



unicode

မေကဗျာရဲ့ မယုံနိုင်စရာ ကောင်းအောင် ကူညီဖေးမမှုကြီးကြောင့် မျက်ရည်ဝဲတဲ့ အထိ ဝမ်းသာ ကျေးဇူးတင်နေကြတဲ့ မိုးမိုးတို့ ဇနီးမောင်နှံ

မေကဗျာရဲ့ ကျေးဇူးကြောင့် စီးပွားရေးတွေ ပြေလည်သွားလို့ မျက်ရည်ဝဲ ခဲ့ရတဲ့ အဆိုတော် မိုးမိုး တို့ ဇနီးမောင်နှံ တစ်ချိန်က “ပြန်တွေးကြည့် “ဆို တဲ့ သီချင်းလေးကို နားမထောင်ဖူးတဲ့လူငယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။ “ပြန်တွေးကြည့်”ဆိုတဲ့ သီချင်းလေးကို သီဆိုခဲ့သူ တေးသံရှင်မိုးမိုးဟာလည်း အသံအေးအေးလေးနဲ့ ပရိသတ်နှစ်သက်တဲ့ သီချင်းများစွာကို သီဆိုခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ မိုးမိုးကတော့ အခုအချိန်မှာ မိသားစုနဲ့အတူ “ဒီမှာ ဟော့ပေါ့” ဆိုတဲ့နာမည်လေးနဲ့ အရသာရှိတဲ့ ဟော့ပေါ့ချက်ရောင်းနေတာပဲဖြစ်ပါတယ်။

အရသာရှိပြီး တန်တယ်လို့ နာမည်တစ်ခုရနေပြီဖြစ်တဲ့ ဒီမှာ ဟော့ပေါ့ကိုတော့ မေကဗျာက သူမရဲ့ Live မှာ စားပြခဲ့တာပါ။ မိုးမိုးကတော့ မေကဗျာရဲ့အမှာကို လက်ဆောင်အနေနဲ့သွားပေးတာဖြစ်ပေမယ့် မရမက ပိုက်ဆံတွေထိုးထည့်ပေးသွားတဲ့အပြင် Liveမှာပါ စားပြီး ကြော်ငြာပေးတဲ့အတွက် ကျေးဇူး အထူး ပါ လို့ သူ့ရဲ့အကောင့်ကနေ တစ်ဆင့်ကျေးဇူးတင်ကြောင်းပြောလာခဲ့သလို အဆိုတော်မိုးမိုး၏ဇနီးဖြစ်သူမှလည်း “ပျော်တာပေါ့ ဒီမှာ hot pot အခုထိ orderမှာတာ ရပ်သေးဘူးနော် အမ မေကဗျာ ကျေးဇူးပါ 🙏🙏🙏 အမကို ချစ်တဲ့ ပရိတ်သတ်တွေ ဒီမှာ hot pot ကိုမှာတာ ညတွင်းချင်းမှာတဲ့သူတွေလဲ အများကြီး ချက်ချင်းလုပ်ပေးရတယ် နော် အမစားတာကြည့်ပြီး စားချင်လို့ပါဆိုတော့ 😀😀😀 မနက်ဖြန်အတွက် order ပွဲ ၇၀ ကျော်ရှိပြီ အခုထိ အိမ်ကို ချက်ချင်းလာယူလို့လာယူကြ အမမှာတဲ့အတိုင်းပို့ပေးပါ ဆိုတာတောင် ရှိတယ် နော်😍😍😍

ကျေးဇူးအရမ်းတင်တယ် liveလွှင့်ပြီး စားပြပြီးရောင်းပေးတာ အကူအညီမတောင်းပဲ လုပ်ပေးတာ အမliveကိုကြည့်ပြီး မျက်ရည်တောင်ဝဲတယ် 😘😘😘 ကိုယ်တွေ မိသားစုကို ကူညီပေးတာ ကျေးဇူးပါအမ 🙏🙏🙏” ဆိုပြီးတော့ မေကဗျာအား ကျေးဇူးအထူးတင်ကြောင်းကို ရေသားပြောကြားလာခဲ့ပါတယ်နော်။ ပရိသတ်ကြီးရေ ကိုဗစ်ကာလ အခက်အခဲကြားမှာ အဆင်ပြေအောင် အတတ်နိုင်ဆုံး ရုန်းကန်လုပ်ဆောင်နေခဲ့ကြရတဲ့ မိုးမိုးတို့မိသားစုလေးအပေါ်မှာ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ liveလွှင့်စားပြကာ ကြော်ငြာပေးသွားတဲ့ ပြည်သူချစ် မင်းသမီးချောလေး မေကဗျာရဲ့ စိတ်စေတနာနဲ့ ကူညီတတ်မှုကတော့ တကယ့်ကို အတုယူလေးစားဖို့ ကောင်းပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *

9 + 1 =