ဗမာပြည် အောက်ပိုင်း တခွင် မှာ သိမ့်သိမ့်တုန်အောင် ကြောက်ရ တဲ့ နို့တလုံးစိန် နှင့် ဗိုလ်မှူးကြီး သန်းတင် အကြောင်း

ဗမာပြည် အောက်ပိုင်း တခွင် မှာ သိမ့်သိမ့်တုန်အောင် ကြောက်ရ တဲ့ နို့တလုံးစိန် နှင့် ဗိုလ်မှူးကြီး သန်းတင် အကြောင်း

ငယ်ငယ် က အဖေ တို့ပြန်ပြောပြ သော ဧာဝတီတိုင်း မှ နာမည်ကြီး ကွန်မြူနစ် စစ်ဗိုလ်တော်တော် များများ ကို နားရည်ဝခဲ့ သည် ။ ကျောင်းကုန်း မြို့အနားက ဗိုလ်စခါး အကြောင်း ၊ ဗိုလ်သန်းရှိန် ၊ ဂါးမင်း၊ နို့တလုံးစိန် အမည်များနှင့် တိုက်ပွဲများက ကျနော် တို့၏ အိပ်ယာဝင်ပုံပြင်များဖြစ်ခဲ့ရသည်။ ဗိုလ်မှူးကြီးသန်းတင်အကြောင်း ဖတ် ရတော့ တဖြေးဖြေး သမိုင်းများကို ဆက်စပ် လို့ရ လာ သည် ။

ထို့ကြောင့် ဆပ်စပ် မိသော ပီကင်းပြန် နို့တလုံး စိန်ခေါ် မစိန်ဝင်းနှင့် ဗိုလ်မှူးကြီး သန်းတင် အကြောင်း ဆက်စပ်ရေးသား တင်ပြလိုက်ပါပြီ ။ အချိန်က၁၉၆၉/၇၀ ခန့်လောက်ကဖြစ် ပါ လိမ့် မည် ၊ ဧရာဝတီတိုင်း ခလရ(၃၆)အခြေပြု တပ်ရင်း ရှိရာ ကျုံပျော်မြို့မှ တပ်မတော် ချောပို့ ကားတစီးက( ၁၁ ) မိုင်သာဝေးသော ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ သို့ တာဝန်ဖြင့် ဦးတည်မောင်းနှင်နေ သည် ။

ထိုအချိန် ကသောင်းကျမ်းသူများမှာ အနောက် ရိုးမက ကိုသာ အခြေပြု နေရပြီး ဖြတ်သွားဖြတ်လာလောက်သာလုပ်နိုင်သည်၊တပ်မတော်၏ စစ်ဆင်ရေးပြီး စစ်ဆင်ရေးများကြောင့် အဖြူရောင်နယ်မြေမဖြစ်သေးသော်လည်း မြို့များအနီးသိပ်မကပ်နိုင်ကြ၊ထို့ကြောင့်တပ်မတော်စစ်ချောကားမှာ အစောင့် လိုက်တဦးမှမပါဘဲ အေးအေးဆေးဆေးပင် ငါးသိုင်းချောင်းမြို့သို့ဦးတည်မောင်နှင်နေသည်။ ငါးသိုင်းချာင်းမြို့တွင် ထိုစဉ်က တပ်မတော်ကတပ်စွဲထားခြင်းမရှိပါ၊ အနောက်ရိုးမတောင်ခြေရွာများတွင် စစ်ဆင်ရေးတာဝန်ယူနေသောတပ်များအတွက်ချော ပို့ရာတွင် ငသိုင်းချောင်းမြို့မှတဆင့် စက်လှေများဖြင့် ကုန်းပြင်ချောင်းအတိုင်း သီတာကုန်းပြင်သို့ပေးပို့ရသည်။ ငါးသိုင်းချောင်းမြို့နှင့်(၆)မိုင်ခန့်အကွာ၊ရေကြည်မြို့တွင် ကျုံပျော် ခလရ(၃၆)မှ ဗိုလ်မော်လင်းနှင့် တပ်ခွဲ တခွဲ ဘရင်းကယ်ရီယာ(၂)စီးသာအခြေပြုထားသည်။

ငါးသိုင်းချောင်းမြို့နှင့် (၂)မိုင်အကွာ ခိုတောင်ငှက်သိုက်ကျေးရွာအနီးရောက်သောအခါ ခရီးသွားနေသော တပ်မတော်ယူနီဖေါင်းဝတ် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးက လမ်းကြုံလိုက်လိုဟန်ဖြင့် စစ်ချောကားကိုတားရာ၊ကားမောင်းသူက တပ်မတော်သားယူနီဖေါင်းဝတ်မို့ ကားကိုရပ်ပေးလိုက်သည်။ဖြတ်ကနဲကားတံခါးကိုဆွဲဖွင့်ကာ အမျိုးသမီးက ဖွက်ယူလာသော ပစ္စတိုဖြင့် ကားမောင်းသူအားချိန်ကာအောက်သို့ဆင်းခိုင်းလိုက်သည်။ ထိုအမျိုးသမီးမှာ ကွန်မြူနစ်များနှင့်ပြည်သူလူထုအတွင်း နာမည်ကြီးလှသော နစ်ဖြူမယ်၊ နို့တလုံးစိန်(ခ)နော်တလုံးစိန်(ခ) နိုးတူးစိန်ခေါ်(ခ) ပီးကင်းပြန် မစိန်ဝင်းပင်ဖြစ်တော့သည်။

မစိန်ဝင်းကား ဥက္ကဌကြီးမော်၏ ပီကင်းမှကွန်မြူနစ်ဝါဒရိုက်သွင်းခ်ြင်းခံထားရသူပီပီ၊စိတ်ဓါတ်ပြင်း ထံကာ၊သတ္တိလဲအလွန်ကောင်းသည်၊ ငယ်သားများက ကျည်ပြီးသည်ဟုပင် ပြောစမှတ်ပြု ကြပြီး၊ ယောက်ကျားများကိုခေါင်းဆောင်နိုင်သောခပ်ကြမ်းကြမ်း၊ခပ်ရမ်းရမ်း နစ်ဖြူ မယ် တဦးဖြစ်လာတော့သည်။ပစ္စတိုသေနတ်ကိုခါးတွင် ခါးပတ်ဖြင့်အမြဲပတ်ထားကာ။ ရွာသားများကို ကွန်မြူ နစ်သဘောတရားဟောကြားတတ်ပြီး တအိမ်တယောက် မတက်မနေလာရောက်တက်ရောက်နားထောင်ကြရသည်။ မစိန်ဝင်းကားအလွန်တက်ကြွသော ဗဟိုကွန်မြူ နစ်ပါတီမှအားထားရသောခေါင်းဆောင်တဦးဖြစ်လာတော့သည်။

နို့တလုံးစိန် က ငါးသိုင်းချောင်းအသွားစစ်ကားကို စီးနင်းသိမ်းပိုက်လိုက်ပြီးကုက္ကို လ် ပင်ကြီးများနောက်မှ တပ်မတော်ယူနီဖေါင်းများ ဝတ်ဆင်ထားသော သူပုန်များထွက်လာပြီး ကားပေါ်တက်ကာ ငါးသိုင်းချောင်းမြို့တွင်းသို့ မောင်းနှင်ဝင်ရောက်သွားသည်ကို မည်သူမျှ ဂရုမထားကြ၊ဦးတည်ရာကား ငသိုင်းချောင်းရဲစခန်းရှိရာသို့….

ငသိုင်းချေင်းရဲစခန်းအတွင်းအေးဆေးစွါမောင်းဝင်လာသော ယူနီဖေါင်းဝတ်ရဲဘော်များပါသော စစ်ကား အား၊အချုပ်ခန်း အထက်မှ ကင်း တာဝန်ကျရဲသားနှင့်လုံခြုံရေးအစောင့်များက အေးဆေးစွာကြည့်နေစဉ်မှာပင် ကားပေါ်မှဆင်းလာသော တပ်မတော်ယူနီဖေါင်းဝတ်များက စတင်ပစ်ခတ်တော့သည်။အလစ်အငိုက်ဝင်စီးမှု့က သိပ်မကြာခင်မှာပင် ရဲတပ်ဖွဲ့ဝင်(၁၁)ဦးကျဆုံးသွားတော့သည်။ ငါးသိုင်ချောင်းးမြို့၏တဖက်ကမ်းမှအသင့်စောင့်နေသည် ကွန်မြူနစ်များက ငါးဝန်မြစ်ကိုဖြတ်ကာလှေများဖြင့်ကူးလာပြီး ရွေဆိုင်အချို့နှင့် ဈေးဆိုင်များကိုလုယက်သည်။ လုယက်သူများက မျက်နှာကို အဝတ်များစည်းထားကြသည်။

ငါးသိုင်းချောင်းမြို့ကိုစီးနင်းခံရကြောင်းသိလျှင်သိခြင်း၊ ၆မိုင်ခန့်သာကွာဝေးသော ရေကြည်မြို့ရှိ ဗိုလ်မော်လင်းဦးဆောင်သောတပ်ခွဲသည်။ ဘရင်းကယ်ရီယာနှစ်စင်းနှင့်ငါးသိုင်းချောင်းကိုအပြင်းချီတက်သလို၊ခလရ(၃၆)မှစစ်ကြောင်းတကြောင်းက ဖြတ်တောက်ရေးစစ်ကြောင်းအဖြစ်ငပိဆိပ်၊ယင်းရှေ လမ်းမှတဆင့် ငဝန်မြစ်ကို ဖြတ်ကူးကာ ပိတ်ဆို့ဖြတ်တောက်ရန် ချီတက်သည်။

ကြို တင်ပြင်ဆင်ထားပြီးဖြစ်သော နော်တလုံးစိန် နှင့်အဖွဲ့သည်တပ်မတော်၏ဘရင်းကယ်ရီယာများ ငသိုင်းချောင်းမြို့အဝင်ရောက်သည်နှင့်၊ရဲစခန်းမှသေနတ်များ၊လုယက်ထားသောပစ္စည်းများနှင့်အတူငဝန်မြစ်တဖက်ကမ်းသို့လှေများဖြင့် ဖြတ်ကူးကာ အနောက်ရိုးမသို့ ချီတက်ပျောက်ကွယ်သွားတော့သည်။

ရပခ တိုင်းတွင် ဗကပများကိုလက်စွမ်းပြခဲ့သော တိုင်းမှူးဗိုလ်မှူးကြီးသန်းတင်သည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချု့ပ်ကြီးစန်းယု၏အထူးတာဝန်ပေးချက်အရ ဗကပတို့၏စပါးကျီကိုဖေါက်ရန် ဧရာဝတီတိုင်းသို့ပြောင်းရွှေ့ လာပါပြီ၊ ဗိုလ်မှူးကြီးသန်းတင်ကား ဧရာဝတီတိုင်းသို့ရောက်သည်နှင့် ဖြတ်လေးဖြတ် တိုင်းလုံးအောင်စစ်ဆင်ရေးနှင့်ဧရာမင်းစစ်ဆင်ရေးကြီးကို ပြည်သူ့အကူအညီဖြင့်ဆင်နွှဲ တော့ ရာဗိုလ်မှူးကြီးသန်းတင်အကြောင်းကြားသိပြီးဖြစ်သော နို့တလုံးစိန်ခေါ် မစိန်ဝင်းမှာဧရာဝတီတိုင်းအတွင်းပိတ်ဆို့မှု့ မပြီးမှီ ပဲခူးရိုးမဗကပဗဟိုသို့ရောက်ရှိသွားသည်မှာအလွန် ကံကောင်းလှသည်ဟုပြောနိုင်ပါသည်။

အဘယ်ကြောင့်ဆို့သော် ဧရာဝတီတိုင်းအတွင်းပိတ်ဆို့ခံလိုက်ရသောဗကပများမှာငတ်လို့သေသူသေ၊တပ်မတော်နှင့်ပြည်သူ့စစ်များနှင့်တွေကာ သေသူသေ၊အဖမ်းခံသူအဖမ်းခံရ၊ အလင်းဝင်သူများမှာလဲ ဒူးကြီးကိုယ်သေး ဒုတ်ကောက်ဖြင့်လမ်းလျှောက်ကာ အလင်းဝင်ရောက်ခဲ့ရပြီးဧရာဝတီတိုင်းတခုလုံးစစ်ဆင်ရေးပြီးစစ်ဆင်ရေးလုပ်သော်လည်းဘယ်တုန်းကမှသောင်းကျန်းသူအမြစ်မပြတ်ခဲ့ ၊ခုတော့ဗိုလ်မှူးကြီးသန်းတင်၏ဖြတ်လေးဖြတ်စစ်ဆင်ရေးနှင့် ငစိန်ကျည်ဆံကြောင့်အဖြူ ရောင်နယ်မြေ ဖြစ်ခဲ့ရပါတော့သည်။

ဗိုလ်မှုးချုပ် စန်းယု

သို့သော်ပီကင်းပြန် နို့တလုံးစိန်နှင့် ဗကပခေါင်းဆောင်များကြာကြာကံမကောင်းနိုင်ပါ၊ အဘယ်ကြောင့် ဆိုသော်……………… ကာကွယ်ရေးဝန်ကြီးဌာန(၄)လပါတ်အစည်းအဝေး….. ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစန်းယုမှ… ဧရာဝတီတိုင်းက ခုဆိုရင် ဗိုလ်သန်းတင်ကြောင့် အဖြူရောင်နယ်မြေဖြစ်တော့မယ် ဖွဲ့စည်းပုံအရ ဗကပနဲ့ကေအမ်ဒီအိုအင်အား(၃၁)ယောက်သာ ကျန်တော့သည်။

ဒါကြောင့် ဧရာဝတီကတပ်ရင်း(၄)ရင်းကိုပိတ်ဆို့ရေးကထုတ်ပြီး တခြားတိုင်းမှာတာဝန်ပေးချင်တယ်ဟုဆိုလာပါသည်။ ထို့ကြောင့် ဗိုလ်မှူးကြီးသန်းတင်မှ ဧရာဝတီတိုင်းမှာ ယခင်ကစစ်ဆင်ရေးပြီးစစ်ဆင်ရေးဝင်ခဲ့ကြသော်လည်း ယခုလို (၃၁)ယောက်သာကျန်သည်အထိ မဖြစ်ခဲ့ကြပါ၊ယခုပြည်သူအားဖြင့်ဆောင်ရွက်ရာမှာနောက်ထပ်(၂)လသာအချိန်ပေးပါ၊

ဧရာဝတီတိုင်းတခုလုံးရန်သူတဦးမှမကျန်စေရပါ၊ တတိုင်းလုံးကိုအဖြူရောင်နယ်မြေကြေငြာနိုင်ပါပြီ၊ ထိုအချိန်ကြမှကျနော်နှင့် တပ်ရင်းကြီး(၁၀)ရင်းကို ခိုင်းလို့သည့်နေရာတွင်တာဝန်ပေးပါဟု တင်ပြရာ၊အနောက်မြောက်စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးစိန်လွင်က ဗမကသန်းတင်ပြောတာမှန်ပါသည်။ ယခုလိုလျှင်ကျနော့ထံမှ တပ်ရင်းကြီး၂ရင်းပေးပါမည်ဟု ဆိုသဖြင့် ၂လနှင့်အဖြူရောင်နယ်မြေဖြစ်အောင်ဆောင်ရွက်မည့်အစီအစဉ်အား၊ဦးစီးချုပ်မှသဘောတူခဲ့ပါသည်။

ထိုသို့ ကတိပေးပြီးနောက်(၁)လ ပြည့်သည့်အချိန်တွင် ရန်သူ(၃၁)ယောက်အနက်(၂၉)ယောက်ကိုလက်နက်များနှင့်အတူရရှိခဲ့ပြီး ကျန်(၂)ယောက်ကတော့ရိက္ခာပြတ်ကာ တောတောင်ထဲတနေရာရာတွင်သေဆုံးလောက်ပါပြီဟု ဦးချုပ်ထံတင်ပြခဲ့ပြီးနောက်တပါတ်အကြာ…. ဦးစီးချုပ်မှ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဗိုလ်မှူးကြီးသန်းတင်အားကက(ကြည်း)သို့အမြန်သတင်းပို့ရန်ခေါ်သဖြင့်ကကကြည်းမှလွှတ်သောရဟာတ်ယဉ်ဖြင့်နောက်တနေ့တွင်ကာကွယ်ရေးဦးစီးချုပ်ထံသတင်းပို့ရာ ဦးစီးချုပ်မှ၊ ဗိုလ်မှူးကြီးသန်းတင် ခင်ဗျား နတခ မှာဘယ်လောက်ကြာပြီလဲဟုမေးပါသည်။

ယခုဆို၂နှစ်ကျော်၃နှစ်နီးပါးရှိပြီဟုဖြေရာ ခင်ဗျားရဲ့ဖြတ်လေးဖြတ်ဗျူဟာကတော့တကယ်ပါဘဲ..ကျနော်တို့နှစ်ပေါင်း ၃၀လောက် စစ်ဆင်ရေးပြီးစစ်ဆင်ရေးတိုက်လာတာခင်ဗျားလို သောင်းကျမ်းသူတယောက်မှမကျန်အောင်မလုပ်နိုင်ခဲ့ဘူး ၊ဧရာဝတီတိုင်းဟာဗကပတွေရဲ့ဝမ်းဗိုက်ပါဘဲ ခင်ဗျားကြောင့် ဗကပတွေဝမ်းဗိုက် ပေါက်သွားတာဘဲ၊ခုတော့ဗကပတွေ ဝမ်းဗိုက်ပေါက်နေပြီ ဦးခေါင်းပိုင်းကိုရှင်းဖို့ဘဲကျန်တော့တယ်ဟုဆိုရာ၊ဗမကသန်းတင်က ကျနော်နဲ့တပ်ရင်း(၁၀)ရင်းကိုကြိုက်တဲ့နေရာမှာတာဝန်ပေးပါဗိုလ်ချုပ်ဟိုဆိုလိုက်ရာ၊ ဗိုလ်ချုပ်ကပြုံးပြီး ခင်ဗျားတပ်တွေမပါဘူး၊ ခင်ဗျားဘဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်နဲ့ ပဲခူရိုးမကို ခြေကန်ပြီးသောင်းကျန်းနေတဲ့ဗကပဦးခေါင်းပိုင်းကို ရှင်းလင်းပါဟု တာဝန်ပေးပါတော့သည်။

ပါပန်ကျုံ ဒေသရှိ ဗကပခြေလက်တွေကိုဖြတ်ခဲ့ရသည်၊ ဧရာဝတီတိုင်းတွင်ဗကပဝမ်းဗိုက်ကိုဖေါက်ခဲ့ရပြီ၊ခုတော့အဓိကဖြစ်သော ဗကပတို့၏ ဦးခေါ်င်းကိုဖြတ်ရပေတော့မည် ယင်းသည်ပင်ဗကပဗဟိုနှင့် ဗကပပီကင်းပြန် နို့တလုံစိန်(ခ)နော်တလုံးစိန်(ခ) နိုးတူးစိန်နှင့် ဗကပ သခင်ဇင် သခင်ချစ်တို့၏ကံကြမ္မာပင်ဖြစ်ပါတော့သည်။

ဗိုလ်မှူးကြီးသန်းတင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူသို့(၁.၆.၇၄)တွင်ရောက်ရှိလာပြီး ဗိုလ်မှူးကြီးမျိုးအောင်နှင့် တာဝန်လဲ လှယ်ပါသည်။(၃.၆.၇၄)နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဆင်ရေးအစည်းအဝေးခန်းမတွင် စစ်ဆင်ရေးအစည်းအဝေးစတင်သည်။ဒုတိုင်းမှူး၊ဗမကစိန်ရ၊ ဗမကလှကြည်၊တပ်မရ၇မှ တပ်မမှူး၊ဗပကရန်နိုင်စိုး၊ ဒုတပ်မမှူးဗမကခင်ကျော်ညို။၊ဗမကခင်မောင်တင့်၊ဗမကကျော်စိန်ဝင်းနှင့်တပ်ရင်းကြီး၁၀ရင်းမှတပ်ရင်းမှူးများ၊ ပါတီကောင်စီလူကြီးများပါဝင်သည်။

ပဲခူးရိုးမကားဧရာဝတီတိုင်းနှင့်ခြားနားသည်၊နေထိုင်သူများမှာရိုသားသောကရင်လူမျိုးများဖြစ်ကာတောင်ယာစပါးများက အထွက်ကောင်းသည်၊တနှစ်စိုက်ပြီး၂နှစ်၃နှစ်စားနိုင်သည်၊သခွါး၊ဘူးဖရုံ စသောခြံထွက်သီးနှံများကလဲအလျှံပါယ်ပေါသည်၊ဗကပတို့၏ ဆန်အိုးကြီးဖြစ်နေသည်။ ဖြတ်လေးဖြတ်ဆောင်ရွက်ရာတွင် ပထမဦးစွါ ရန်သူအမာခံများကိုဖေါ်ထုတ်ကာ သီးခြား နေရာများ တွင်အစောင့်အရှောက်ဖြင့်ထားရမည်၊

ရန်သူဗကပများက ဝင်ရောက်နှူတ်ပိတ်နိုင်သည်၊ ဒုတိယ ရန်သူကိုရိက္ခာဖြတ်တောက်ရမည်။တောင်ပေါ်ကျေးရွာများမှစိုက်ပျိုးထွက်ရှိသောသီးနှံများရန်သူထံမရောက်အောင် သတ်မှတ်နေရာများတွင် စုပုံသိမ်းဆီးထားမည်။မြစ်ဝကျန်းပေါ်ကဲ့သို့ရွာရှောင်များကိုစုပေါင်းလုပ်မရလျှင် တပ်မတော်ကရွာသစ်များတည်ကာ တပ်ရင်းများချထားမည်။ ပြည်သူနှင့်သူပုန်ကိုအဆက်ဖြတ်ရမည် ကျေးရွာပြည်သူစစ်များဖွဲ့ပေးကာ တပ်မတော်နှင့်ပူးပေါင်းပြီး ရန်သူကို အနားမကပ်နိုင်အောင်ဆောင်ရွက်မည်။ ဗကပဗျူ ဟာက၊ရေရှိလျှင်ငါးရှိရမည်၊ပြည်သူရှိလျှင်ဗကပရှိမည်၊ထို့ကြောင့် ပြည်သူနှင့်ဗကပခွဲထုတ်ရမည်။ ငါးမရှိအောင်ရေကိုပက်ထုတ်ရမည်။

ထို့ကြောင့် အုတ်တွင်းခလရ၅၇အနီးတွင်အမာခံစခန်းတခုတည်ဆောက်သည်၊ မင်းလှ စိန်ကန့်လန့်ခလရ(၁)အနီး တွင်နောက်တခု၊အမာခန်းနှင့်စစ်ကြောရေးစခန်းများကိုတည်ဆောက်ပြီး၊ဗကပအမာခံဟုနာမည်ကြီးသူအားလုံးကိုအမာခံစခန်းသို့ပို့ကာစစ်ဆေးသည်၊ စခန်းများကို သေချာစွါ ခံစစ်ပြင်ထားသည်။ ရွာများကိုရန်သူမှရိက္ခာမလုနိုင်အောင်ခြံစီးရိုးနှစ်ထပ်၊ပြည့်သူစစ်နှင့်တပ်မတော်ကင်းစခန်းများရှိသည်။

ပထမဆုံး အမာခံများထံမှသတင်းရသည်ကဧရာဝတီတိုင်းမှလွတ်သွားသောမန်းသာစိန်နှင့်အင်အား(၈၀)ခန့်၊ရိက္ခာရရှိရေးလှူပ်ရှားနေသည့်သတင်းဖြစ်သည်ဖြူးအုပ်တွင်းအနောက်ဘက်တောင်၃လုံးပေါ်စခန်းချနေသည့်သတင်းစရသည်။ ထို့ကြောင့်တပ်မ(၇၇)မှဒုတပ်မမှူးဗမက ခင်ကျော်ညိုနှင့်အထူးကွန်မန်ဒိုနှင့်အဖွဲ့က ဝင်တိုက်တော့သည်။ ပိတ်ဆို့ရေးစစ်ကြောင်းများကလဲပိတ်ဆို့ထားသည်။

နံနက်လင်းရောင်ခြည်ကြောင့် ပဲခူးရိုးမတခွင်သာယာနေသည်။ကျေးငှက်တို့၏သာယာသော အိပ်တန်းထတွန်ကြူးသံအောက်တွင် မန်းသာစိန်တို့၏ကင်းအဖွဲ့ မှလွဲကာ အိပ်မောကျနေဆဲ၊ အမှောင်ကိုအားပြုကာချည်းကပ်လာသောတပ်မရ၇ ကွန်မန်ဒိုစစ်ကြောင်းက မန်းသာစိန်စခန်းအားဝင်စီးတော့သည်။

တိုက်ပွဲက သိပ်မကြောလိုက်ပါ ကင်းအဖွဲ့ တခုလုံးနှင့်၁၅ယောက် အသေရလိုက်ကာ မန်းသာစိန်နှင့် အင်အား၅၀ ခန့် နက်ရှို်င်း သောပဲခူးရိုးမတောတွင်းဝင်ပြေးလွတ်မြောက်သွားသည်။ စစ်တောင်းအနောက်ဘက်ကူးတို့ဆိပ်တွင် ပိတ်ဆို့ထားသောပြည်သူ့စစ်များနှင့်တိုက်ပွဲဖြစ်သည်. စစ်တောင်းမြစ်ရိုးအား၊ပြည့်သူ့စစ်၊ဲ ရဲတပ်ဖွဲ့နှင့် တပ်မတော်က ပိတ်ဆို့ထားသည်။စစ်တောင်းမြစ်ကိုဖြတ်ကူးနိုင်သော်လည်းပိတ်ဆို့ရေးအဖွဲ့များက ရှိနေသေးသည်။

ဒုတိယတဖွဲ့ကတော့ ဧရာဝတီတိုင်းတွင် နာမည်ကျော်ခဲ့သော နို့တလုံးစိန်(ခ) နော်တလုံးစိန်(ခ) နိုးတူးစိန်(ခ) မစိန်ဝင်းနှင့်ဗကပဗဟိုဆေးရုံ သတင်းပင်ဖြစ်သည်။ ပထမအဆင့်ရိက္ခာပိတ်ပြီးနောက်၊အမာခံစခန်းတခုတွင်အင်အားဂ(၁၀၀၀)ခန့်ဖြစ်လာသည်။ဗကပများကိုပြည်သူနှင့်တပ်မတော် ပူးပေါင်းနှီမ်နင်းသည့်သတင်းများကို အမာခံများသိအောင် တပါတ်တကြိမ်ရှင်းလင်းပြသည်။

အမာခံများအားစခန်းမှကျွေးမွေးသည့်အပြင် ကိုယ်တိုင်လဲစိုက်ပျိုးစားသောက်နိုင်ပြီး၊ ပြန်လွှတ်လျှင်လဲဗကပတို့ကသတ်မည်ကိုသိသဖြင့်၊စခန်းတွင်ပျော်နေကြပြီး ၊သောင်းကျမ်းသူမရှိမှရွာပြန်လို့ရမည်ကိုသိသည်။တပ်မတော်ကိုသိသည့်သတင်းများထုတ်ပြောကာကူညီလဲာကြတော့သည် ၊ဧရာဝတီတိုင်းကလိုရန်သူတယောက်မကျန်အရှင်းခံရမည်ကို ယုံကြည်လာကြတော့ တပ်မတော်ကိုအကူအညီပေးလာတော့သည်။

တောင်ငူအုတ်တွင်းခလရ(၅၇)အနီး အမာခံစခန်းသို့တိုင်းမှူးကြီးရောက်လာတော့ အမာခံတဦးမှတပ်ရင်းမှူးဗိုလ်မှူးမောင်မောင်နားကပ်ကာတီးတိုးပြောသည်။ ဗိုလ်မှူးမောင်မောင်က အရေးကြီးသတင်းတခုတင်ပြစရာရှိလို့။တိုင်းမှူးကြီးတပ်ရင်းရုံးကိုခေတ္တဝင်ပေးပါဟုဆိုသဖြင့်၊တပ်ရင်းရုံးသို့ဝင်သည်။ပြီးမှ၊အမာခံတဦးဖြစ်သူ လှမောင်ကတိုင်းမှူးကြီးတို့ ဗဟိုဆေးရုံရပြီလားခင်ဗျ၊မရသေးရင်ကျနော်ပြပေးပါမည်ဟုဆိုလာသည်။

လှမောင်ကိုရဟတ်ယာဉ်ဖြင့်တင်ကာညောင်လေးပင်သို့ခေါ်ခဲ့သည်။ တိုင်းမှူးကြီးက ဒီလိုသတင်းအနံ့မျိုးကိုလက်လွတ်ခံလေ့မရှိပေ။ လှမောင်ကဗကပဗဟိုဆေးရုံ တွင်ရိက္ခာပြတ်နေပြီ၊ ရွာသို့ရိက္ခာရှာရန်သွားသောအဖွဲ့မှာလဲ တရွာလုံးသံချောင်းခေါက်၊သံပုံးတီး တရွာနှင့်တရွာအသိပေးကြ၊ တော့ခြေဦးတည့်ရာပြေးခဲ့ကြရာ၊သူကတော့ရွာတရွာဝင်ပြီး အလင်းဝင်ခဲ့ကြောင်းပြောပြပါသည်။ကျနော်ထွက်ပြေးလို့လွတ်သွားလဲ တောထဲကြအသတ်ခံရမှာပါဘဲဟုဆိုရှာ ပါသည်။

ဒီဆေးရုံရဲ့အကြီးအကဲကတော့ ရွာတွေမှာပြောပြောနေတဲ့ ပီကင်းပြန် နို့တလုံးစိန်၊ပေါ့ သူ့ရှေ့မှာတော့နို့တလုံးစိန်လို့မခေါ်ရဲပါဘူး၊ခေါ်ရင်သူကိုယ်တိုင်သတ်မှာဘဲတဲ့၊ နာမည်ရင်းက မစိန်ဝင်းပါ၊ ပီကင်းပြန်တွေထဲမှာ အလွန်သတ္တိလဲကောင်း၊လုပ်ရဲကိုင်ရဲလဲရှိ၊ကွန်မြူနစ်ပါတီအပေါ်လဲအလွန်ယဲုံကြည်တယ် ဗကပ အမျိုးသမီးတွေထဲမှာရှာမှရှား no two ပေါ့။ နျိုးတူးစိန်ကနေ၊ နော်တလုံးစိန်၊ နို့တလုံးစိန် အမျိုးမျိုးခေါ်ကြတာပါ ဟုရှင်းပြသည်

အမာခံလှမောင်၏လမ်းပြမှု့ဖြင့်၊ ညောင်လေးပငိတွင်အရံထားသောကွန်မန်ဒိုစစ်ကြောင်းကို တပ်မမှူး၊ဒုတပ်မမှူးတို့ကခေါင်းဆောင်ကာ၊ညတွင်းချင်း ရိုးမထဲဝင်ခဲ့ကြသည်။ နံနက်မိုးမလင်းခင် ၄နာရီတွင် တော့ ဗကပ ဗဟိုဆေးရုံကို ကွန်မန်ဒိုများကဝိုင်းမိထားပါပြီ၊လိုအပ်မည့် ထွက်ပေါက်များ၊ ကိုလဲအရံတပ်များက ပိတ်ဆို့ထားလိုက်ပါပြီ၊ ထွက်ပြေးနိုင်သောတောင်ကြောများကလဲများပြားသည်၊ ကွန်မန်ဒိုတပ်စုက စတိုက်မည့်ဆဲဆဲမှာပင် နောက်ကြောဘက်တောင်ကြားလမ်းကလေးမှ အမျိုးသမီးတဦးနှင့် အမျိုးသားတဦးဝင်လာသည်။

အမျိုးသမီးမှာ လုံးကြီးပေါက်လှ တဦးဖြစ်ပြီး၊လှမောင်က အဲဒါဆေးရုံတပ်မှူး၊း နို့တလုံးစိန်၊နဲ့တိုက်တိုင်းအောင်တပ်က တပ်မှူး၊ ဗိုလ်မှူးးညိုမောင်ဖြစ်ကြောင်းပြောသဖြင့်၊ကွန်မန်ဒိုစစ်ကြောင်းမှူးက သူမပစ်ခိုင်းဘဲမပြစ်ရန်သတိပေးပြီး။ မင်းတို့ဗဟိုဆေးရုံကို ဒို့တပ်မတော်ကဝိုင်းထားပြီးဖြစ်တယ်၊အားလုံးလက်နက်ချကြပါ ဟုအော်ပြောရာ၊ လက်နက်ချရမည့်အစား ကျည်ဆံတွေ စုပြုံ ပစ်ကြတော့သည်။

တပ်မတော်ကလက်နက်ချရန် ထပ်ပြန်တလဲလဲအော်နေသော်လည်း လက်နက်မချဘဲ တိုက်တိုင်းအောင်ညိုမောင်နှင့် ပီကင်းပြန် နို့တလုံးစိန်တို့ ကသေနတ်တလက်စီကိုင်ကာပစ်ခတ်ရင်း ပြေးထွက်လာတော့ တပ်ကမလွှဲ သာမရှောင်သာပစ်ရတော့သည်၊ တိုက်တိုင်းအောင် ညိုမောင်မှာ နေရာတွင်ပွဲချင်းပြီးကျဆုံးကာ နို့တလုံးစိန်မှာဒဏ်ရာရသည်။

လက်နက်ချရန်အကြိမ်ကြိမ်အော်သောလဲမရဘဲ လက်စွဲတော် ပစ္စတိုသေနတ်ဖြင့် ဒဏ်ရာရသည့်ကြားမှပင်ပြန်လည်ပစ်ခတ်နေသဖြ့်င့် မလွဲမရှောင်သာဘဲ အသေပစ်ခတ်ဖမ်းဆီးရတော့သည်။ တိုက်ပွဲတွင် အသေ(၁၁)ယောက်၊ဒဏ်ရာနှင့်(၇)ယောက်ဖမ်းမိ၊အရှင်၎ ယောက်ဖမ်းဆီးရမိသည်။

တိုက်တိုင်းအောင်ညိုမောင်နှင့် ပီကင်းပြန်နို့တလုံးစိန်ကိုအသေရမိသည်နှင့် တိုင်းမှူးကြီး၊ထောက်လှမ်းရေးဗိုလ်မှူးကြီးတင်ဦးတို့ ရဟတ်ယာဉ်ဖြင့်ရောက်လာပြီးကြည့်ရှူသည်။ ထောက်လှမ်းရေး ဗိုလ်မှူးကြီးတင်ဦးက ရဲဘော်တဦးအား၊ တလုံးလား၂လုံးလားဟုမေးရာ ရဲဘော်ကရဲကျဲကျဲဖြင့် ၂လုံးပါဟုပြန်ပြောရာ၊ဗိုလ်မှူးကြီးတင်ဦးက ဒီကောင်တွေလှန်ကြည့်ပြီးပြီထင်တယ် ဟု စလိုက်ပါသည်။

ခုတော့ ပဲခူးရိုးမတခွင်ပြည်သူတို့ကြောက်ဲကြရသော တိုက်တိုင်းအောင်တပ်မှူးဗိုလ်မှူးညိုမောင်နှင့်၊ဧရာဝတီတခွင်ပြဲပြဲစင်အောင်တိုက်ခဲ့ပြီး ပြည်သူတို့၊နို့တလုံးစိန်ဆိုလျှင် ဖိန့်ဖိန့်တုံအောက်ကြောက်ခဲ့ကြရသော ပီကင်းပြန် ၊ရဲရဲတောက် နို့တလုံးစိန်(ခ) နော်တလုံးစိန်(ခ) နိုးတူးစိန်(ခ) မတင်စိန် တယောက် ပဲခူးရိုးမတနေရာတွင် ဗိုလ်မှူးးကြီးသန်းတင်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးတွင် မိုက်ဇာတ်သိမ်းခဲ့သည်ကို ငါးသိုင်းချောင်းမြို့မှနို့တလုံးစိန်လက်ချက်ဖြင့် ကျဆုံးသူရဲဝန်ထမ်း များ၏ မိသားစုများသိမှသိပါလေစ…………

Thaung Myint(starshinester)

Add a Comment

Your email address will not be published. Required fields are marked *

two × five =