အျပစ္တင္တာ မဟုတ္ပါ၊ လူႀကီးမ်ား သိဖို႔ ပါ၊ လႈိင္သာယာ က Q စင္တာတဲ့

လႈိင္သာယာ အ ထ က ၁ quarantine center ျပင္ဆင္ထားပုံပါ စာေရးခုံႏွစ္ခုံပဲခ်ေပးထားတယ္ လွ်ပ္စစ္ပလပ္ေပါက္မရွိ အိမ္သာက အမ်ားသုံး မိသားစုအိမ္ကို lockdown လုပ္ထားတာမွ ပိုစိတ္ခ်ရေသးတယ္ ျခင္ေထာင္၊ေစာင္၊ ေခါင္းအုံးမရွိ ၊ ေန႔ခင္းေၾကာင္ ေတာင္ေတာင္ ျခင္အေတာ္ကိုက္ေနတယ္ သိရပါတယ္

အစားစာနဲ႔ေရ ပိုဆိုးႏိုင္ေျခ ရွိ ဒီအေျခအေနကို သက္ႀကီး႐ြယ္အို နဲ႔ ကိုယ္ဝန္ေဆာင္ မိခင္ေတြ ဘယ္လိုျဖတ္သန္းမလဲ သက္ဆိုင္ရာ ေဆး႐ုံအုပ္ေတြ ရပ္ကြက္ဥကၠဠ ၊ရာအိမ္မႈးေတြ ‌ကိုဆက္သြယ္ထားတဲ့ အသံဖိုင္မွတ္တမ္းေတြရွိပါတယ္။ ဘယ္သူမွ ဒီအေျခအေနကို မသိၾကဘူး အံ့ဩစရာပါ အမ်ားနဲ႔ မို႔ ႏိုင္ငံေတာ္က မျဖည့္ဆည္းႏိုင္တာကို လက္ခံလို႔ရပါတယ္ ဒါေပမယ့္ ဘာေတြလိုအပ္တယ္၊ ယူခဲ့ပါဆိုတာမ်ိဳးေတာ့ မွာသင့္တယ္ထင္ပါတယ္။

သက္ဆိုင္ရာ MOHS မွ အႀကီးအကဲမ်ား Updated သတင္းမ်ား ဆက္လက္ေပးပို႔ေနပါမည္။

source : Win Ko Lwin

unicode

လှိုင်သာယာ အ ထ က ၁ quarantine center ပြင်ဆင်ထားပုံပါ စာရေးခုံနှစ်ခုံပဲချပေးထားတယ် လျှပ်စစ်ပလပ်ပေါက်မရှိ အိမ်သာက အများသုံး မိသားစုအိမ်ကို lockdown လုပ်ထားတာမှ ပိုစိတ်ချရသေးတယ် ခြင်ထောင်၊စောင်၊ ခေါင်းအုံးမရှိ ၊ နေ့ခင်းကြောင် တောင်တောင် ခြင်အတော်ကိုက်နေတယ် သိရပါတယ်

အစားစာနဲ့ရေ ပိုဆိုးနိုင်ခြေ ရှိ ဒီအခြေအနေကို သက်ကြီးရွယ်အို နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ ဘယ်လိုဖြတ်သန်းမလဲ သက်ဆိုင်ရာ ဆေးရုံအုပ်တွေ ရပ်ကွက်ဥက္ကဠ ၊ရာအိမ်မှုးတွေ ‌ကိုဆက်သွယ်ထားတဲ့ အသံဖိုင်မှတ်တမ်းတွေရှိပါတယ်။ ဘယ်သူမှ ဒီအခြေအနေကို မသိကြဘူး အံ့ဩစရာပါ အများနဲ့ မို့ နိုင်ငံတော်က မဖြည့်ဆည်းနိုင်တာကို လက်ခံလို့ရပါတယ် ဒါပေမယ့် ဘာတွေလိုအပ်တယ်၊ ယူခဲ့ပါဆိုတာမျိုးတော့ မှာသင့်တယ်ထင်ပါတယ်။

သက်ဆိုင်ရာ MOHS မှ အကြီးအကဲများ Updated သတင်းများ ဆက်လက်ပေးပို့နေပါမည်။

source : Win Ko Lwin

Add a Comment

Your email address will not be published. Required fields are marked *

12 + 3 =