အခုချိန်ထိ ကလေးလေးလို ချစ်စရာကောင်းမြဲဖြစ်တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး “မေသက်ခိုင်”

Posted on

မင်္ဂလာပါ ပရိသတ်ကြီးရေ ချစ်စရာကောင်းပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့ တချိန်က ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မေသက်ခိုင်ကိုတော့ ပရိသတ်ကြီးအားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်နော်။ မေသက်ခိုင်ဟာ ဆိုရင် ရုပ်ရှင်ကားကြီးများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့သလို သီချင်းများစွာမှာလည်း သရုပ်ဆောင် ခဲ့သူ တစ် ဉီးဖြစ်ပါတယ်။ သူမရဲ့ချစ်စရာဟန်ပန်လေးနဲ့ သရုပ်ဆောင် ပီပြင်မှုတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး နိုင်ငံခြားမှာ သွားရောက်နေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါ တယ်။

အခုနောက်ပိုင်းမှာ မေသက်ခိုင်ဟာ အနုပညာလှုပ်ရှားမှုတွေ မရှိတော့ဘူး ဆိုပေမယ့် သူမက ချစ်ရပြီး သူမကိုချစ်ကြသော ပရိသတ်များအတွက် သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘုတ်စ်စာမျက်နှာထက်က နေပြီးတော့ သူမရဲ့နေ့စဉ်ဘဝ လှုပ်ရှားမှုလေးတွေ ပုံရိပ်လေးတွေကို ရံဖန်ရံခါတင်ပေးလေ့ရှိတာ ပဲဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း သရုပ်ဆောင် မေသက်ခိုင်က သူမကို လွမ်းနေကြတဲ့ ချစ်ပရိသတ် တွေအတွက် သူမရဲ့ လက်ရှိ ပုံရိပ်လေးကို မျှဝေပေးလာပြန်ပါတယ်နော်။

မေသက်ခိုင်ကတော့ အသက်အရွယ် တစ်ခုကို ရောက်လာခဲ့ ပြီဆိုပေမယ့် အရင်အတိုင်း မပြောင်းလဲပဲ ချစ်စရာကောင်းကာ နုပျိုနေဆဲ ဖြစ်တာကို တွေ့ရပါတယ်နော်။ မေသက်ခိုင်ကို ချစ်ကြသော ပရိသတ်ကြီးများအတွက် မေသက်ခိုင်ရဲ့ လက်ရှိပုံရိပ်လေးကို မျှဝေပေးလိုက် ပါတယ်နော်။

crd

zawgyi


