အရင်လိုပဲ လှမြဲအတိုင်း လှနေဆဲဖြစ်တဲ့ တစ်ချိန်ကပရိသတ်အချစ်တော်မင်းသမီးချောလေး “လှအဉ္ဇလီတင့်”

Posted on

မင်္ဂလာပါ ပရိသတ်ကြီးရေ တခေတ် တခါတုန်းက ဇာတ်ကားနှင့် ကြော်ငြာများစွာ ရိုက်ကူးခဲ့ပြီး အောင်မြင်တဲ့ မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မျက်လုံး ဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးနဲ့ ချစ်စရာကောင်းလွန်းသော မင်းသမီးချော လှအဉ္ဇလီတင့်ကိုတော့ ပရိသတ်တွေ မှတ်မှတ်ရရ ရှိနေကြဆဲ ရှိမယ် ထင်ပါတယ်နော်။ သရုပ်ဆောင်မင်းသမီးချော လှအဉ္ဇလီတင့်ဟာ အနုပညာလောကနဲ့ အလှမ်းဝေးနေခဲ့တာ ကြာနေပြီ ဖြစ်တဲ့အပြင် ပရိသတ်ရှေ့ကပျောက်နေခဲ့တာမို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ မင်းသမီးလေး လှအဉ္ဇလီတင့် တစ်ယောက် ဘာတွေလုပ်နေသလဲ သိချင်နေကြမှာ အမှန်ပါပဲ။

သရုပ်ဆောင် လှအဉ္ဇလီတင့်ဟာ ဆိုရင် ဝိုင်းစက်စက် မျက်ဝန်းလေးနဲ့ နှင်းဆီဖူးလို နှုတ်ခမ်းလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်လှအဉ္ဇလီတင့်ဟာ သူမရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ဇာတ်ကားပေါင်းများစွာ ကြော်ငြာပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးနောက် အောင်မြင်နေဆဲ ကာလမှာပဲ အနုပညာ အလုပ်မှန်သမျှကို လုံးဝရပ်နားလိုက်တဲ့အတွက် ပရိသတ်တွေမှာ သူတို့ချစ်သော မင်းသမီးကို သတိရတမ်းတကာ နှမြောတသ ဖြစ်ခဲ့ကြရတာပဲဖြစ် ပါတယ်။

ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း လှအဉ္ဇလီတင့်က စားသောက်ကုန် လုပ်ငန်းလုပ်ကိုင်ကာ ပရိသတ်တွေနဲ့ ပြန်လည် ထိတွေ့လာ ခဲ့ပြီး သူမရဲ့ “ရွှေစိတ်ပျော်သုပ်”ဟာ ဆိုရင်လည်း လူအများကြားမှာ တမ်းတမ်းစွဲ ဖြစ်ကြရတဲ့အထိ မှာယူစားကြတာကို တွေ့ရပါတယ်နော်။ မင်းသမီးတစ်ယောက် အဖြစ်ကို စွန့်လွှတ်ပြီးနောက် ကိုယ်ရေး ကိုယ်တာ ကိစ္စတွေနဲ့ ပတ်သက်ရင် ထွေထွေထူးထူး ဝေမျှပေးလေ့ ပြောလေ့ မရှိတော့တဲ့ လှအဉ္ဇလီတင့်ကတော့ ဒီကနေ့မှာတော့ ထူးထူးခြားခြားဆိုသလို သူမရဲ့ လက်ရှိပုံရိပ်လေးတွေကို သူမကိုချစ်ကြသော သူမက ချစ်ရသော ပရိသတ်များအတွက် မျှဝေပေးလို့ လာတာကို တွေ့ရပါတယ်နော်။

ပရိသတ်အချစ်တော် မင်းသမီးလှအဉ္ဇလီတင့်က လက်ရှိအသက်အရွယ်မှာလည်း နုနယ်ငယ်ရွယ်စဉ် မင်းသမီးဘဝက အတိုင်း လုံးဝန်းဝိုင်းစက်ကာ တောက်ပရွှန်းလဲ့သော မျက်ဝန်းလေးတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အရင်အတိုင်းလှနေဆဲ ဖြစ်တာကို အခုလိုပဲတွေ့ရပါတယ်။လှအဉ္ဇလီတင့် ကတော့ တစ်ကိုယ်တည်း အပူအပင်မရှိတဲ့ဘဝမှာ စိတ်ချမ်းသာနေပြီး တစ်နေ့ထက် တစ်နေ့ ပိုလှလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လှအဉ္ဇလီတင့်ရဲ့ လက်ရှိ ပုံရိပ်လေးတွေကိုကြည့်ရှုပြီး တချိန်က ချစ်ခဲ့ ကြည့်ခဲ့ရတဲ့ အချစ်တော်မင်းသမီးချော လှအဉ္ဇလီတင့်ရဲ့ ဇာတ်ကားတွေ ကြော်ငြာတွေကို အမှတ်ရကာ တမ်းတ သတိရနေမိ ကြမိလိမ့်မယ် ထင်ပါတယ်နော်။

crd