အိမ္နီးခ်င္း ထိုင္းႏိုင္ငံ က ကိုဗစ္ ဒုတိယလႈိင္း ကို ဘယ္လိုကာကြယ္ေနလဲ?

ထိုင္းႏိုင္ငံမွာ ျပည္တြင္းကူးစက္မႈက ေမလေႏွာင္းပိုင္းကစၿပီး မရွိသေလာက္ ျဖစ္သြားပါၿပီ။ ဇန္နဝါရီလကစၿပီး ကိုဗစ္ ၁၉ လူနာသစ္ေတြ႕ရွိတဲ့ ထိုင္းႏိုင္ငံဟာ ေမလဆန္းကစတင္ၿပီး လူနာအေရအတြက္ ၃၀၀၀ ေက်ာ္ခဲ့တာာျဖစ္ၿပီး ျမန္မာႏိုင္ငံက ၾသဂုတ္လလယ္အထိ အတည္ျပဳလူနာ ၃၇၀ ေက်ာ္သာ ရွိခဲ့တာ ျဖစ္ပါတယ္။ စက္တင္ဘာလလယ္မွာ ဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာေတြ႕ရွိမႈက ထိုင္းႏိုင္ငံထက္ ေက်ာ္လြန္သြားခဲ့ၿပီး စက္တင္ဘာလ ၁၇ ရက္ေန႔ မနက္ပိုင္းအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၃၈၉၄ ဦးရွိေနၿပီး ထိုင္းႏိုင္ငံမွာ ၃၄၉၀ ဦး ရွိေနပါတယ္။

ထိုင္းႏိုင္ငံမွာ ျပည္တြင္းကူးစက္မႈက ေမလ‌ေႏွာင္းပိုင္းကစတင္ကာ ကင္းစင္သေလာက္ျဖစ္သြားခဲ့ၿပီး ရက္ ၁၀၀ ေက်ာ္ ပိုးကင္းစင္ခဲ့ကာ စက္တင္ဘာလ ၃ ရက္ေန႔မွာ အက်ဥ္္းေထာင္သား တစ္ဦးမွာ ကိုဗစ္ပိုး ေတြ႕ရွိမႈရွိခဲ့တယ္လို႔ ထိုင္းႏိုင္ငံရဲ႕ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္းထိုင္းႏိုင္ငံတို႔ရဲ႕ အေျခအေနေတြကို ယွဥ္ထိုးၿပီး ျမန္မာႏိုင္ငံရဲ႕ လိုအပ္ခ်က္ေတြကို အေထြေထြေရာဂါကုသမားေတာ္ႀကီး ေဒါက္တာ မိုးေအာင္ေက်ာ္ႏိုင္က အခုလို ေထာက္ျပပါတယ္။

“ဆရာအခုပဲ ဘန္ေကာက္မွာေနတဲ့ ဆရာ့သူငယ္ခ်င္းနဲ႔ အဆက္အသြယ္ရတယ္။ ထိုင္းမွာ ဘယ္လိုေတြေဆာင္႐ြက္သလဲလို႔ အဓိကေမးလိုက္တာေပါ့။ သူတို႔ဆီမွာေတာ့ သူက နမူနာတစ္ခုေျပာျပတယ္။ သူက ကြန္ဒိုမွာေနတယ္ေပါ့ေနာ္။ သူက အခန္းျပင္ထြက္လာၿပီးေတာ့ အျပင္ထြက္တဲ့အခါမွာ Mask ေမ့လာခဲ့တယ္။ ဓာတ္ေလွကားက ဆင္းၿပီး သူအျပင္ထြက္တဲ့အခ်ိန္ သူ႔မွာ Mask မပါလာဘူးဆိုတာနဲ႔ သူ႔ကို ဘတ္ ၅၀၀ (ျမန္မာေငြ ႏွစ္ေသာင္းေက်ာ္) ဒဏ္႐ိုက္တယ္။ ၿပီးလို႔ရွိရင္ ပါကင္ပိတ္တယ္ စသည္အားျဖင့္ ဥပေဒအရ အေရးယူတယ္ေပါ့။ ႀကီးၾကပ္မႈနဲ႔ အ‌ေရးယူမႈနဲ႔ ဥပေဒစိုးမိုးေရးကိစၥေတြကို တိတိက်က် လိုက္နာေဆာင္႐ြက္ႏိုင္လို႔ သူတို႔က အခုခ်ိန္မွာ ကူးစက္မႈႏႈန္းေလ်ာ့က်ေအာင္ လုပ္ေပးႏိုင္တယ္လို႔ သူတို႔ျမင္တယ္ေပါ့” လို႔ ထိုင္းႏိုင္ငံက အေရးယူေဆာင္႐ြက္မႈအပိုင္းနဲ႔ ပတ္သက္ၿပီး ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က Duwun ကို ေျပာျပပါတယ္။

ထိုင္းႏိုင္ငံမွာ ပထမလႈိင္းအတြင္း ကူးစက္ခံရသူ ၃၀၀၀ ေက်ာ္ထဲမွာ ျပည္တြင္းကူးစက္မႈ ၇၀ ရာခိုင္ႏႈန္းေက်ာ္ (၂၄၀၀ ေက်ာ္) ရွိခဲ့တယ္လို႔ Office of International Cooperation,DDC MOPH ရဲ႕ အခ်က္အလက္မ်ားအရ သိရပါတယ္။ ျမန္မာႏိုင္ငံက ပထမအႀကိမ္ ကူးစက္မႈကို ေအာင္ေအာင္ျမင္ျမင္ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမဲ့ ဒုတိယအႀကိမ္မွာေတာ့ ေန႔စဥ္ ျပည္တြင္းကူးစက္မႈက ပိုးေတြ႕လူနာရာႏွင့္ခ်ီရွိေနတာ ႏွစ္ပတ္ေက်ာ္သြားခဲ့ပါၿပီ။

“ဆရာလည္းျပန္စဥ္းစားၾကည့္တယ္ ဆရာတို႔တိုင္းျပည္မွာ ဘာျဖစ္လို႔ ပထမအႀကိမ္ ထိန္းႏိုင္ၿပီး ဒုတိယအႀကိမ္ မထိန္းႏိုင္လဲ။ ပထမအႀကိမ္မွာကေတာ့ ပိုးသယ္ေဆာင္ၿပီးေတာ့ ျပည္ပက ဝင္ေရာက္လာသူေတြ၊ နယ္စပ္က ဝင္လာသူေတြနဲ႔ သူတို႔ရဲ႕ နီးစပ္ရာ ကြန္းတက္ေတြကို လိုက္လံထိန္းခ်ဳပ္ႏိုင္လိုက္တဲ့အတြက္ေၾကာင့္ သူတို႔ဆီကေနတစ္ဆင့္ ဆရာတို႔ရဲ႕ ပတ္ဝန္းက်င္ကို ပိုးေတြ မေရာက္ရွိေအာင္ တားဆီးလိုက္ႏိုင္တယ္။ ဒါေၾကာင့္မို႔လို႔ ဆရာတို႔တိုင္းျပည္မွာ ပထမတစ္ေခါက္မွာ သိပ္မဆိုးသြားဘူး။ ဒုတိယအေခါက္မွာက်ေတာ့ ျပည္တြင္းျပန႔္ႏွံ႔မႈကေန စတယ္။ ေနရာအႏွံ႔ကို ေရာက္တယ္။ ကိုယ့္ရဲ႕အနားကိုေရာက္လာတဲ့ ပိုးေတြကို မျပန႔္ပြားေအာင္ Mask တပ္ပါဆိုတဲ့အခါမွာ မက္စ္မတပ္ဘဲနဲ႔ သြားလာလႈပ္ရွားတဲ့သူဆီမွာ ပိုးရွိမွန္းလည္းမသိဘူး။ သြားလာလႈပ္ရွားရင္းနဲ႔ သူ႔ရဲ႕ နီးစပ္ရာ နီးစပ္ရာကို ရန္ကုန္မွာဆိုရင္ ၿမိဳ႕နယ္ အကုန္လုံးနီးပါးကို ေရာက္ရွိသြားတယ္ေပါ့” လို႔ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က ဆိုပါတယ္။

ေစာင့္ေရွာက္ကုသေပးမႈမွာ ျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံက ကြာျခားမႈသိပ္မရွိေပမဲ့ ျမန္မာႏိုင္ငံက အဓိက အားနည္းတဲ့အခ်က္ေတြက (၁) စည္းကမ္လိုက္နာမႈမရွိၾကလို႔ (၂) စည္းကမ္းမလိုက္နာတဲ့သူေတြကို ႀကီးၾကပ္အေရးယူမႈ အားနည္းလို႔ ဒီႏွစ္ခ်က္ေၾကာင့္မို႔လို႔ ျပန႔္ႏွံ႔မႈ မ်ားေနရျခင္းျဖစ္တယ္လို႔ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က သုံးသပ္ပါတယ္။

ထိုင္းႏိုင္ငံမွာ စက္တင္ဘာလ ၁၇ ရက္ေန႔အထိ အတည္ျပဳလူနာ ၃၄၉၀ ဦးရွိၿပီး ေသဆုံးသူ ၅၈ ဦးရွိပါတယ္။ လူနာ ၃၃၂၅ ဦးက ျပန္လည္သက္သာေကာင္းမြန္သြားၿပီျဖစ္လို႔ ကုသဆဲလူနာက ၁၀၇ ဦးသာ ရွိပါေတာ့တယ္။ ျမန္မာႏိုင္ငံမွာေတာ့ စက္တင္ဘာလ ၁၇ ရက္ေန႔မနက္ပိုင္းအထိ အတည္ျပဴလူနာ ၃၈၉၄ ဦး၊ ေသဆုံးလူနာ ၄၆ ဦးရွိကာ ျပန္လည္ေကာင္းမြန္သူ ၉၀၈ ဦးရွိၿပီး ကုသဆဲလူနာက ၂၉၄၀ ရွိေနပါတယ္။

unicode

ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှုက မေလနှောင်းပိုင်းကစပြီး မရှိသလောက် ဖြစ်သွားပါပြီ။ ဇန်နဝါရီလကစပြီး ကိုဗစ် ၁၉ လူနာသစ်တွေ့ရှိတဲ့ ထိုင်းနိုင်ငံဟာ မေလဆန်းကစတင်ပြီး လူနာအရေအတွက် ၃၀၀၀ ကျော်ခဲ့တာာဖြစ်ပြီး မြန်မာနိုင်ငံက သြဂုတ်လလယ်အထိ အတည်ပြုလူနာ ၃၇၀ ကျော်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလလယ်မှာ ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာတွေ့ရှိမှုက ထိုင်းနိုင်ငံထက် ကျော်လွန်သွားခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၃၈၉၄ ဦးရှိနေပြီး ထိုင်းနိုင်ငံမှာ ၃၄၉၀ ဦး ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှုက မေလ‌နှောင်းပိုင်းကစတင်ကာ ကင်းစင်သလောက်ဖြစ်သွားခဲ့ပြီး ရက် ၁၀၀ ကျော် ပိုးကင်းစင်ခဲ့ကာ စက်တင်ဘာလ ၃ ရက်နေ့မှာ အကျဥ််းထောင်သား တစ်ဦးမှာ ကိုဗစ်ပိုး တွေ့ရှိမှုရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့ရဲ့ အခြေအနေတွေကို ယှဥ်ထိုးပြီး မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်က အခုလို ထောက်ပြပါတယ်။

“ဆရာအခုပဲ ဘန်ကောက်မှာနေတဲ့ ဆရာ့သူငယ်ချင်းနဲ့ အဆက်အသွယ်ရတယ်။ ထိုင်းမှာ ဘယ်လိုတွေဆောင်ရွက်သလဲလို့ အဓိကမေးလိုက်တာပေါ့။ သူတို့ဆီမှာတော့ သူက နမူနာတစ်ခုပြောပြတယ်။ သူက ကွန်ဒိုမှာနေတယ်ပေါ့နော်။ သူက အခန်းပြင်ထွက်လာပြီးတော့ အပြင်ထွက်တဲ့အခါမှာ Mask မေ့လာခဲ့တယ်။ ဓာတ်လှေကားက ဆင်းပြီး သူအပြင်ထွက်တဲ့အချိန် သူ့မှာ Mask မပါလာဘူးဆိုတာနဲ့ သူ့ကို ဘတ် ၅၀၀ (မြန်မာငွေ နှစ်သောင်းကျော်) ဒဏ်ရိုက်တယ်။ ပြီးလို့ရှိရင် ပါကင်ပိတ်တယ် စသည်အားဖြင့် ဥပဒေအရ အရေးယူတယ်ပေါ့။ ကြီးကြပ်မှုနဲ့ အ‌ရေးယူမှုနဲ့ ဥပဒေစိုးမိုးရေးကိစ္စတွေကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်လို့ သူတို့က အခုချိန်မှာ ကူးစက်မှုနှုန်းလျော့ကျအောင် လုပ်ပေးနိုင်တယ်လို့ သူတို့မြင်တယ်ပေါ့” လို့ ထိုင်းနိုင်ငံက အရေးယူဆောင်ရွက်မှုအပိုင်းနဲ့ ပတ်သက်ပြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Duwun ကို ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာ ပထမလှိုင်းအတွင်း ကူးစက်ခံရသူ ၃၀၀၀ ကျော်ထဲမှာ ပြည်တွင်းကူးစက်မှု ၇၀ ရာခိုင်နှုန်းကျော် (၂၄၀၀ ကျော်) ရှိခဲ့တယ်လို့ Office of International Cooperation,DDC MOPH ရဲ့ အချက်အလက်များအရ သိရပါတယ်။ မြန်မာနိုင်ငံက ပထမအကြိမ် ကူးစက်မှုကို အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒုတိယအကြိမ်မှာတော့ နေ့စဉ် ပြည်တွင်းကူးစက်မှုက ပိုးတွေ့လူနာရာနှင့်ချီရှိနေတာ နှစ်ပတ်ကျော်သွားခဲ့ပါပြီ။

“ဆရာလည်းပြန်စဉ်းစားကြည့်တယ် ဆရာတို့တိုင်းပြည်မှာ ဘာဖြစ်လို့ ပထမအကြိမ် ထိန်းနိုင်ပြီး ဒုတိယအကြိမ် မထိန်းနိုင်လဲ။ ပထမအကြိမ်မှာကတော့ ပိုးသယ်ဆောင်ပြီးတော့ ပြည်ပက ဝင်ရောက်လာသူတွေ၊ နယ်စပ်က ဝင်လာသူတွေနဲ့ သူတို့ရဲ့ နီးစပ်ရာ ကွန်းတက်တွေကို လိုက်လံထိန်းချုပ်နိုင်လိုက်တဲ့အတွက်ကြောင့် သူတို့ဆီကနေတစ်ဆင့် ဆရာတို့ရဲ့ ပတ်ဝန်းကျင်ကို ပိုးတွေ မရောက်ရှိအောင် တားဆီးလိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ ဆရာတို့တိုင်းပြည်မှာ ပထမတစ်ခေါက်မှာ သိပ်မဆိုးသွားဘူး။ ဒုတိယအခေါက်မှာကျတော့ ပြည်တွင်းပြန့်နှံ့မှုကနေ စတယ်။ နေရာအနှံ့ကို ရောက်တယ်။ ကိုယ့်ရဲ့အနားကိုရောက်လာတဲ့ ပိုးတွေကို မပြန့်ပွားအောင် Mask တပ်ပါဆိုတဲ့အခါမှာ မက်စ်မတပ်ဘဲနဲ့ သွားလာလှုပ်ရှားတဲ့သူဆီမှာ ပိုးရှိမှန်းလည်းမသိဘူး။ သွားလာလှုပ်ရှားရင်းနဲ့ သူ့ရဲ့ နီးစပ်ရာ နီးစပ်ရာကို ရန်ကုန်မှာဆိုရင် မြို့နယ် အကုန်လုံးနီးပါးကို ရောက်ရှိသွားတယ်ပေါ့” လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။

စောင့်ရှောက်ကုသပေးမှုမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ကွာခြားမှုသိပ်မရှိပေမဲ့ မြန်မာနိုင်ငံက အဓိက အားနည်းတဲ့အချက်တွေက (၁) စည်းကမ်လိုက်နာမှုမရှိကြလို့ (၂) စည်းကမ်းမလိုက်နာတဲ့သူတွေကို ကြီးကြပ်အရေးယူမှု အားနည်းလို့ ဒီနှစ်ချက်ကြောင့်မို့လို့ ပြန့်နှံ့မှု များနေရခြင်းဖြစ်တယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၁၇ ရက်နေ့အထိ အတည်ပြုလူနာ ၃၄၉၀ ဦးရှိပြီး သေဆုံးသူ ၅၈ ဦးရှိပါတယ်။ လူနာ ၃၃၂၅ ဦးက ပြန်လည်သက်သာကောင်းမွန်သွားပြီဖြစ်လို့ ကုသဆဲလူနာက ၁၀၇ ဦးသာ ရှိပါတော့တယ်။ မြန်မာနိုင်ငံမှာတော့ စက်တင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းအထိ အတည်ပြူလူနာ ၃၈၉၄ ဦး၊ သေဆုံးလူနာ ၄၆ ဦးရှိကာ ပြန်လည်ကောင်းမွန်သူ ၉၀၈ ဦးရှိပြီး ကုသဆဲလူနာက ၂၉၄၀ ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

18 + thirteen =