ကိုဗစ်ကာလ မှာ ရောဂါ ကြောက်ပေမယ့် ငတ်သေမှာပိုကြောက်တော့ မိသားစုစားဝတ်နေရေး အတွက် ဆိုင်ကယ်ကယ်ရီ ထွက်ဆွဲနေရတယ်လို့ ရင်ဖွင့်လာတဲ့ ဟာသလူရွှင်တော် လန်ဒန်




unicode

ပရိတ်သတ်ကြီးရေ တစ်ခေတ် တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ လူရွှင်တော်လန်ဒန်ကိုတော့ ပရိတ်သတ်ကြီးသိပြီးသားဖြစ်မှာပါနော်။ ယခုလို Covid ကာလမှာ ဇာတ်သဘင်လောက အနေနဲ့ လည်းအခက်အခဲဖြစ်ပေါ်နေတာကြောင့် လူရွှင်တော် များ အနေနဲ့ လည်း စားရေးသောက်ရေးအခက်အခဲတွေ ဖြစ်နေရတာပါ။လူရွှင်တော်လန်ဒန် တစ်ယောက်အနေနဲ့ လည်း Covid ကာလမှာ စားဝတ် နေရေးအခက်အခဲ ကြောင့် ဆိုင်ကယ် Taxi ထွက်ဆွဲ နေရပုံ တွေကို အခုလိုပဲ ရင်ဖွင့်လာပါတယ်

အနုပညာသမား တစ်ယောက် ဆိုင်ကယ် ကယ်ရီ ဆွဲနေရပေမယ့် မရှက်ပါဘူး။ ပြောချင်ရင် ပြော ကဲ့ရဲ့ တဲ့သူ ရှိရင် ကဲ့ရဲ့ ကြပါစေ…ကျနော့် ဘဝ ကျနော်ပဲ သိတယ်။ကျနော့် မိသားစု အတွက် ကျနော် ပဲ သိတာပါ။ ရိုးသားမှု နဲ့ သမာအာဇီဝ လုပ်စားတာပါ။ COVID-19 ရောဂါ ကြောက်ပေမယ့် ငတ်သေမှာကြောက်တော့ အလုပ် လုပ် နေရတယ်” လို့ ပြောလာတာပါ ။

ဟုတ်ကဲ့ပါပရိတ်သတ်ကြီးရေ COVID ကပ်ဘေး ကြောင့် လူတွေ တော်တော်များများ အလုပ်လက်မဲ့ ဖြစ်နေချိန်မှာ လူရွှင်တော်လန်ဒန်တစ်ယောက်လည်းစားဝတ်နေရေးအတွက်ဆိုင်ကယ် TAXI ထွက်ဆွဲ နေရတဲ့ အခြေအနေကိုတွေ့မြင်ခဲ့ရတာပါနော်ပရိတ်သတ်ကြီးရေ ။ဖတ်ရှုပေးခဲ့ ကြတဲ့ ပရိတ်သတ်ကြီး အားလုံးကို ကျေးဇူးတင် ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

three × 2 =