ေန႔စဥ္ အလုပ္သြားေနရ၍ အခ်ိန္မရသူမ်ား အတြက္ ဘုရားတရားကို မည့္သို႔ ျပဳလုပ္ရန္ အတြက္ပါ…

ေန႔စဥ္အလုပ္သြားေနရ၍ အခ်ိန္မရလို႔ ဘုရားတရားမလုပ္ႏိုင္ပါဟု ေျပာလာသူမ်ားအတြက္ပါ နံနက္ မိမိမူလအိပ္ရာထခ်ိန္ထက္ နာရီဝက္ ေစာ၍ ထပါ. ငါးပါးသီလ ခံယူပါ မိမိအဆင္ေျပရာ ဂါထာ တစ္ခုခုကို ပုတီး စိတ္ပါ ပရိတ္ေတာ္မ်ားအားလုံး မ႐ြတ္ဖတ္ႏိုင္လ်င္ မိမိအဆင္ေျပရာသုတ္တစ္ခုသာ ႐ြတ္ဖတ္ပူေဇာ္ပါ

ည အလုပ္မွျပန္လ်င္ ည 9နာရီေနာက္ပိုင္း ပရိတ္ေတာ္မ်ား ႐ြတ္ဖတ္ပူေဇာ္ပါ ေသာက္ေတာ္ေရခ်မ္းမ်ားကပ္လႉပါဆီမီးအလင္းတိုင္မ်ား အေမႊးတိုင္မ်ား လႉပါ ဂါထာေတာ္မ်ား ႐ြတ္ဖတ္ ပုတီးစိတ္ပါ လကုန္လ်င္ မိမိလစာထဲမွ ေငြကို လႉရန္အတြက္ သီးသန႔္ဖယ္ထားပါ ဘုရားပန္း 1စည္းျဖစ္ေစဖေယာင္းတိုင္ တစ္ထုတ္ျဖစ္ေစ လစာထဲမွ ဦးဦးဖ်ားဖ်ားဝယ္၍ လႉပါ ခိုေလးမ်ား ေခြးေလးမ်ားကို တတ္ႏိုင္သေလာက္ အစာေကြၽးပါ

အလုပ္ပိတ္ရက္မ်ားတြင္ ဘုရားသြားပါ ဘုရားရင္ျပင္ေတာ္ကို တံျမက္စည္းလွဲပါ မိမိတြင္ညံ့ေနေသာကံမ်ား အမိူက္မ်ားႏွင့္အတူပါသြားပါေစ ဆုေတာင္း၍ ရင္ျပင္ေတာ္ကို စိတ္ပါလက္ပါ တံျမက္လွည္းပါ ဘုရား မိမိေမြးေန႔ေထာင့္တြင္ ဆီမီးမိမိသက္ေစ့လႉဒါန္းပါ လႉဒါန္းခ်ိနိ သည္ ေနဝင္ခါနီး သို႔မဟုတ္ ေနထြက္ခါနီး အခ်ိန္ဆိုလ်င္ အလြန္ေကာင္းပါသည္

ဘုရားရွိခိုးၿပီးတိုင္း အမွ်ေဝပါ မိမိခ်စ္သူ/အိမ္ေထာင္ဘက္၏ 12ပါးေသာ ကိုယ္ေစာင့္နတ္ မိမိ၏ 12ပါးေသာ ကိုယ္ေစာင့္နတ္ မိုးနတ္မင္း ေျမနတ္မင္း ေရနတ္မင္း ေလနတ္မင္း မိမိႏွင့္သိုက္ဆက္ ဓာတ္ဆက္ နန္းဆက္ ပဌာန္းဆက္ ဘဝဆက္ ပါရမီဆက္ရွိေသာသူမ်ားအား အမွ်ေဝပါထမင္းစားခါနီးလ်င္ အစာစားခါနီးလ်င္ ပန္းကန္ကို လက္ျဖင့္ထိ၍ သရဏဂုံကို ႐ြတ္ဖတ္ပါ မိမိစားေသာ အစာတြင္ သူတပါး မေကာင္းမႀကံစည္ႏိုင္ပါ

အိပ္ရာဝင္ခါနီးလ်င္ အိပ္မေပ်ာ္မျခင္း ဂါထာေတာ္မ်ား စိတ္အတြင္းမွ ႐ြတ္ဖတ္ပူေဇာ္ပါ ဤ အျပဳအမူမ်ားကို လုပ္ေဆာင္ျခင္းျဖင့္ ခ်က္ခ်င္း မသိသာ ေသာ္လည္း 2လ 3လအတြင္း သိသာလာပါမည္ စိတ္ညစ္စရာမ်ား ေလ်ာ့နည္းလာပါလိမ့္မည္ ကံဇာတာမ်ား တိုးတက္လာပါလိမ့္မည္ 1 ေန႔တာ 24နာရီတြင္ ကုသိုလ္ေရးအတြက္ 1နာရီမွ်ေလာက္ အခ်ိန္ေပးသင့္ပါတယ္

unicode

နေ့စဉ် အလုပ်သွားနေရ၍ အချိန်မရသူများ အတွက် ဘုရားတရားကို မည့်သို့ ပြုလုပ်ရန် အတွက်ပါ…

နေ့စဉ်အလုပ်သွားနေရ၍ အချိန်မရလို့ ဘုရားတရားမလုပ်နိုင်ပါဟု ပြောလာသူများအတွက်ပါ နံနက် မိမိမူလအိပ်ရာထချိန်ထက် နာရီဝက် စော၍ ထပါ. ငါးပါးသီလ ခံယူပါ မိမိအဆင်ပြေရာ ဂါထာ တစ်ခုခုကို ပုတီး စိတ်ပါ ပရိတ်တော်များအားလုံး မရွတ်ဖတ်နိုင်လျင် မိမိအဆင်ပြေရာသုတ်တစ်ခုသာ ရွတ်ဖတ်ပူဇော်ပါ

ည အလုပ်မှပြန်လျင် ည 9နာရီနောက်ပိုင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပါ သောက်တော်ရေချမ်းများကပ်လှူပါဆီမီးအလင်းတိုင်များ အမွှေးတိုင်များ လှူပါ ဂါထာတော်များ ရွတ်ဖတ် ပုတီးစိတ်ပါ လကုန်လျင် မိမိလစာထဲမှ ငွေကို လှူရန်အတွက် သီးသန့်ဖယ်ထားပါ ဘုရားပန်း 1စည်းဖြစ်စေဖယောင်းတိုင် တစ်ထုတ်ဖြစ်စေ လစာထဲမှ ဦးဦးဖျားဖျားဝယ်၍ လှူပါ ခိုလေးများ ခွေးလေးများကို တတ်နိုင်သလောက် အစာကျွေးပါ

အလုပ်ပိတ်ရက်များတွင် ဘုရားသွားပါ ဘုရားရင်ပြင်တော်ကို တံမြက်စည်းလှဲပါ မိမိတွင်ညံ့နေသောကံများ အမိူက်များနှင့်အတူပါသွားပါစေ ဆုတောင်း၍ ရင်ပြင်တော်ကို စိတ်ပါလက်ပါ တံမြက်လှည်းပါ ဘုရား မိမိမွေးနေ့ထောင့်တွင် ဆီမီးမိမိသက်စေ့လှူဒါန်းပါ လှူဒါန်းချိနိ သည် နေဝင်ခါနီး သို့မဟုတ် နေထွက်ခါနီး အချိန်ဆိုလျင် အလွန်ကောင်းပါသည်

ဘုရားရှိခိုးပြီးတိုင်း အမျှဝေပါ မိမိချစ်သူ/အိမ်ထောင်ဘက်၏ 12ပါးသော ကိုယ်စောင့်နတ် မိမိ၏ 12ပါးသော ကိုယ်စောင့်နတ် မိုးနတ်မင်း မြေနတ်မင်း ရေနတ်မင်း လေနတ်မင်း မိမိနှင့်သိုက်ဆက် ဓာတ်ဆက် နန်းဆက် ပဌာန်းဆက် ဘဝဆက် ပါရမီဆက်ရှိသောသူများအား အမျှဝေပါထမင်းစားခါနီးလျင် အစာစားခါနီးလျင် ပန်းကန်ကို လက်ဖြင့်ထိ၍ သရဏဂုံကို ရွတ်ဖတ်ပါ မိမိစားသော အစာတွင် သူတပါး မကောင်းမကြံစည်နိုင်ပါ

အိပ်ရာဝင်ခါနီးလျင် အိပ်မပျော်မခြင်း ဂါထာတော်များ စိတ်အတွင်းမှ ရွတ်ဖတ်ပူဇော်ပါ ဤ အပြုအမူများကို လုပ်ဆောင်ခြင်းဖြင့် ချက်ချင်း မသိသာ သော်လည်း 2လ 3လအတွင်း သိသာလာပါမည် စိတ်ညစ်စရာများ လျော့နည်းလာပါလိမ့်မည် ကံဇာတာများ တိုးတက်လာပါလိမ့်မည် 1 နေ့တာ 24နာရီတွင် ကုသိုလ်ရေးအတွက် 1နာရီမျှလောက် အချိန်ပေးသင့်ပါတယ်

Add a Comment

Your email address will not be published. Required fields are marked *

19 − 13 =