အိပ်ရာထက်မှာ ညှို့အားပြင်းတဲ့ အလှတွေနဲ့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ပို့စ်လေးတွေ ပေးနေတဲ့ နန်းသီရိမောင်

ဆက်စီ Model တစ်ယောက်အဖြစ် ရပ်တည်နေသူကတော့ Model မလေး နန်းသီရိမောင် ပဲ ဖြစ်ပါတယ်။ သူမဟာ ညှို့အား ပြင်းလွန်းတဲ့ မျက်ဝန်းလေးတွေက ပုရိသတွေရဲ့ အသည်းတစ်ခုလုံးကို ဖမ်းစားထားနိုင်တာပဲ ဖြစ်ပါတယ်။ ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးလေးကလည်း Gym ဆော့စရာမလိုအောင်ကို မိုက်လွန်းနေတာပါ။

နန်းသီရိမောင်ဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူမဟာ ဘာသာရေး လည်း ကိုင်းရှိုင်းလွန်းသူ တစ်ယောက် ဖြစ်တာကြောင့် မကြာခဏဆိုသလို တရားစခန်းတွေ ဝင်ရောက်လေ့ ရှိတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် မိခင်ဖြစ်သူကို အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ သမီး အလိမ္မာလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

အမိုက်စားပုံရိပ်လေးတွေကိုလည်း ဝေမျှလေ့ရှိရာ အခုတစ်ခါ မှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိပ်ရာထက်မှာညှို့အားပြင်းတဲ့ အလှတွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ပို့စ်လေးတွေပေးနေတဲ့ နန်းသီရိမောင်ရဲ့ အမိုက်စားပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမကတော့ အနက်ရောင်ဂါဝန်လေးနဲ့ အထာကျနေတာပဲဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nang Thiri Maung’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

one × four =