သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ေရာဂါအခံ ရွိသူမ်ား ကိုဗစ္ကူးစက္ခံ ရသည့္မွာ ႏိုင္ငံ၏ လူေနမႈစနစ္ေၾကာင့္ျဖစ္ဟု ေဒါက္တာသန္းႏိုင္စိုး ေျပာ

သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ေရာဂါအခံရွိသူမ်ား ကိုဗစ္ကူးစက္ခံရသည့္မွာ ျမန္မာႏိုင္ငံ၏ လူေနမႈစနစ္ႏွင့္ အမ်ားႀကီးသက္ဆိုင္မႈရွိၿပီး အားလုံးပူးေပါင္းေဆာင္႐ြက္ပါက သုံးပတ္အတြင္း ကိုဗစ္အႏၲရာယ္ကို ေက်ာ္လႊားႏိုင္မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ COVID-19 ေရာဂါႏွင့္ပတ္သက္ၿပီး ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက News Watch သို႔ ေျပာသည္။ ျပည္သူလူထုအေနျဖင့္ တတ္ႏိုင္သမွ် အိမ္ထဲတြင္သာေနျခင္း၊ မျဖစ္မေနအျပင္ထြက္သူမ်ားသည္လည္း ကိုဗစ္မကူးစက္ေစရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္စည္းကမ္းမ်ားကိုလိုက္နာၿပီး သုံးပတ္မွ်ေအာင့္အီးသည္းခံေနမည္ဆိုပါက ထိုင္း၊ ဂ်ပန္၊ ဗီယက္နမ္တို႔ကဲ့သို႔ ကိုဗစ္ဒုတိယလႈိင္းကို ေက်ာ္လႊာႏိုင္မည္ဟုယုံၾကည္ေၾကာင္း ၎ကဆိုသည္။

“အခုလိုကူးစက္ခံရမႈေတြထဲမွာ ကြၽန္ေတာ္တို႔ရဲ႕ လူေနမႈစနစ္လို႔ပဲေျပာရမွာေပါ့။ ကြၽန္ေတာ္တို႔ရဲ႕လူေနမႈစနစ္က မိသားစုေတြက စုေနၾကတယ္ေပါ့ေနာ္။ ၿပီးေတာ့ ႏိုင္ငံက မခ်မ္းသာတဲ့အခါက်ေတာ့ ေရခ်ိဳခန္း၊ အိမ္သာဆိုလည္း တခုတည္းသုံးရတယ္။ တိုက္ခန္းတခန္းထဲမွာပဲ အတူေနရတယ္။ ထမင္းစားတာလည္း စုၿပီးစားၾကတယ္ေပါ့။ အဲဒီေတာ့ အသက္အ႐ြယ္ႀကီးရင့္တဲ့ အေဖ၊ အေမ၊ အဘိုး၊ အဘြားေတြေပါ့။ မိသားစုဝင္ေတြက တအိမ္ထဲမွာပဲစုေနရတယ္။ ႏိုင္ငံတကာမွာဆိုရင္ေတာ့ အသက္အ႐ြယ္ႀကီး၊ ပင္စင္ယူတာနဲ႔ ဘိုးဘြားရိပ္သာပဲပို႔လိုက္တာေလ။ ၁၈ႏွစ္ေက်ာ္ရင္လည္း သားသမီးကို အိမ္မွာမထားေတာ့သလို၊ အသက္ ၆၀ ေက်ာ္တဲ့မိဘကလည္း သားသမီးေတြနဲ႔ အတူေနတယ္ဆိုတာ အင္မတန္ရွားတယ္ေပါ့။ ႏိုင္ငံတကာမွာေတာ့ ခ်မ္းလည္းခ်မ္းသာတယ္။ လူေတြလည္းခြဲေနလို႔ရတယ္။ မိသားစုေတြကလည္း အသက္႐ြယ္ႀကီးတဲ့သူေတြနဲ႔ ငယ္တဲ့လူေတြ သီးသန္႔ေနလို႔ရတယ္ေပါ့။

ကြၽန္ေတာ္တို႔ဆီမွာေတာ့ ဒီလိုပဲ အတူတူေနရတဲ့အခါက်ေတာ့ တဦးတေယာက္ကူးစက္ လာရင္ အိမ္မွာရွိတဲ့ အဘိုးအဘြားေတြ မိသားစုဝင္ေတြ သက္႐ြယ္ႀကီးရင့္တဲ့သူေတြ။ ေရာဂါအခံရွိတဲ့သူေတြ ဘယ္မွမသြားဘဲနဲ႔ အိမ္မွာေနရင္းနဲ႔ ကူးစက္ခံရတာမ်ိဳးလည္းရွိတာေပါ့။ အဲဒီအခါက်ေတာ့ သူတို႔ကို သူတို႔ၾကားမွာ ကူးစက္မႈႏႈန္းနဲ႔ ေသဆုံးမႈႏႈန္းေတာ္ေတာ္ျမင့္တယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ရဲ႕ လူေနမႈစနစ္ေၾကာင့္လည္း အသက္႐ြယ္ႀကီးရင္တဲ့သူေတြ ၊ ေရာဂါအခံရွိတဲ့သူေတြ ကူးစက္ခံရတဲ့ႏႈန္းေတြျမင့္မားတယ္။ အဲေတာ့ဘယ္လိုပဲျဖစ္ျဖစ္ေပါ့ေနာ္ လက္ရွိအေနအထားမွာ ဆိုး႐ြားတဲ့အေနအထားကိုရင္ဆိုင္ေနရေပမယ့္လဲ မၾကာခင္ ျပည္လည္ တည့္မတ္ႏို္င္ဖို႔အတြက္ကေတာ့ ျပည္သူေတြ အားလုံးကလည္း ျပည္သူသာအဓိကဆိုတဲ့ အတိုင္းလိုက္နာေပးဖို႔ ။ ဒီအခ်ိန္ေလးမွာေအာင့္အီးသည္းခံၿပီးေတာ့ သုံးပတ္ေလာက္ ေက်ာ္လိုက္ရင္မဆိုးပါဘူး။ တဘက္ကလည္း ကြၽန္ေတာ္တို႔ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြ အားလုံးဦးတည္ခ်က္တခု ပန္းတိုင္တခုထဲမွာ အတူတကြ စည္းလုံးညီၫႊတ္စြာေဆာင္႐ြက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔လည္းမၾကာခင္ေအာင္ႏိုင္မွာျဖစ္ပါတယ္” ဟုေဒါက္တာသန္းႏိုင္စိုးကေျပာသည္။

ကိုဗစ္ကူးစက္ျဖစ္ပြားမႈႏႈန္းမ်ားလာပါက ေသဆုံးမႈႏႈန္းသည္ ေနာက္ကကပ္လိုက္လာမည္ျဖစ္ေၾကာင္း ယင္း ေၾကာင့္ မျဖစ္ပြားေအာင္ကာကြယ္ျခင္းသည္ အေကာင္းဆုံးကုသမႈနည္းလမ္းတခုျဖစ္ၿပီး၊ ျပည္သူမ်ားအေနျဖင့္ Stay at Home ေနျခင္း မျဖစ္မေန မျပင္ထြက္ရပါက အိမ္ျပန္ေရာက္သည့္အခါ မိသားစုႏွင့္တိုက္႐ိုက္ထိေတြ႕မႈမရွိေစဘဲ ကိုယ္လက္သန္႔စင္ျခင္း၊ လက္ကိုဆပ္ျပာႏွင့္ေဆးျခင္း၊ ေရမိုးခ်ိဳးျခင္းစသည့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုန္ျပန္ထားသူည့္ စည္းကမ္းခ်က္မ်ားကို တိတိက်က် လိုက္နာၿပီး က်န္းမာေရးဝန္ထမ္းမ်ား၊ ေစတနာဝန္ထမ္းမ်ား၊ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား စည္းစည္းလုံးလုံးျဖင့္ ႀကိဳးစားအားထုတ္ပါက ႏွစ္ပတ္၊ သုံးပတ္အတြင္း ေက်ာ္လႊာႏိုင္မည္ျဖစ္ေၾကာင္း ၄င္းကဆိုသည္။

လက္ရွိ ျပည္တြင္းကူးစက္မႈျမင့္မားေနသည့္အတြက္ က်န္းမာေရးဝန္ထမ္းလုံေလာက္မႈရွိျခင္း၊ မရွိျခင္းႏွင့္ပတ္သက္ၿပီး “ျပည္တြင္းမွာရွိတဲ့ က်န္းမာေရးဝန္ထမ္းအင္အားနဲ႔ တက္ႏိုင္သမွ်ေလာက္ငွမႈရွိေအာင္ ကူးစက္မႈမ်ားေနတဲ့ ရန္ကုန္ကို တိုင္းနဲ႔ ျပည္နယ္အသီးသီးက ဆရာဝန္ေတြ၊ ဆရာမေတြ၊ သူျပဳဆရာမႀကီးေတြ၊ ေစတနာဝန္ထမ္းေတြ အမ်ားႀကီးသြားေရာက္ေဆာင္႐ြက္ေနပါတယ္။ ျပည္ပကလာေရာက္ကူညီတာေတာ့ ခုေလာေလာဆယ္ေတာ့ မရွိေသးဘူး။ လာမယ္၊ မလားဘူးဆိုတာလည္း မၾကားမိေသးဘူး”ဟု ဆိုသည္။ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ေရာဂါ ကူးစက္ခံရသူ ၄၀၀၀ နီးပါးရွိၿပီး ေသဆုံးသူ ၅၇ ဦးထိရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္သည့္ စာရင္းအရသိရသည္။

TCM

unicode

သက်ကြီးရွယ်အိုများနှင့် ရောဂါအခံ ရှိသူများ ကိုဗစ်ကူးစက်ခံ ရသည့်မှာ နိုင်ငံ၏ လူနေမှုစနစ်ကြောင့်ဖြစ်ဟု ဒေါက်တာသန်းနိုင်စိုး ပြော

သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများ ကိုဗစ်ကူးစက်ခံရသည့်မှာ မြန်မာနိုင်ငံ၏ လူနေမှုစနစ်နှင့် အများကြီးသက်ဆိုင်မှုရှိပြီး အားလုံးပူးပေါင်းဆောင်ရွက်ပါက သုံးပတ်အတွင်း ကိုဗစ်အန္တရာယ်ကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက News Watch သို့ ပြောသည်။ ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အိမ်ထဲတွင်သာနေခြင်း၊ မဖြစ်မနေအပြင်ထွက်သူများသည်လည်း ကိုဗစ်မကူးစက်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စည်းကမ်းများကိုလိုက်နာပြီး သုံးပတ်မျှအောင့်အီးသည်းခံနေမည်ဆိုပါက ထိုင်း၊ ဂျပန်၊ ဗီယက်နမ်တို့ကဲ့သို့ ကိုဗစ်ဒုတိယလှိုင်းကို ကျော်လွှာနိုင်မည်ဟုယုံကြည်ကြောင်း ၎င်းကဆိုသည်။

“အခုလိုကူးစက်ခံရမှုတွေထဲမှာ ကျွန်တော်တို့ရဲ့ လူနေမှုစနစ်လို့ပဲပြောရမှာပေါ့။ ကျွန်တော်တို့ရဲ့လူနေမှုစနစ်က မိသားစုတွေက စုနေကြတယ်ပေါ့နော်။ ပြီးတော့ နိုင်ငံက မချမ်းသာတဲ့အခါကျတော့ ရေချိုခန်း၊ အိမ်သာဆိုလည်း တခုတည်းသုံးရတယ်။ တိုက်ခန်းတခန်းထဲမှာပဲ အတူနေရတယ်။ ထမင်းစားတာလည်း စုပြီးစားကြတယ်ပေါ့။ အဲဒီတော့ အသက်အရွယ်ကြီးရင့်တဲ့ အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေပေါ့။ မိသားစုဝင်တွေက တအိမ်ထဲမှာပဲစုနေရတယ်။ နိုင်ငံတကာမှာဆိုရင်တော့ အသက်အရွယ်ကြီး၊ ပင်စင်ယူတာနဲ့ ဘိုးဘွားရိပ်သာပဲပို့လိုက်တာလေ။ ၁၈နှစ်ကျော်ရင်လည်း သားသမီးကို အိမ်မှာမထားတော့သလို၊ အသက် ၆၀ ကျော်တဲ့မိဘကလည်း သားသမီးတွေနဲ့ အတူနေတယ်ဆိုတာ အင်မတန်ရှားတယ်ပေါ့။ နိုင်ငံတကာမှာတော့ ချမ်းလည်းချမ်းသာတယ်။ လူတွေလည်းခွဲနေလို့ရတယ်။ မိသားစုတွေကလည်း အသက်ရွယ်ကြီးတဲ့သူတွေနဲ့ ငယ်တဲ့လူတွေ သီးသန့်နေလို့ရတယ်ပေါ့။

ကျွန်တော်တို့ဆီမှာတော့ ဒီလိုပဲ အတူတူနေရတဲ့အခါကျတော့ တဦးတယောက်ကူးစက် လာရင် အိမ်မှာရှိတဲ့ အဘိုးအဘွားတွေ မိသားစုဝင်တွေ သက်ရွယ်ကြီးရင့်တဲ့သူတွေ။ ရောဂါအခံရှိတဲ့သူတွေ ဘယ်မှမသွားဘဲနဲ့ အိမ်မှာနေရင်းနဲ့ ကူးစက်ခံရတာမျိုးလည်းရှိတာပေါ့။ အဲဒီအခါကျတော့ သူတို့ကို သူတို့ကြားမှာ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတော်တော်မြင့်တယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ လူနေမှုစနစ်ကြောင့်လည်း အသက်ရွယ်ကြီးရင်တဲ့သူတွေ ၊ ရောဂါအခံရှိတဲ့သူတွေ ကူးစက်ခံရတဲ့နှုန်းတွေမြင့်မားတယ်။ အဲတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် လက်ရှိအနေအထားမှာ ဆိုးရွားတဲ့အနေအထားကိုရင်ဆိုင်နေရပေမယ့်လဲ မကြာခင် ပြည်လည် တည့်မတ်နို်င်ဖို့အတွက်ကတော့ ပြည်သူတွေ အားလုံးကလည်း ပြည်သူသာအဓိကဆိုတဲ့ အတိုင်းလိုက်နာပေးဖို့ ။ ဒီအချိန်လေးမှာအောင့်အီးသည်းခံပြီးတော့ သုံးပတ်လောက် ကျော်လိုက်ရင်မဆိုးပါဘူး။ တဘက်ကလည်း ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အားလုံးဦးတည်ချက်တခု ပန်းတိုင်တခုထဲမှာ အတူတကွ စည်းလုံးညီညွှတ်စွာဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့လည်းမကြာခင်အောင်နိုင်မှာဖြစ်ပါတယ်” ဟုဒေါက်တာသန်းနိုင်စိုးကပြောသည်။

ကိုဗစ်ကူးစက်ဖြစ်ပွားမှုနှုန်းများလာပါက သေဆုံးမှုနှုန်းသည် နောက်ကကပ်လိုက်လာမည်ဖြစ်ကြောင်း ယင်း ကြောင့် မဖြစ်ပွားအောင်ကာကွယ်ခြင်းသည် အကောင်းဆုံးကုသမှုနည်းလမ်းတခုဖြစ်ပြီး၊ ပြည်သူများအနေဖြင့် Stay at Home နေခြင်း မဖြစ်မနေ မပြင်ထွက်ရပါက အိမ်ပြန်ရောက်သည့်အခါ မိသားစုနှင့်တိုက်ရိုက်ထိတွေ့မှုမရှိစေဘဲ ကိုယ်လက်သန့်စင်ခြင်း၊ လက်ကိုဆပ်ပြာနှင့်ဆေးခြင်း၊ ရေမိုးချိုးခြင်းစသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားသူည့် စည်းကမ်းချက်များကို တိတိကျကျ လိုက်နာပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ စည်းစည်းလုံးလုံးဖြင့် ကြိုးစားအားထုတ်ပါက နှစ်ပတ်၊ သုံးပတ်အတွင်း ကျော်လွှာနိုင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

လက်ရှိ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက် ကျန်းမာရေးဝန်ထမ်းလုံလောက်မှုရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်ပြီး “ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ တက်နိုင်သမျှလောက်ငှမှုရှိအောင် ကူးစက်မှုများနေတဲ့ ရန်ကုန်ကို တိုင်းနဲ့ ပြည်နယ်အသီးသီးက ဆရာဝန်တွေ၊ ဆရာမတွေ၊ သူပြုဆရာမကြီးတွေ၊ စေတနာဝန်ထမ်းတွေ အများကြီးသွားရောက်ဆောင်ရွက်နေပါတယ်။ ပြည်ပကလာရောက်ကူညီတာတော့ ခုလောလောဆယ်တော့ မရှိသေးဘူး။ လာမယ်၊ မလားဘူးဆိုတာလည်း မကြားမိသေးဘူး”ဟု ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၄၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၅၇ ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းအရသိရသည်။

TCM

Add a Comment

Your email address will not be published. Required fields are marked *

one × 2 =