အသက်(၇၅) ကျော် ပေမယ့် ယနေ့တိုင် ပဲပြုတ် အရောင်း မပျက်သေးတဲ့ အဖိုးအဖွား စုံတွဲ
|အသက်(၇၅) ကျော် ပေမယ့် ယနေ့တိုင် ပဲပြုတ် အရောင်း မပျက်သေးတဲ့ အဖိုးအဖွား စုံတွဲ
ပရိသတ်ကြီးရေ အသက်ကြီး ပေမယ့် တစ်ဦးအပေါ် တစ်ဦးသစ္စာမပျက်ဘဲ မောင်တထမ်းမယ်တရွက်လုပ်ကိုင်စားသောက်နေတဲ့ အဖိုးနဲ့ အဖွားအကြောင်းလေး ဖော်ပြပေးလိုက်ပါတယ်နော်။
ချမ်းသာမှု မရှိကြပေမယ့် အိမ်ထောင်ဖက် တစ်ဦးထက် ပိုတဲ့ ဘဝအဖော်မွန်ကောင်း တစ်ဦးရဲ့ ဖေးကူမမှုတွေနဲ့အပေးအယူမျှပြီး စိတ်ချမ်းသာနေတဲ့ဒီ အဖိုးနဲ့ အဖွားရဲ့ အိမ်လေးဟာဖြင့်သေးငယ်ပြီး မထည်ဝါသည့်တိုင် မေတ္တာတွေ လွှမ်းခြုံတဲ့ အိမ်လေးပါပဲ။နှလုံးသားတွေ နွေးထွေးလုံခြုံစေတဲ့ အိမ်ဖြစ်နေ မှာ ဧကန်မလွဲ ပါပဲ… မနက်ဆို မိန်းမ ပဲပြုတ်သည် အသံတွေကြားမှာ ပဲပြုတ် နံပြား…ဆိုတဲ့ အဘ အသံကြားပြီဆို ပြေး ပြေးဝယ်ရတာ အမော။အရင်ကတော့ အဖွားက အော်ပေးတာပါ …အခုနောက်ပိုင်း အဘ ကိုယ်တိုင် အော်နေပြီလေ …သူတို့လင်မယားကို သဘော ကျတယ် ။
မလှိုင်နားရွာတစ်ရွာက ဇာတိ တဲ့ သားထောက်သမီးခံ မရှိ ။အဘ အသက် ၈၄ နှစ် အဖွားအသက် ၇၆ နှစ် တဲ့ သူတို့ကို မြင်တိုင်းတွေး မိတာ တစ်ကယ့်ကို မောင်တထမ်း မယ်တရွက်ပါပဲ။
crd : panpyoelat