လေတိုက်ခတ် မှုကြောင့် ထန်းလက် အချင်းချင်း ပွတ်တိုက် ရာမှ ထန်းပင် အပင် (၁၀ဝ) ခန့် မီးလောင်မှု ဖြစ်

လေတိုက်ခတ် မှုကြောင့် ထန်းလက် အချင်းချင်း ပွတ်တိုက် ရာမှ ထန်းပင် အပင် (၁၀ဝ) ခန့် မီးလောင်မှု ဖြစ်

‌ချောင်းဦး ၂၇ မေ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မကျီးခွကျေးရွာရှိ ရွာပိုင်မြေ (၂)ဧကခန့်တွင် ပေါက်ရောက်နေသော ထန်းပင်များ ယမန်နေ့ မွန်းလွဲပိုင်းက လေတိုက်ခတ်မှု ကြောင့် ထန်းလက် အချင်းချင်း ပွတ်တိုက်ရာမှ ထန်းပင် အပင် ၁၀၀ ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ထန်းပင်များ မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား (၃)စီး၊ မင်းခေါင်ကျေးရွာ၊ တောကျောင်းကြီးကျေးရွာနှင့် သုံးပန်လှကျေးရွာတို့မှ မီးသတ်ကားများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ထန်းပင်များ မီးလောင်မှု ကြောင့် ထန်းပင် အပေါ်ပိုင်း ထန်းရွက်၊ ထန်းလက်၊ ထန်းသီးများ အပါ အဝင် ထန်းပင် အပင်(၁၀ဝ)ခန့် မီးလောင်ကျွမ်း ခဲ့သည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

seventeen + nineteen =