆုံးပါပဲ။ လူသေဆုံးမှုမှာ လည်း ပြင်သစ်နိုင်ငံက ကမ္ဘာ့အဆင့် ၇ နေရာမှာ ရှိနေပြီး ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။

WHO ကတော့ ဗိုင်းရပ်စ်ကို တုန့်ပြန်ဖို့ ၅ နှစ် မဟာဗျူဟာစီမံကိန်းကို သဘောတူဖို့ ဥရောပအဖွဲ့ဝင် နိုင်ငံတွေနဲ့ အွန်လိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပါတ်အတွင်း ဥရောပနိုင်ငံတွေမှာ ရောဂါကူးစက်မှုက တရိပ်ရိပ်ပြန်ပြီး တိုးလာပါတယ်။ အထူးသဖြင့်ကတော့ စပိန်နဲ့ ပြင်သစ် နိုင်ငံမှာပါ။ ပြီးခဲ့တဲ့ သောကြာနေ့အတွင်း ဥရောပနိုင်ငံတွေ မှာ ကူးစက်သူ အရေအတွက် ၅၁,၀၀၀ ကျော် ရှိခဲ့ပါ တယ်။ COVID – 19 ကာလမှာ တစ်ရက်အတွင်း အများဆုံး ကူးစက်ခံရတဲ့ စံချိန်လည်း ဖြစ်ပါတယ်။

source : Popolay

Add a Comment

Your email address will not be published. Required fields are marked *

2 × 3 =