Face Shield (မ်က္ႏွာ အုပ္/အကာ) တပ္သူမ်ား သတိ ျပဳလိုက္ နာသင့္သည့္ အခ်က္မ်ား (မ်ားမ်ား ရွယ္ထားေပးပါအုံး …)

ကိုဗစ္-၁၉ ေရာဂါကိုျဖစ္ေစေသာ ကို႐ိုနာဗိုင္းရပ္စ္ပိုး သည္ ႏွာေခါင္း၊ ပါးစပ္ စေသာ အသက္ရႉလမ္းေၾကာင္း မွတစ္ဆင့္ ခႏၶာကိုယ္ထဲ ကူးစက္ပ်ံ႕ႏွံ႔တတ္၍ mask တပ္ၾကရသည္။ယင္းပိုးသည္ မ်က္စိထဲသို႔လည္းဝင္ႏိုင္၍ အျပင္ထြက္သည့္အခါ Face Shield ကိုလည္း မျဖစ္မေန တပ္သင့္သည္။ တစ္ခါသုံး mask ကို အိမ္ျပန္ ေရာက္ေသာအခါ အမႈိက္ပုံးထဲ ေသေသခ်ာခ်ာ စနစ္တက် စြန႔္ပစ္ၾကရမည္။ (သို႔မဟုတ္) ျပန္လည္သုံး၍ ရေသာ အဝတ္ျဖင့္ ခ်ဳပ္ထားသည့္ mask ကို အိမ္ျပန္ ေရာက္သည္ႏွင့္ ခ်က္ခ်င္းခြၽတ္၍ ဆပ္ျပာရည္စိမ္ၿပီး ေလွ်ာ္ဖြတ္ရမည္ စသည့္ လုပ္ေဆာင္ခ်က္မ်ားကို လူတိုင္း သိထားၾကၿပီးျဖစ္သည္။

Parents wait as students wearing masks and face shields leave after attending classes during the first day of reopening of public high schools following closure due to the COVID-19 coronavirus in Yangon on July 21, 2020. (Photo by Sai Aung Main / AFP)

သို႔ေသာ္ အိမ္ျပန္ေရာက္တဲ့ အခါ လူအမ်ားစုက Face Shield ကို ခြၽတ္ၿပီးေနာက္ ဒီအတိုင္း တစ္ေနရာရာတြင္ ထားၿပီး ေနာက္တစ္ေန႔ (သို႔မဟုတ္) ေနာက္ထပ္တစ္ႀကိမ္ အျပင္ထြက္သည့္အခါ ယင္းကို ေကာက္ယူ၍ တပ္သြားၾကသည္။ ထိုျပဳမူခ်က္က လြန္စြာ မွားယြင္းေနၿပီး အႏၲရာယ္ လည္းမ်ားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ Face Shield ကို ေကာ္ (သို႔မဟုတ္) ပလတ္စတစ္ျဖင့္ ျပဳလုပ္ ထားၿပီး၊ ကို႐ိုနာဗိုင္းရပ္စ္ပိုးမ်ားက ေျခာက္ေသြ႕ေသာ ေကာ္ (သို႔မဟုတ္) ပလတ္စတစ္ ပစၥည္းမ်ားေပၚတြင္ ၇၂ နာရီ(၃ ရက္) ထိ ရွင္သန္ႏိုင္သည္။

ထို႔ေၾကာင့္ အျပင္က ျပန္လာတိုင္း Face Shield ကို ေရ၊ ဆပ္ျပာတို႔ျဖင့္ အတြင္း/အျပင္ ေဆးေၾကာ သန႔္စင္ ရမည္။(သတိျပဳရန္) hand cleaner လက္ေဆးရည္ ျဖင့္ Face Shield ကို ေဆးေၾကာ သန႔္စင္ပါက ယင္းအရည္တြင္ ပါရွိေသာ alcohol ဓာတ္ေၾကာင့္ ေကာ္/ပလတ္စတစ္ ကို စားသြားၿပီး မႈန္ဝါး တတ္သည္။ ထိုအခါ ၾကည့္ရတာ မႈန္ေန၍ အျမင္မၾကည္လင္ေတာ့ေပ။

unicode

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုး သည် နှာခေါင်း၊ ပါးစပ် စသော အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ခန္ဓာကိုယ်ထဲ ကူးစက်ပျံ့နှံ့တတ်၍ mask တပ်ကြရသည်။ယင်းပိုးသည် မျက်စိထဲသို့လည်းဝင်နိုင်၍ အပြင်ထွက်သည့်အခါ Face Shield ကိုလည်း မဖြစ်မနေ တပ်သင့်သည်။ တစ်ခါသုံး mask ကို အိမ်ပြန် ရောက်သောအခါ အမှိုက်ပုံးထဲ သေသေချာချာ စနစ်တကျ စွန့်ပစ်ကြရမည်။ (သို့မဟုတ်) ပြန်လည်သုံး၍ ရသော အဝတ်ဖြင့် ချုပ်ထားသည့် mask ကို အိမ်ပြန် ရောက်သည်နှင့် ချက်ချင်းချွတ်၍ ဆပ်ပြာရည်စိမ်ပြီး လျှော်ဖွတ်ရမည် စသည့် လုပ်ဆောင်ချက်များကို လူတိုင်း သိထားကြပြီးဖြစ်သည်။

Parents wait as students wearing masks and face shields leave after attending classes during the first day of reopening of public high schools following closure due to the COVID-19 coronavirus in Yangon on July 21, 2020. (Photo by Sai Aung Main / AFP)

သို့သော် အိမ်ပြန်ရောက်တဲ့ အခါ လူအများစုက Face Shield ကို ချွတ်ပြီးနောက် ဒီအတိုင်း တစ်နေရာရာတွင် ထားပြီး နောက်တစ်နေ့ (သို့မဟုတ်) နောက်ထပ်တစ်ကြိမ် အပြင်ထွက်သည့်အခါ ယင်းကို ကောက်ယူ၍ တပ်သွားကြသည်။ ထိုပြုမူချက်က လွန်စွာ မှားယွင်းနေပြီး အန္တရာယ် လည်းများသည်။ အဘယ်ကြောင့်ဆိုသော် Face Shield ကို ကော် (သို့မဟုတ်) ပလတ်စတစ်ဖြင့် ပြုလုပ် ထားပြီး၊ ကိုရိုနာဗိုင်းရပ်စ်ပိုးများက ခြောက်သွေ့သော ကော် (သို့မဟုတ်) ပလတ်စတစ် ပစ္စည်းများပေါ်တွင် ၇၂ နာရီ(၃ ရက်) ထိ ရှင်သန်နိုင်သည်။

ထို့ကြောင့် အပြင်က ပြန်လာတိုင်း Face Shield ကို ရေ၊ ဆပ်ပြာတို့ဖြင့် အတွင်း/အပြင် ဆေးကြော သန့်စင် ရမည်။(သတိပြုရန်) hand cleaner လက်ဆေးရည် ဖြင့် Face Shield ကို ဆေးကြော သန့်စင်ပါက ယင်းအရည်တွင် ပါရှိသော alcohol ဓာတ်ကြောင့် ကော်/ပလတ်စတစ် ကို စားသွားပြီး မှုန်ဝါး တတ်သည်။ ထိုအခါ ကြည့်ရတာ မှုန်နေ၍ အမြင်မကြည်လင်တော့ပေ။

Add a Comment

Your email address will not be published. Required fields are marked *

sixteen − 11 =