မိန်းကလေး စီးတဲ့ ဖိနပ်တွေကို လိုက်ခိုး တဲ့ သူခိုး ကို မေးကြည့် တော့ မှ သိလိုက်ရတဲ့ အံ့ဖွယ်အဖြစ်…

မိန်းကလေး စီးတဲ့ ဖိနပ်တွေကို လိုက်ခိုး တဲ့ သူခိုး ကို မေးကြည့် တော့ မှ သိလိုက်ရတဲ့ အံ့ဖွယ်အဖြစ်…

ယခု သတင်းကို ( SiThuMaung ) စာမျက် နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

ကြံကြံဖန်ဖန် မိန်းကလေး ဖိနပ်မျိုးစုံ ကို လိုက်လံခိုး ယူကာ ဖက်အိပ်ပြီး တစ်ကိုယ်ရည် လိင်စိတ်ဖြေသူကိုရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်

ထိုင်းနိုင်းငံ နွန်ထဘူရီခရိုင် ဘန့်ကလွေ့မြို့နယ် ဘန်ခွန်ထောင်းကျေးရွာ အုပ်စု ၊ ရပ်ကွက် (၅) အမှတ် (၁၆) မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ထီးလဖတ် ဆိုသူလူငယ်ဟာ ညဘက်ဆိုင်ကယ်နဲ့ နေအိမ်အခန်းငှားနဲ့ အခြားအဆောင်တွေမှာ ဖိနပ်မျိုးစုံကိုလိုက်လံ ခိုးယူမှုကြောင့်

၎င်းနေအိမ် အခန်းတွင်းမှာ ဖိနပ်မျိုးစု အရံပေါင်း ၁၂၆ ရံနဲ့အတူမေလ ၂၄ ရက်နေ့က ၎င်း၏နေအိမ်အခန်းတွင် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် ။

သူဟာ အခြားသူခိုးတွေလို အမျိုးသမီး အတွင်းခံဘောင်းဘီ နဲ့ ဘရာစီယာတွေကို လိုက်လံခိုးယူတာမျိုးမဟုတ်ဘဲ ဖိနပ်တွေကို မှစိတ်အာသီသရှိပြီး အခုလို လိုက်လံခိုးယူပြီး ညအိပ်ချိန်ဖက်အိပ်ကာ တစ်ကိုယ်ရည်လိင်စိတ်ဖြေဖျောက်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ် ။

ဒီလိုထူးဆန်းစွာပြုမှု လာတာဟာ ၁၃ နှစ်သားကနေ စတင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်လဲလာပြီး ဖိနပ်တွေကို စတင်ခိုးယူ လာခဲ့တာဖြစ်တယ်လို့ပြောပါတယ် ။

ခုတော့ ရဲတပ်ဖွဲ့ကတရားဥပဒေအရအရေးယူဆောင်ရွက် ရမှာဖြစ်ပြီး စိတ်ကျမ္မာရေးအရ စိတ္တဇရောဂါပိုင်းဆိုင်ရာရှိ/မရှိ စစ်ဆေးသွားမယ်လို့လည်းသိရှိရပါတယ် ။

SiThuMaung

Add a Comment

Your email address will not be published. Required fields are marked *

9 − 8 =