ႏိုင္ငံေက်ာ္မင္းသား တစ္ေယာက္ျဖစ္ၿပီးလႉဒါန္း ကူညီေပးမႈမရွိဘူးလို႔ေဝဖန္မႈ အေပၚ တုံ႔ျပန္လာတဲ့ ပိုင္တံခြန္

ပိုင္တံခြန္ကေတာ့ မိန္းကေလး ပရိတ္သတ္ေတြရဲ႕အခိုင္အမာ အားေပးမႈကိုရရွိထားသူပါ။ က်ယ္ျပန႔္တဲ့ရင္အုပ္နဲ႔ ဆြဲေဆာင္မႈရွိတဲ့ တက္တူးေတြေၾကာင့္ ႏိုင္ငံျခားသူေတြၾကားမွာပါ ေရပန္းစား နာမည္ႀကီးတဲ့ မင္းသားေခ်ာဘဲျဖစ္ပါတယ္။ ပိုင္တံခြန္က အႏုပညာ အလုပ္ေတြကိုမနားတမ္းလုပ္ကိုင္ရာကေန လက္ရွိအေျခအေနေၾကာင့္ အိမ္မွာဘဲ အနားယူေနရပါတယ္။ အိမ္မွာေနရင္း ပန္းခ်ီဆြဲ၊တေယာထိုးရင္းနဲ႔ ဘုရားတရားကိုပိုလုပ္ျဖစ္ေနတယ္ဟုဆိုလာပါတယ္။

ကဗ်ာေလးေတြလည္းေရး တတ္တဲ့ ပိုင္တံခြန္ဟာ သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာကဗ်ာစာသားေလးေတြနဲ႔ ပုံေလးေတြကိုပရိတ္သတ္အတြက္တင္ေပးေလ့ရွိပါတယ္။ အားလုံးသိၾကတဲ့အတိုင္း ကူးစက္ေရာဂါေၾကာင့္ အခက္အခဲျဖစ္သူေတြမ်ားျပားလ်က္ရွိၿပီး အႏုပညာရွင္မ်ားက တတ္ႏိူင္သေလာက္လႉဒါန္းေနတဲ့ သတင္းေတြကိုပရိတ္သတ္ေတြေတြ႕ရမွာပါ။

ပိုင္တံခြန္ ရဲ႕ ပရိတ္သတ္အခ်ိဳ႕ကေတာ့ ယခုလိုၾကပ္တည္းေနခ်ိန္မွာနာမည္ႀကီး တစ္ေယာက္အေနနဲ႔ ဘာအလႉမွမလုပ္ေပးဘူးလို႔ေဝဖနိမႈေတြကိုခံစားခဲ့ရပါတယ္ ။ပိုင္တံခြန္က” အခုေနာက္ပိူင္ လႉဒါန္းတာေတြကို သိပ္မတင္ေတာ့ဘူး လႉတာတင္ လည္းဆဲတဲ့သူကဆဲတာဘဲ ၿပီးေတာ့ ဘာလႉတယ္ညာလႉတယ္ဆိုၿပီး ေျပာျပေနဖို႔မလိုဘူးလို႔ဘဲသတ္မွတ္တယ္ လာေျပာတယ္ ေတာ္ေတာ္မ်ားမ်ား မလႉဘူးေပါ့ႏိုင္ငံေက်ာ္ျဖစ္ေနၿပီး သူတို႔အဲ့လိုေျပာလို႔လည္း လႉျပမွာမဟုတ္ပါဘူး ကြၽန္ေတာ္ သီးသန႔္ႀကီးျပင္ဆင္ၿပီး လႉေပးတာမရွိေပမယ့္ လိုအပ္တာေတြ ေတြ႕ေနရင္ ျမင္ေနရတာအဆင္မေျပရင္လႉေပးလိုက္တာဘဲ အဲ့အေပၚမွာစိတ္သန႔္တယ္ “ဟုေျပာျပလာပါတယ္။

ပိုင္တံခြန္လို႔ပရိတ္သတ္ေတြ သတိထားမိၿပီး ထိုင္းဘက္ထိပါေအာင္ျမင္ခဲ့တဲ့အခ်ိန္တုန္းက မိခင္ျဖစ္သူကို ေငြအထုပ္လိုက္နဲ႔ ကန္ေတာ့ခဲ့ပုံကို လူမႈကြန္ရက္ေပၚ တင္ခဲ့ပါဖူးပါတယ္။ မိဘကို ကန္ေတာ့တဲ့ပုံျဖစ္ေပမယ့္လည္း မလိုသူပရိတ္သတ္ အခ်ိဳ႕ရဲ႕ ဆဲဆိုတိုက္ခိုက္မႈကိုလည္းခံခဲ့ရဖူးပါတယ္။ အဲ့တာေၾကာင့္ ဘဲ ပိုင္တံခြန္က သူ႔ရဲ႕ အလႉဒါနျပဳပုံေတြကိုပရိတ္သတ္ေတြဆီ မခ်ျပဘူးလို႔ေတာ့ထင္ပါတယ္။

crd : panpyoelat

unicode

ပိုင်တံခွန်ကတော့ မိန်းကလေး ပရိတ်သတ်တွေရဲ့အခိုင်အမာ အားပေးမှုကိုရရှိထားသူပါ။ ကျယ်ပြန့်တဲ့ရင်အုပ်နဲ့ ဆွဲဆောင်မှုရှိတဲ့ တက်တူးတွေကြောင့် နိုင်ငံခြားသူတွေကြားမှာပါ ရေပန်းစား နာမည်ကြီးတဲ့ မင်းသားချောဘဲဖြစ်ပါတယ်။ ပိုင်တံခွန်က အနုပညာ အလုပ်တွေကိုမနားတမ်းလုပ်ကိုင်ရာကနေ လက်ရှိအခြေအနေကြောင့် အိမ်မှာဘဲ အနားယူနေရပါတယ်။ အိမ်မှာနေရင်း ပန်းချီဆွဲ၊တယောထိုးရင်းနဲ့ ဘုရားတရားကိုပိုလုပ်ဖြစ်နေတယ်ဟုဆိုလာပါတယ်။

ကဗျာလေးတွေလည်းရေး တတ်တဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့ ဖေ့စ်ဘုတ်မှာကဗျာစာသားလေးတွေနဲ့ ပုံလေးတွေကိုပရိတ်သတ်အတွက်တင်ပေးလေ့ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကူးစက်ရောဂါကြောင့် အခက်အခဲဖြစ်သူတွေများပြားလျက်ရှိပြီး အနုပညာရှင်များက တတ်နိူင်သလောက်လှူဒါန်းနေတဲ့ သတင်းတွေကိုပရိတ်သတ်တွေတွေ့ရမှာပါ။

ပိုင်တံခွန် ရဲ့ ပရိတ်သတ်အချို့ကတော့ ယခုလိုကြပ်တည်းနေချိန်မှာနာမည်ကြီး တစ်ယောက်အနေနဲ့ ဘာအလှူမှမလုပ်ပေးဘူးလို့ဝေဖနိမှုတွေကိုခံစားခဲ့ရပါတယ် ။ပိုင်တံခွန်က” အခုနောက်ပိူင် လှူဒါန်းတာတွေကို သိပ်မတင်တော့ဘူး လှူတာတင် လည်းဆဲတဲ့သူကဆဲတာဘဲ ပြီးတော့ ဘာလှူတယ်ညာလှူတယ်ဆိုပြီး ပြောပြနေဖို့မလိုဘူးလို့ဘဲသတ်မှတ်တယ် လာပြောတယ် တော်တော်များများ မလှူဘူးပေါ့နိုင်ငံကျော်ဖြစ်နေပြီး သူတို့အဲ့လိုပြောလို့လည်း လှူပြမှာမဟုတ်ပါဘူး ကျွန်တော် သီးသန့်ကြီးပြင်ဆင်ပြီး လှူပေးတာမရှိပေမယ့် လိုအပ်တာတွေ တွေ့နေရင် မြင်နေရတာအဆင်မပြေရင်လှူပေးလိုက်တာဘဲ အဲ့အပေါ်မှာစိတ်သန့်တယ် “ဟုပြောပြလာပါတယ်။

ပိုင်တံခွန်လို့ပရိတ်သတ်တွေ သတိထားမိပြီး ထိုင်းဘက်ထိပါအောင်မြင်ခဲ့တဲ့အချိန်တုန်းက မိခင်ဖြစ်သူကို ငွေအထုပ်လိုက်နဲ့ ကန်တော့ခဲ့ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါဖူးပါတယ်။ မိဘကို ကန်တော့တဲ့ပုံဖြစ်ပေမယ့်လည်း မလိုသူပရိတ်သတ် အချို့ရဲ့ ဆဲဆိုတိုက်ခိုက်မှုကိုလည်းခံခဲ့ရဖူးပါတယ်။ အဲ့တာကြောင့် ဘဲ ပိုင်တံခွန်က သူ့ရဲ့ အလှူဒါနပြုပုံတွေကိုပရိတ်သတ်တွေဆီ မချပြဘူးလို့တော့ထင်ပါတယ်။

Add a Comment

Your email address will not be published.

3 × 1 =