ချစ်စဖွယ် အမူအရာလေးတွေ နဲ့ အသည်းယား ဖွယ်ကောင်းအောင် ရိုက်ထား တဲ့ ခန့် ရဲ့ ဗီဒီယိုလေး





unicode

ပရိသတ်ကြီးရေ……တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ် ပေမယ့် အနုပညာအရည်အချင်း ပြည့်ဝတာကြောင့် ပရိသတ်အားပေးမှုကို အချိန်ခဏလေးအတွင်း ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ သူမဟာ Mrtv-4ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်း တွဲလေးမှာ အတွင်းရေးမှူးမလေး ရှေးရေစက် အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်နော်။

ချစ်စရာအပြုံးချိုချိုလေးတွေအပြင် သိမ်မွေ့ငြင်သာတဲ့ အပြုအမူ လေးတွေပိုင်ဆိုင်ထားတဲ့ ခန့်ကို ပရိသတ်တွေက အချစ်ပိုပြီးရင်းပိုနေကြတာပါ….။သူမဟာ အခုဆိုရင်လည်း အနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပြီး အားလပ်ချိန်လေးတွေမှာလည်း tik tokဗီဒီယိုလေးတွေ ရိုက်လေ့ ရှိပါတယ်နော်။

မကြာသေးမီကလည်း ခန့်ဟာသူမရဲ့ Facebook စာမျက်နှာလေးမှာ ချစ်စဖွယ် အမူအရာလေးတွေနဲ့ သီချင်းတီးလုံးလေးတွေအတိုင်း ရိုက်ထားတဲ့ ဗီဒီယိုလေးတွေကို “ခန့် TikTok လေးတွေကို လွမ်းနေတဲ့ ခန့် ချစ်ရတဲ့ Vitamins လေးတွေအတွက် ” ဆိုတဲ့ captionလေးနဲ့ တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Source& video Credit-Khant Thiri Zaw’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

5 × 2 =