Q ဝင် မယ့် ပြည်တော်ပြန် တွေ မဖြစ်မနေ သိထား သင့်တဲ့ ဆောင်ရန် / ရှောင်ရန် အချက်များ

Q ဝင် မယ့် ပြည်တော်ပြန် တွေ မဖြစ်မနေ သိထား သင့်တဲ့ ဆောင်ရန် / ရှောင်ရန် အချက်များ

ကယ် ဆယ်ရေး လေယာဉ် နဲ့ ပြန်မဲ့ ပြည်တော် ပြန်တွေ ကို မှာချင် လို့ပါ ။ FQ ဝင်တဲ့ လူတွေနားက ဘာပစ္စည်း မှ အပြင် ကို ပေးမထုတ် ပါဘူးနော်။ လေဆိပ်ကနေ Q စင်တာ ကို တန်းလာရ ပါတယ် ။အရေးကြီးတဲ့ ရေရှည်အထားမခံ တဲ့ လူကြုံပစ္စည်းတွေ ယူလာ ရင် ဒုက္ခများ နိုင် ပါတယ်။

အယ်လ်ကိုဟော စပရေး ယူလာ ပါ။ တစ်ရှူး ယူလာပါ ။ တနေ့ ၃ကြိမ် အချိန်မှန် အခန်းရှေ့ ထမင်းရောက် ပါတယ် ။ တခြားအချိန် ဗိုက်ဆာတတ်ရင် ယူလာပါ။ ကော်ဖီ လက်ဖက်ရည်သောက် တတ်တဲ့ လူတွေ ရေနွေးမရှိပါ။ ငရုတ်သီး အစပ်ကြိုက် သမားတွေ ယူလာပါ။

Swap test (ကိုဗစ် စစ်တာ ) က ဖေ့ဘုတ် ဗီဒီယို မှာ မြင်ဖူးသလိုမျိုး မနာပါဘူးနော် ။ကျနော်လဲ အဲ့လိုထင်ပြီး အတော်ကြောက်ခဲ့ဖူးပါတယ် ။အရမ်းနာတယ်လို့ပြောကြတဲ့ ကောလဟဟာလ တွေ မယုံပါနဲ့ ။ ကြောက်ပီး နောက်ကို မဆုတ်ပါနဲ့ ပိုနာပါမယ် ။စမ်းတဲ့လူထက် ပု အောင် နေပေးပါ ။အကာ အကွယ်တွေ နဲ့ လုပ်ရတာဆိုတော့ သူတို့လဲ အရမ်းကောင်းကောင်း မမြင်ရပါဘူး။ မကြောက်ပါ နဲ့ စက္ကန့်ပိုင်းလောက်ဘဲ နေရခက်ပါတယ်။

Luggage တွေအထုပ်တွေ မှန်သမျှ ကို ပလတ်စတစ် အကြည် ပတ်လာပါ ။ ပိုးသတ်ဆေးရော မိုးဒဏ်ရော ကာကွယ် ပါတယ် ။ ကျနော့်အထုပ်တွေ မိုးရော ပိုးသတ်ဆေးရော ထိပါတယ်။ စေတနာ့ဝန်ထမ်းတွေကို အပစ်ပြောချင်းမဟုတ်ပါ။ နောက်လူ မစိုစေဖို့ ရည်ရွယ်ပါတယ်။

တစ်ရှူး၊ နှာခေါင်းစည်း၊ အယ်လ်ကိုဟော စပရေး လုံလောက် အောင် ယူခဲ့ပါ။ စင်တာမှာ တောင်းလို့ ရကောင်းရနိုင်ပေမဲ့ ကိုယ့်ဟာကို သုံးတော့ ပိုလိုအပ်တဲ့လူက အဆင်ပြေတာပေါ့။ ဆပ်ပြာ ရေဖလား သွား တိုက်ဆေး / တံ အိပ်ရာခင်း ခေါင်းအုံး အသစ်ပေး ပါတယ်။

ဖုန်း ဆင်းကတ် မရှိရင် စေတနာ့ ဝန်ထမ်းတွေက ပေးပါတယ်။ ပြန် မလာခင် ငွေဖြည့်ကဒ်လေး ကြိုဆောင်လာသင့်ပါတယ်။ ငွေဖြည့်တဲ့ ကုဒ်နံပါတ်တွေကို လေယာဉ်ပေါ် မတက်ခင် အိမ်ကတောင်းထားပေါ့ ဗျာ ။ ပြည်တော်ပြန်တွေ ပိုအဆင်ပြေစေဖို့ရေး ပါတယ် အလကားရတာ ကို စောဒကတက် နေလားတို့ ဘာတို့ လာမမန့်ပါနဲ့နော်။

Lynn Yar Myat Noe